ဗဟုသုတ

“ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်နေတဲ့ ကမ္ဘာပေါ်က ထူးဆန်းအံ့ဖွယ် နေရာများ(ရုပ်သံ)”

Unicode

ကမ္ဘာ့နေရာအနှံ့အပြားမှာ သဘာဝလွန်နေရာဒေသတွေဆိုတာက ရှိကြစမြဲပါပဲ။ အဲဒီနေရာတွေမှာ သဘာဝအတိုင်းရှိနေရမယ့်အရာကနေ တစ်ခုခုထူးခြားပြီး

သိပ္ပံပညာကတောင်မဖြေရှင်းနိုင်တဲ့ဖြစ်ရပ်မျိုးတွေဖြစ်နေတဲ့သဘာဝလွန်ဖြစ်ရပ်ဆန်းနေရာတွေလည်းရှိပါတယ်။ဒီတစ်ခါ မှာ တော့ပရိ သတ် ကြီး ကို

က မ္ဘာ ပေါ်မှာ မြေ ဆွဲ အားအလုပ်မလုပ်တဲ့ထူးဆန်း ထွေလာ နေ ရာတွေအ ကြောင်းကို ပြော ပြ သွားမှာပါ။

အပေါ်ကိုပြန်တက်နေတဲ့ ရေတံခွန်

ရေတံခွန်ဆိုတာဟာ အရှိန်အဟုန်နဲ့အောက်ကိုစီးဆင်းနေတဲ့အရာပါ။ ရေတံခွန်မှန်ရင်အောက်ကိုသာဆင်းရပါမယ်။ ဒါပေမယ့် England က ပြောင်းပြန်ရေတံခွန်ကတော့

ရေတွေကအောက်ကိုဆင်းရမယ့်အစား အပေါ်ကို တက်နေတာတွေ့ရပါတယ်။ သူ့ရဲ့ ရေတွေက အပေါ်ကိုတက်နေတဲ့ ဂုဏ်သတ္တိကြောင့် reverse waterfall ဆိုပြီး နာမည်ပေးခံထားရပါတယ်။

ရေတွေအပေါ်ကိုပြန်တက်နေတဲ့လျိုု့ဝှက်ချက်ကတော့ ကျောက်ထုတွေကြားထဲကထွက်လာတဲ့လေတွေက အပေါ်ကစီးဆင်းလာတဲ့ ရေတွေကို ပင့်ပြီးတိုက်နေတာမို့ရေတွေက

ရုပ်သံကြည့်ရန်

အပေါ်ကို ပြန်တက်နေတာပါ။ ရေတံခွန်ကြီးတစ်ခုလုံးကိုတောင်အပေါ်ပြန်တက်အောင် လေတိုက်ပစ်လိုက်တယ်ဆိုတော့ နည်းတဲ့လေအားလား။

အိုရီဂွန်က အံ့ဖွယ်ထူးဆန်းအိမ်

အမေရိကန်နိုင်ငံ Oregon ဟာ ထူးဆန်းအံ့သြစရာတွေနဲ့ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး အဲဒီမှာ တည်ရှိတဲ့အိမ်တစ်လုံးဟာ ဘယ်လိုမှရှင်းမပြနိုင်တဲ့ဖြစ်ရပ်တွေနဲ့

လူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ အဲဒီအိမ်မှာ အပေါ်ဘက်ကနေ အောက်ဘက်ကြမ်းပြင်ကို ပစ္စည်းတစ်ခုခု လှိမ့်ချလိုက်ရင် အဲဒီပစ္စည်းက

လတွေဘာတွေမတိုက်ပဲ နေရင်းထိုင်ရင်းနဲ့ကို အပေါ်ကြမ်းပြင်ကို လိမ့်ပြီးပြန်တက်လာတာပါ။ ပရလောကသားတစ်ယောက်ယောက်က စောင့်ပြီးပြန်တင်ပေးနေတဲ့အတိုင်းပဲလို့မှတ်ချက်တွေပေးခံထားရပြီးအခုထိတော့ အဲဒီအိမ်ရဲ့လျို့ဝှက်ချက်ကို ရှင်းပြနိုင်သူမရှိသေးပါဘူး။

ရုပ်သံကြည့်ရန်

အာမေးနီးယားက တောင်ခြေလမ်းအာမေးနီးယားနိုင်ငံကMount Aragats ရဲ့ တောင်ခြေလမ်းဟာဆိုရင် မြေဆွဲအားကိုဆန့်ကျင်နေတဲ့ အံ့ဖွယ်လမ်းအဖြစ်နာမည်ကြီးပါတယ်။

