ဗဟုသုတ

“အောက်ပြည် အောက်ရွာက ဒုတိယ ပုဂံလို့ တင်စားကြတဲ့ မြောင်းမြ မြို့ဟောင်း အကြောင်း”

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

အေၾကပုဂံ ေအာက္ျပည္ေအာက္႐ြာကပုဂံလို႔ ၫႊန္းဆိုေလ့ရွိတဲ့ ေျမာင္းျမၿမိဳ႕ေဟာင္းအေၾကာင္းကို ေရွးေဟာင္းေနရာေတြစိတ္ဝင္စားၾကသူတိုင္း ၾကားဖူးနားဝရွိၾကပါတယ္ ။

ကြၽန္ေတာ္လည္း ေျမာင္းျမၿမိဳ႕ေဟာင္းနဲ႔ပက္သက္ၿပီး တစ္စြန္းတစ္စၾကားဖူးနားဝရွိသူမို႔ အဲဒီၿမိဳ႕ေဟာင္းကိုအေတာ္ပဲ စိတ္ဝင္စားေနမိတာပါ ။

ေျမာင္းျမၿမိဳ႕ေဟာင္းမွာ ေရွးေဟာင္းေစတီအၿပိဳအပ်က္ေတြနဲ႔ အုတ္ကုန္းပါင္းရာခ်ီရွိတယ္လို႔ သက္ဆိုင္ရာဌာနအတြင္းက မိတ္ေဆြအရာရွိတစ္ေယာက္ ေျပာျပဖူးကတည္းကပဲ

အေတာ္ေလးစိတ္ဝင္စားမိေနတာပါ ။ ဒါေၾကာင့္ အခြင့္သင့္ရင္ အဲဒီၿမိဳ႕ေဟာင္းဆီ သြားေရာက္ေလ့လာဖို႔ စိတ္ကူးထားပါတယ္ ။

ၿပီးခဲ့တဲ့တစ္လအတြင္းက အလုပ္ကိစၥတစ္ခုကို အေၾကာင္းျပဳလို႔ ေျမာင္းျမၿမိဳ႕ကို ေရာက္ခဲ့ပါတယ္ ။ အလုပ္ကိစၥေတြျပတ္ၿပီဆိုတာနဲ႔ ေျမာင္းျမၿမိဳ႕ေဟာင္းဆီ ျဖစ္ေအာင္သြားခဲ့ပါတယ္ ။

စိတ္ဝင္စားေနမိတဲ့ ေျမာင္းျမၿမိဳ႕ေဟာင္းေနရာကို ထုံးစံအတိုင္း ခရီးသြားဟန္လြဲေလ့လာဖို႔ သြားေရာက္ခဲ့တာပါ။ သာမန္ဝါသနာရွင္တစ္ေယာက္အေနနဲ႔ အခ်ိန္ခဏအတြင္း ေလ့လာၿပီးျပန္ခဲ့ရမွာဆိုေတာ့လည္း

ေျမာင္းျမၿမိဳ႕ေဟာင္းနဲ႔ပက္သက္ၿပီး အေသးအစိတ္ေလ့လာခြင့္ရလိမ့္မယ္လို႔ မေမ်ာ္လင့္ထားပါဘူး ။ ဒါေပမယ့္ အေပၚယံေလာက္ေတာ့ ေလ့လာခြင့္ရလိမ့္မယ္လို႔ေတာ့ ထင္မိပါတယ္ ။

ေျမာင္းျမၿမိဳ႕ေဟာင္းဟာ အခုလက္ရွိေျမာင္းျမၿမိဳ႕ရဲ႕ ေတာင္ဘက္ ၇ မိုင္အကြာက ၿမိဳ႕ေဟာင္းေခ်ာင္းနဲ႔ ငါးျမင္းေခ်ာင္းတို႔ဆုံရာအနီးအနားမွာ တည္ရွိပါတယ္ ။

လမ္းကအေတာ္အသင့္ၾကမ္းေနေသးတာမို႔ အဲဒီ ၇ မိုင္ခရီးကို ဆိုင္ကယ္နဲ႔ တစ္နာရီေလာက္အခ်ိန္ယူၿပီး သြားလိုက္ရတာပါ ။

လက္ရွိအေနထားအရ ၿမိဳ႕ေဟာင္းဧရိယာအတြင္းမွာ ကုန္သာ႐ြာနဲ႔ ၿမိဳ႕ေဟာင္း႐ြာတို႔ တည္ရွိေနပါတယ္ ။ ေျမပုံမွတ္တမ္းအရ ေျမာင္းျမၿမိဳ႕ေဟာင္းဟာ ေလးေထာင့္ပုံစံျဖစ္ေပမယ့္လည္း ေတာင္ဘက္မ်က္ႏွာက

