News

“အရမ်းနာနေပေမယ့် ပိုက်ဆံမပါတဲ့ ဆိုက်ကားသမားမို့ ဆေးခန်းထဲ မဝင်ရဲဘူးတဲ့ လားဗျာ. . .”

ကျွန်တော်…..ဆိုက်ကားသမားပါ 😥😥

ဆေးခန်း ပိတ်ခါနီး အပြင်မှာ…ပါးလေးကိုင်ပြီး ရစ်သီ ရစ်သီနဲ့ မဝင်ရဲ

ဟေး…အကိုကြီး ဘာဖြစ်လို့လဲ??

သွား အရမ်းကိုက်နေလို့…ဘယ်လိုမှ နေလို့မရဘူး 😥

လာ အထဲဝင်ဆိုတော့….

ကျွန်တော်ဆိုက်ကားနင်းတာပါ…ပိုက်ဆံ အများကြီး မပါလို့….အဆင်ပြေပါ့မလား ဗျာ 😥😥

လာ…ခုံပေါ်တက်…သွား အနေအထား မမြင်ရပဲနဲ့…ကျွန်တော်တို့ ဘယ်လောက်ကျမလဲ ပြောမရဘူး

* သူ့ သွားက အတော်အခြေအနေဆိုးနေပြီ…

အံဆုံးသွားပေါ့…နှုတ်မှပဲ ရတော့မဲ့ အခြေအနေဖြစ်နေပြီ 🥺

သွားရဲ့ အခြေအနေကို ရှင်းပြလိုက်တော့…

ကျွန်တော်…အရမ်းနာနေတာ…ခေါင်းတွေပါ ကိုက်နေပြီ…နေလို့ကို မရဘူး….ကျွန်တော့်ကို ကယ်ပေးပါဗျာ 😥😥

စိတ်ချ…ကယ်မှာ…ခဏလေးပဲ စိတ်လျှော့ထား……

ကဲ…ပြီးပါပြီ…ဘယ်လိုနေသေးလဲ??

ဘာမှ မဖြစ်တော့ပါလား…ကျွန်တော် နေလို့ကောင်းသွားပြီ…အရမ်း ကျေးဇူးတင်ပါတယ် 🙏🏻🙏🏻🙏🏻

(လာတုန်းက မျက်ရည်လေးနဲ့ …ခုတော့ ပြုံးပျော်နေလို့ 😍)

ကျွန်တော့်လုပ်တာ…ဘယ်လောက်ကျလဲဟင် 😥

ကျွန်တော်တို့ အကို့သွားဆို…(၄)သောင်း မှ (၆)သောင်းလောက်ထိ ကုန်ကျစရိတ်ရှိတယ်

ဟာ…ကျွန်တော် ဘယ်လိုလုပ်ရမလဲ…ကျွန်တော့်မှာ (၃)(၄)ထောင်ပဲပါတယ် 😥🥺

ဘာမှ စိတ်မပူနဲ့…တပြား တကျပ်မှ မယူဘူး…

ကျွန်တော်တို့ နာကျင်မှုတွေကို ကုသိုလ်ယူ ကုသပေးတာပါဗျာ…

စိတ်မပူနဲ့နော်…ပေးစရာမလိုဘူး 🙏🏻

ဟာ…တကယ်လား…ဝမ်းသာလိုက်တာ…ကျေးဇူးပါ ဆရာနဲ့ဆရာမရယ်…တကယ့်ကို ကျေးဇူးတင်ပါတယ် ခု အရမ်း နေလို့ကောင်းသွားပြီ 🥺

ဆရာနဲ့ဆရာမ ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူးဗျာ…

ရပါတယ်…ဂရုစိုက်ပြီးပြန်နော်

•သြော်…ဆိုက်ကားသမားမို့…ပိုက်ဆံမရှိတော့…နာကျင်နေပေမဲ့ ဆေးခန်းထဲ ဝင်ဖို့ကို မဝင့်မရဲဖြစ်နေရှာတယ်…😥🥺

တကယ့်ကို အဆင်မပြေရင် ကျွန်တော့်… Beautyကို လာပါ…သင်္ကြန်တွင်းလည်း ဖွင့်ထားပေးပါတယ်နော် 🙏🏻

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437

#beautydentalaestheticcenter