အဲဒီတောင်ဟာ တူရကီနဲ့ အာမေးနီးယားရဲ့နယ်စပ်မှာတည်ရှိပြီး တောင်ခြေလမ်းမှာ ကားကိုစက်သတ်ပြီး ရပ်ထားလိုက်မယ်ဆိုရင်တောင် ကားက ဆွဲအားတစ်ခုခုရှိနေသလိုမျိုးတောင်အောက်ပြန်မကျပဲ တောင်ပေါ်ကိုသွားတဲ့လမ်းကို လိမ့်သွားမှာပါတဲ့။

ရုပ်သံ ကြည့်ရန်

တောင်ရဲ့အနီးအနားမှာလည်းပြောင်းပြန်စီးနေတဲ့မြစ်တစ်စင်းရှိတယ်လို့သိရပါတယ်။ တောင်တက်တဲ့လူတွေကလည်း တောင်အောက်ကိုပြန်ဆင်းရတာထက်တောင်ပေါ်ကိုတက်ရတာက

ပိုပြီးပေါ့ပါးလွယ်ကူကြောင်းပြောထားကြတာမို့ ဒီတောင်ကတော့ တကယ့်ကိုမြေဆွဲအားကိုဆန့်ကျင်နေတဲ့ အထူးအဆန်းတောင်ပါပဲ။

နီဗားဒါးက Hoover ဆည်

အမေရိကန်ပြည်ထောင်စု Nevada မှာတည်ရှိတဲ့ Hoover အမည်ရဆည်ကြီးမှာလည်း သူ့စွမ်းအားနဲ့သူလို့ဆိုရမှာပါ။ ဆည်ထဲကို ရေဘူးထဲကရေလောင်းချလိုက်မယ်ဆိုရင်

ရေကဆည်ထဲကိုမကျပဲ အပေါ်ကိုလွင့်တက်သွားမယ်လို့သိရပါတယ်။ သိပ်ပြီးမလေးတဲ့ အရာဝတ္ထုတစ်ခုခုကို အပေါ်ကပစ်ချကြည့်မယ်ဆိုရင်လည်း အဲဒီအရာဝတ္ထုကအောက်ကပင့်ပြီးတိုက်တဲ့လေအားကြောင့် လေပေါ်မှာ ပျံနေမှာဖြစ်ပါတယ်။

ရုပ်သံ ကြည့်ရန်

ကျိုက်ထီးရိုးစေတီတော်

ကမ္ဘာ့မြေဆွဲအားအလုပ်မလုပ်တဲ့ အံ့ဖွယ်နေရာတွေထဲမှာ ကျိုက်ထီးရိုးကလည်း တစ်ခုအပါအဝင်ပါပဲ။ ကျိုက်ထီးရိုးဘုရားကြီးဟာ တောင်ထွတ်ပေါ်မှာဘာနဲ့မှမထိပဲ

လေထဲမှာသူ့ချည်းသီးသန့်စံပယ်တော်မူနေတာဖြစ်ပြီး တကယ်တော့ ကျောက်တုံးအကြီးကြီးပေါ်မှာဘုရားရဲ့ဆံတော်ကိုဌာပနာပြီးတည်ထားတဲ့ အံ့ဖွယ်နေရာဆိုရင်လည်းမမှားပါဘူး။

ကျိုက်ထီးရိုးဘုရားကြီးဟာ တောင်ပေါ်ကနေအခုပဲကျသွားတော့မလို တော်ကြာပဲကျသွားတော့မလိုမြင်နေရပေမယ့် တကယ်တမ်းမှာ ကျိုက်ထီးရိုးဘုရားကြီးဟာ

နေရာမှာတင်တည်မြဲနေတာ နှစ်ပေါင်း 2500 ကျော်ခဲ့ပါပြီ။ ကျိုက်ထီးရိုးဘုရားကြီးဟာလည်း နိုင်ငံတကာက သတင်းဌာနတွေစာရင်းပြုစုထားတဲ့ ကမ္ဘာ့မြေဆွဲအားကိုဆန့်ကျင်နေတဲ့ အံ့ဖွယ်နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ရုပ်သံ ကြည့်ရန်