တျခားမ်က္ႏွာေတြထက္ က်ဥ္းလြန္းတာမို႔ ႀတိဂံပုံစံလိုျဖစ္ေနတာပါ ။ ၿမိဳ႕႐ိုးနဲ႔က်ဳံးေတြကို ၿမိဳ႕ေဟာင္းဝန္းက်င္က တခ်ိဳ႕ေနရာေတြမွာ ထင္ထင္ရွားရွားေတြ႕ႏိုင္ေသးေၾကာင္း သုေတသနမွတ္တမ္းမ်ားကဆိုပါတယ္ ။

ေရွးေဟာင္းသုေတသနဌာနက ေျမာင္းျမၿမိဳ႕ေဟာင္းဝန္းက်င္မွာ ေရွးေဟာင္းသုေတသနဆိုင္ရာ လုပ္ငန္းမ်ားကို ၁၉၉၉ – ၂၀၁၀ ခုႏွစ္ကတည္းက စတင္လုပ္ေဆာင္ခဲ့ၿပီး

အခုခ်ိန္မွာ ၿမိဳ႕ေဟာင္းဝန္းက်င္ကို Ancient Site Zone နဲ႔ Protected and Preserved Zone ေတြအျဖစ္ သတ္မွတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္ ။

သုေတသနအစီရင္ခံစာအရ ၿမိဳ႕ေဟာင္းအတြင္းအျပင္ဝန္းက်င္မွာ ၿမိဳ႕႐ိုး ၊ က်ဳံး ၊ ေျမကုန္း ၊ အဝိုင္းပႏၷက္ပုံရွိတဲ့ ေျမစိုက္ေစတီ ၊ ရွစ္ေျမႇာင့္ပုံပႏၷက္ရွိတဲ့ ေျမစိုက္ေစတီ ၊ ေလးေထာင့္ပုံပႏၷက္ရွိတဲ့ ေျမစိုက္ေစတီ ၊ မဟာတံတိုင္းပါတဲ့ ေျမစိုက္ေစတီ ၊

ေစတီစု ၊ ေလးေထာင့္ပုံပႏၷက္ရွိတဲ့ အေဆာက္အအုံ ၊ အေဆာက္အအုံးအႂကြင္းအက်န္နဲ႔ အုတ္႐ိုးမ်ား ၊ စဥ့္ဖို ၊ အုတ္စီလမ္း ၊ ေရကန္ေဟာင္း ၊ သိမ္ နဲ႔ ေရသိမ္ စတဲ့အေဆာက္အအုံအႂကြင္းအက်န္ေတြ ေတြ႕ရွိရၿပီး

သာသနိကအေဆာက္အအုံအႂကြင္းအက်န္ စုစုေပါင္း ၂၀၀ ေက်ာ္ကို မွတ္တမ္းတင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္ ။ ေဒသတြင္းသုေတသီမ်ားရဲ႕ မွတ္တမ္းကေတာ့ ၿမိဳ႕ေဟာင္းဝန္းက်င္မွာ ေရွးေဟာင္းေစတီအေကာင္း ၊ အပ်က္ စုစုေပါင္း ၂၇၈ ဆူ ရွိတယ္လို႔ဆိုျပန္တာပါ ။

ေျမာင္းျမၿမိဳ႕ေဟာင္းမွာေတြ႕ရွိရတဲ့ အေဆာက္အအုံပ်က္တို႔ဟာ ရာသီဥတုဒါဏ္နဲ႔ ရာစုႏွစ္မ်ားစြာ စြန႔္ပစ္ထားမႈေတြေၾကာင့္ ပ်က္စီးမႈမ်ားၿပီး ေျမကုန္းေတြအျဖစ္နဲ႔သာ က်န္ခဲ့တာမို႔

ခိုင္မာတိက်တဲ့ ေခတ္ကာလကို ခန႔္မွန္းရခက္တယ္လို႔ဆိုပါတယ္ ။ သို႔ေပမယ့္လို႔ ကြင္းဆင္းေလ့လာမႈနဲ႔ တူးေဖာ္သုေတသနလုပ္ငန္းတို႔က ရရွိတဲ့အေထာက္မ်ားေပၚအေျခခံၿပီး

ေျမာင္းျမၿမိဳ႕ေဟာင္းဟာ ေအဒီ ၁၅ – ၁၆ ရာစုထက္ ပိုမေစာတဲ့ကာလေတြမွာ ထြန္းကားခဲ့တဲ့ ၿမိဳ႕ေဟာင္းတစ္ခုျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ပါတယ္တဲ့ ။

