ဗဟုသုတ

“ထမင်းပေါင်းအိုးနဲ့ချက်တိုင်း သိုးလွယ်လို့ ထမင်းမသိုးအောင် ဘယ်လိုလုပ်ရမလဲ ဆိုသူတွေအတွက် နည်းလမ်းလေး”

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။















Credit @ Khin San Wai

Unicode

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေး ဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ …

ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေ

ကိုယ်လည်း အဲ့ဒုက္ခကို တော်တော်ခံစားခဲ့ရတာ ဘယ်လောက်ဆိုးသလဲဆို မနက်ပိုင်းချက်ထားတဲ့ထမင်းကို ညနေမမှောင်ခင်အပြေအလွှားစားမှ မှီတယ်

မဟုတ်ရင် စားခါနီးကျ ထမင်းက သိုးရော ၊ ထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာ

အဲ့လိုဖြစ်ပေါင်းများလို့ ခေါင်းဆွဲပြုတ်နဲ့ ညားရတာ အခါခါပါပဲ

ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ ဆန်ဆေးရင် ဆန်ကို သေချာပြောင်အောင်ဆေးရမယ် ပြီးရင် ထည့်ချက်မယ့် ရေ ကလည်း သန့်ရမယ်

ပြီးရင် အိုးကလည်း သန့်ရမယ်လို့ အမြဲမှတ်ထားပါတယ် ခဏခဏသိုးတဲ့အိုးကို အရင်ဆုံးရေထည့်ပြီး ပွက်ပွက်ဆူနေအောင်တည်ပြီး ပိုးသတ်ပါတယ်

ပြီးရင် အဲ့ရေနွေးကိုသွန်ပြီး အိုကို‌ အခြောက်ခံပြီး ဆားနဲ့ နာနာတိုက်ပါတယ်

ကိုယ်တော့ နာရီဝက်လောက်ကို ထိုင်‌တိုက်တာ ၊ အိုးမှာရှိတဲ့ဂျေးတွေက ဆားနဲ့အတူပါသွားပြီး ဆားက မဲညစ်ညစ်အရောင် ပြောင်းသွားလိမ့်မယ်

ကိုယ်စိတ်ကျေနပ်လောက်တဲ့ အနေအထားရောက်ရင် ပန်ကန်ဆေးအစိမ်းဖတ်ထဲ ဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ၊ အဲ့ဒါဆိုရင် မသိုးတော့တဲ့အိုး ဖြစ်သွားပါလိမ့်မယ်

ကိုယ်တော့ အဲ့လိုလုပ်ပြီးကတည်းက ထမင်းမသိုးတော့တာ , နှစ်ရက်လောက်ထားလဲ ထမင်းက နဂိုအတိုင်းလေးပဲ

တစ်ခါတလေ နှစ်ညအိပ်တွေ ဘာတွေတောင်ဖြစ်ကုန်တာ ၊ ဒါတောင် မသိုးတော့ဘူး

အားလုံးလည်းအဆင်ပြေကြပါစေရှင့် ။ ကိုယ်အဆင်ပြေတဲ့နည်းလေးကို ပြန်မျှဝေပေးတာပါရှင်။

စာရှည်သွားရင်sorryပါ

Credit @ Khin San Wai