Credit

Zawgyi
ကမာၻ႔ေနရာအႏွံ႔အျပားမွာ သဘာဝလြန္ေနရာေဒသေတြဆိုတာက ရွိၾကစၿမဲပါပဲ။ အဲဒီေနရာေတြမွာ သဘာဝအတိုင္းရွိေနရမယ့္အရာကေန တစ္ခုခုထူးျခားၿပီး

သိပၸံပညာကေတာင္မေျဖရွင္းႏိုင္တဲ့ျဖစ္ရပ္မ်ိဳးေတြျဖစ္ေနတဲ့သဘာဝလြန္ျဖစ္ရပ္ဆန္းေနရာေတြလည္းရွိပါတယ္။ဒီတစ္ခါ မွာ ေတာ့ပရိ သတ္ ႀကီး ကို

က မာၻ ေပၚမွာ ေျမ ဆြဲ အားအလုပ္မလုပ္တဲ့ထူးဆန္း ေထြလာ ေန ရာေတြအ ေၾကာင္းကို ေျပာ ျပ သြားမွာပါ။

အေပၚကိုျပန္တက္ေနတဲ့ ေရတံခြန္

ေရတံခြန္ဆိုတာဟာ အရွိန္အဟုန္နဲ႔ေအာက္ကိုစီးဆင္းေနတဲ့အရာပါ။ ေရတံခြန္မွန္ရင္ေအာက္ကိုသာဆင္းရပါမယ္။ ဒါေပမယ့္ England က ေျပာင္းျပန္ေရတံခြန္ကေတာ့

ေရေတြကေအာက္ကိုဆင္းရမယ့္အစား အေပၚကို တက္ေနတာေတြ႕ရပါတယ္။ သူ႔ရဲ႕ ေရေတြက အေပၚကိုတက္ေနတဲ့ ဂုဏ္သတၱိေၾကာင့္ reverse waterfall ဆိုၿပီး နာမည္ေပးခံထားရပါတယ္။

ေရေတြအေပၚကိုျပန္တက္ေနတဲ့လ်ိဳု႔ဝွက္ခ်က္ကေတာ့ ေက်ာက္ထုေတြၾကားထဲကထြက္လာတဲ့ေလေတြက အေပၚကစီးဆင္းလာတဲ့ ေရေတြကို ပင့္ၿပီးတိုက္ေနတာမို႔ေရေတြက

အေပၚကို ျပန္တက္ေနတာပါ။ ေရတံခြန္ႀကီးတစ္ခုလုံးကိုေတာင္အေပၚျပန္တက္ေအာင္ ေလတိုက္ပစ္လိုက္တယ္ဆိုေတာ့ နည္းတဲ့ေလအားလား။

အိုရီဂြန္က အံ့ဖြယ္ထူးဆန္းအိမ္

အေမရိကန္ႏိုင္ငံ Oregon ဟာ ထူးဆန္းအံ့ၾသစရာေတြနဲ႔ျပည့္ႏွက္ေနတဲ့ ျပည္နယ္တစ္ခုျဖစ္ၿပီး အဲဒီမွာ တည္ရွိတဲ့အိမ္တစ္လုံးဟာ ဘယ္လိုမွရွင္းမျပႏိုင္တဲ့ျဖစ္ရပ္ေတြနဲ႔

လူေတြကိုအံ့အားသင့္ေစခဲ့ပါတယ္။ အဲဒါကေတာ့ အဲဒီအိမ္မွာ အေပၚဘက္ကေန ေအာက္ဘက္ၾကမ္းျပင္ကို ပစၥည္းတစ္ခုခု လွိမ့္ခ်လိုက္ရင္ အဲဒီပစၥည္းက

လေတြဘာေတြမတိုက္ပဲ ေနရင္းထိုင္ရင္းနဲ႔ကို အေပၚၾကမ္းျပင္ကို လိမ့္ၿပီးျပန္တက္လာတာပါ။ ပရေလာကသားတစ္ေယာက္ေယာက္က ေစာင့္ၿပီးျပန္တင္ေပးေနတဲ့

အတိုင္းပဲလို႔မွတ္ခ်က္ေတြေပးခံထားရၿပီးအခုထိေတာ့ အဲဒီအိမ္ရဲ႕လ်ိဳ႕ဝွက္ခ်က္ကို ရွင္းျပႏိုင္သူမရွိေသးပါဘူး။အာေမးနီးယားက ေတာင္ေျခလမ္းအာေမးနီးယားႏိုင္ငံက

