News

“စကစ ကို တော်လှန်နေတဲ့ နိုင်ငံကျော်လက်ဝှေ့သမား တူးတူး(နဂါးမာန်)အပါအဝင် (၆) ဦး ဖမ်းဆီးခံရ”

နိုင်ငံကျော်လက်ဝှေ့သမား တူးတူး(နဂါးမာန်)အပါအဝင် ၆ ဦးကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းချောင်းမြောက်ဘက်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဧပြီ (၁၀)ရက်၊ မနက် (၁၁)နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ပစ္စည်းတွေနဲ့ပါ ဖမ်းဆီးရမိတယ်လို့ ဆိုကြပေမဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

“တူးတူးတို့က စစ်ကောင်စီကိုတော်လှန်နေတယ်ဆိုတာလူသိကြတော့ သူတို့ဘက်ကလည်းလိုက်ဖမ်းချင်နေတာပဲ။ ငဖဲ၊ စေတုတ္ထရာဘက်မှာလည်း လိုက်ဖမ်းသေးတယ်၊ သူလွတ်သွားတာ။ ဒါကိုစကုဘက်ကသိတဲ့သူကသတင်းပေးလိုက်တယ်ထင်ပါတယ်။ စကုစခန်းကဝင်ဖမ်းတာ”လို့ စကုဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တူးတူး(နဂါးမာန်)နဲ့ အဖွဲ့ဝင်တွေကို စကုစစ်တပ်စစ်ကြောရေးမှာစစ်ဆေးနေတယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

လက်ဝှေ့သမား တူးတူးဟာ စစ်ကောင်စီကိုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့သလို အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွပါဝင်နေသူဖြစ်ပါတယ်။

ဓာတ်ပုံ – Too Too တူးတူး‌(နဂါးမာန်)

#ဘီဘီစီမြန်မာပိုင်း #တူးတူး(နဂါးမာန်) #လက်ဝှေ့သမား #မင်းဘူးစကု