ေျမာင္းျမၿမိဳ႕ (ယခုၿမိဳ႕ေဟာင္း) ကို ရာဇဝင္မွာ ေျမာင္းျမၿမိဳ႕စားေလာက္ဖ်ားကို အေၾကာင္းျပဳၿပီး လူသိမ်ားပါတယ္ ။ အားလုံးသိၾကတဲ့အတိုင္း ေအဒီ ၁၃၈၇ ခုႏွစ္မွာ ဟံသာဝတီျပည့္ရွင္ ဗညာဦးရဲ႕ညီေတာ္ျဖစ္တဲ့

ေျမာင္းျမစားေလာက္ဖ်ားဟာ ဗညာဦးရဲ႕အ႐ိုက္ရာကိုဆက္ခံတဲ့ မြန္ဘုရင္ရာဇဓိရာဇ္ကို ေတာ္လွန္ပုန္ကုန္မႈေတြျဖစ္ခဲ့ပါတယ္ ။ အဲဒီအေၾကာင္းေတြကိုလည္း ရာဇဝင္ေတြမွာ ေလ့လာဖူးၿပီးသားျဖစ္ၾကမွာပါ ။

ေျမာင္းျမၿမိဳ႕ဟာ ပုသိမ္ ၃၂ ၿမိဳ႕မွာပါဝင္ၿပီး က်ိဳက္ဇလံေထာ္ၿမိဳ႕နာမည္နဲ႔လည္း ထင္ရွားတယ္လို႔ဆိုပါတယ္ ။ ေျမာင္းျမ ဆိုတဲ့အမည္ကိုလည္း အဓိပါယ္အမ်ိဳးမ်ိဳးဖြင့္ဆိုခဲ့ေသးတာပါ ။

ေလာက္ဖ်ားမင္းလက္ထက္က ေျမာင္းျမၿမိဳ႕ က်ဳံးေျမာင္းတူးစဥ္အခါမွာ က်ဳံးေျမာင္းထဲက ျမသပိတ္ႀကီးတစ္လုံး ထူးဆန္းစြာရခဲ့ပါတယ္တဲ့ ။ ဒါကိုအေၾကာင္းျပဳၿပီး ေျမာင္းျမၿမိဳ႕လို႔ ေခၚတြင္ေၾကာင္း တခ်ိဳ႕ရာဇဝင္ေတြမွာ ဆိုထားပါတယ္ ။
မြန္ဘာသာနဲ႔ ေရးသားခဲ့တဲ့ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းမွာေတာ့ ေျမာင္းျမၿမိဳ႕ေနရာကို မင္မလ(ေမာင္မလဲ) ဆိုတဲ့နာမည္နဲ႔ ရည္ၫႊန္းပါရွိတယ္လို႔ ဆိုပါတယ္ ။ မင္ရဲ႕အဓိပၸါယ္က ေနရာျဖစ္ၿပီး မလ ကေတာ့ ျမတ္ရာပင္ကိုဆိုလိုတာျဖစ္လို႔

မင္မလဆိုတာ ျမတ္ရာပင္ကုန္း လို႔ယူဆရင္ရတန္ေကာင္းေၾကာင္း သုေတသီေတြက ႀကံဆပါတယ္ ။ ဒါအျပင္ ေျမာင္းျမဆိုတဲ့နာမည္ကလည္း အဲဒီ မင္မလဆိုတဲ့စကားကေန ေျပာင္းလဲလာဟန္ရွိတယ္လို႔ ယူဆၾကေသးတာပါ ။

စိုက္ပ်ိဳးေျမအေနထား ေကာင္းမြန္ၿပီး စီးပြားေရးတိုးတက္ထြန္းကားဖို႔ အေျခခံေကာင္းေတြရွိတဲ့ ေျမာင္းျမၿမိဳ႕မွာ ေခတ္အဆက္ဆက္ကပဲ ဘုရား ေက်ာင္း ကန္ ဇရပ္နဲ႔ ေစတီ ပုထိုးဘုရားတို႔

တိုးတက္ထြန္းကားခဲ့မွာ အမွန္ပဲျဖစ္ပါတယ္ ။ အဲဒီလိုအစဥ္အဆက္စည္ပင္ခဲ့တဲ့ ေျမာင္းျမၿမိဳ႕ေဟာင္းဟာ ေအဒီ ၁၈၆၁ ခုႏွစ္ေရာက္မွာေတာ့ ၾကမၼာဆိုးနဲ႔ႀကဳံခဲ့ရပါေတာ့တယ္ ။