Mount Aragats ရဲ႕ ေတာင္ေျခလမ္းဟာဆိုရင္ ေျမဆြဲအားကိုဆန႔္က်င္ေနတဲ့ အံ့ဖြယ္လမ္းအျဖစ္နာမည္ႀကီးပါတယ္။ အဲဒီေတာင္ဟာ တူရကီနဲ႔ အာေမးနီးယားရဲ႕နယ္စပ္မွာတည္ရွိၿပီ

း ေတာင္ေျခလမ္းမွာ ကားကိုစက္သတ္ၿပီး ရပ္ထားလိုက္မယ္ဆိုရင္ေတာင္ ကားက ဆြဲအားတစ္ခုခုရွိေနသလိုမ်ိဳးေတာင္ေအာက္ျပန္မက်ပဲ ေတာင္ေပၚကိုသြားတဲ့လမ္းကို လိမ့္သြားမွာပါတဲ့။

ေတာင္ရဲ႕အနီးအနားမွာလည္းေျပာင္းျပန္စီးေနတဲ့ျမစ္တစ္စင္းရွိတယ္လို႔သိရပါတယ္။ ေတာင္တက္တဲ့လူေတြကလည္း ေတာင္ေအာက္ကိုျပန္ဆင္းရတာထက္ေတာင္ေပၚကိုတက္ရတာက

ပိုၿပီးေပါ့ပါးလြယ္ကူေၾကာင္းေျပာထားၾကတာမို႔ ဒီေတာင္ကေတာ့ တကယ့္ကိုေျမဆြဲအားကိုဆန႔္က်င္ေနတဲ့ အထူးအဆန္းေတာင္ပါပဲ။

နီဗားဒါးက Hoover ဆည္

အေမရိကန္ျပည္ေထာင္စု Nevada မွာတည္ရွိတဲ့ Hoover အမည္ရဆည္ႀကီးမွာလည္း သူ႔စြမ္းအားနဲ႔သူလို႔ဆိုရမွာပါ။ ဆည္ထဲကို ေရဘူးထဲကေရေလာင္းခ်လိုက္မယ္ဆိုရင္

ေရကဆည္ထဲကိုမက်ပဲ အေပၚကိုလြင့္တက္သြားမယ္လို႔သိရပါတယ္။ သိပ္ၿပီးမေလးတဲ့ အရာဝတၳဳတစ္ခုခုကို အေပၚကပစ္ခ်ၾကည့္မယ္ဆိုရင္လည္း အဲဒီအရာဝတၳဳက

ေအာက္ကပင့္ၿပီးတိုက္တဲ့ေလအားေၾကာင့္ ေလေပၚမွာ ပ်ံေနမွာျဖစ္ပါတယ္။

က်ိဳက္ထီး႐ိုးေစတီေတာ္

ကမာၻ႔ေျမဆြဲအားအလုပ္မလုပ္တဲ့ အံ့ဖြယ္ေနရာေတြထဲမွာ က်ိဳက္ထီး႐ိုးကလည္း တစ္ခုအပါအဝင္ပါပဲ။ က်ိဳက္ထီး႐ိုးဘုရားႀကီးဟာ ေတာင္ထြတ္ေပၚမွာဘာနဲ႔မွမထိပဲ

ေလထဲမွာသူ႔ခ်ည္းသီးသန႔္စံပယ္ေတာ္မူေနတာျဖစ္ၿပီး တကယ္ေတာ့ ေက်ာက္တုံးအႀကီးႀကီးေပၚမွာဘုရားရဲ႕ဆံေတာ္ကိုဌာပနာၿပီးတည္ထားတဲ့ အံ့ဖြယ္ေနရာဆိုရင္လည္းမမွားပါဘူး။

က်ိဳက္ထီး႐ိုးဘုရားႀကီးဟာ ေတာင္ေပၚကေနအခုပဲက်သြားေတာ့မလို ေတာ္ၾကာပဲက်သြားေတာ့မလိုျမင္ေနရေပမယ့္ တကယ္တမ္းမွာ က်ိဳက္ထီး႐ိုးဘုရားႀကီးဟာ

ေနရာမွာတင္တည္ၿမဲေနတာ ႏွစ္ေပါင္း 2500 ေက်ာ္ခဲ့ပါၿပီ။ က်ိဳက္ထီး႐ိုးဘုရားႀကီးဟာလည္း ႏိုင္ငံတကာက သတင္းဌာနေတြစာရင္းျပဳစုထားတဲ့ ကမာၻ႔ေျမဆြဲအားကိုဆန႔္က်င္ေနတဲ့ အံ့ဖြယ္ေနရာေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

Credit