မီးအႀကီးက်ယ္ေလာင္ကြၽမ္းခံခဲ့ရၿပီး ၿမိဴ႕ပ်က္ခဲ့တဲ့အထိ အျဖစ္သြားခဲ့ရတာပါ ။ အဲဒီေနာက္ပိုင္း ေအဒီ ၁၈၉၃ ခုႏွစ္မွာ ဆိပ္ႀကီးအရပ္ (လက္ရွိေျမာင္းျမၿမိဳ႕ေနရာ) ကို ေျပာင္းေ႐ႊ႕ၿပီး ၿမိဳ႕သစ္တည္ခဲ့ပါတယ္ ။ အဲဒီၿမိဳ႕သစ္ကို က်ိဳက္အမြန္ၿမိဳ႕ဆိုတဲ့နာမည္နဲ႔ အမည္တြင္ေသးတယ္လို႔ သိရပါတယ္ ။

ကြၽန္ေတာ့ရဲ႕ ေျမာင္းျမၿမိဳ႕ေဟာင္းအလည္အပတ္ခရီးမွာ နန္းေတာ္ရာကုန္းေစတီ ၊ ျမစိမ္းေရာင္ေတာင္ေပၚက ျမတိဂုံေစတီ ၊ ၿမိဳ႕ေဟာင္း႐ြာထဲမွာရွိတဲ့ ေ႐ႊစည္းခုံေစတီ နဲ႔ ေရွးေဟာင္း ေရတြင္း ေရကန္ေတြကိုသာ

ေလ့လာျဖစ္ခဲ့တာပါ ။ အဲဒီေစတီေတြဟာ ေရွးေခတ္ေစတီေတြျဖစ္ၾကေပမယ့္လည္း အခုေခတ္ အသစ္ျပန္ျပင္ထားလိုက္ၾကၿပီမို႔ ေရွးေခတ္ပုံစံအေနထားေတြကို ျမင္ေတြ႕ခြင့္မရခဲ့ပါဘူး ။

အေၾကပုဂံလို႔ၫႊန္းဆိုရေလာက္ေအာင္ ေပါမ်ားလွတဲ့ေျမာင္းၿမိဳ႕ေဟာင္းထဲက ေရွးေဟာင္းေစတီေတြက်ေတာ့ သစ္ပင္သစ္ေတာေတြထဲေရာက္ေနၾကတာမို႔

သာမန္ေလ့လာသူတစ္ေယာက္အေနနဲ႔ အခ်ိန္တခဏအတြင္း ေလ့လာဖို႔ အဆင္မေျပဘဲ ျဖစ္ေနေတာ့တာပါ ။ စိတ္ထဲမွာ အေတာ္ေလးမခ်င့္မရဲ ျဖစ္ရပါတယ္ ။

စိုက္ထူထားတဲ့ ဘုတ္ေပၚကေျမပုံအရ ဘယ္ေနရာေတြမွာ က်ဳံး ၊ ၿမိဳ႕႐ိုး ၊ ေစတီ ၊ အုတ္ကုန္း ေတြရွိေနတယ္ဆိုတာ သိရေပမယ့္ တကယ့္လက္ေတြမွာ အဲဒီေနရာေတြဆီကို လြယ္လြယ္ကူကူဝင္ေရာက္ေလ့လာဖို႔

လုံးဝမလြယ္ကူေလာက္ေအာင္ကို ၿမိဳ႕ေဟာင္းဧရိယာအတြင္းမွာ သစ္ပင္ေတြေပါက္ေရာက္ေနတာပါ ။ လက္ရွိအေျခအေနအရ သာမန္ေလ့လာသူတစ္ေယာက္အေနနဲ႔ ၿခဳံေတာထဲက ေရွးေဟာင္းဘုရားေတြကို ေတြ႕ရဖို႔ သိပ္ကိုခက္ပါတယ္ ။

သူစိမ္းဧည့္သည္ေလ့လာသူတစ္ေယာက္က အခုမွစေတြ႕ဖူးတဲ့ဆိုင္ကယ္ ကယ္ရီသမားတစ္ေယာက္နဲ႔ ကိုယ္တစ္ခါမွမေရာက္ဖူးတဲ့ေဒသထဲက ေတာေတြ ၊ ၿခဳံေတြထဲတိုးၿပီးေလ့လာဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ပါဘူး ။ ဒီလိုေနရာေတြကို ခရီးသြားရင္ အထူးသတိထားရပါတယ္ ။

ဒါေၾကာင့္ ေျမာင္းျမၿမိဳ႕ေဟာင္းရဲ႕ တကယ့္အေပၚယံေလာက္ကိုသာ ေလ့လာလည္ပတ္ၿပီးျပန္ခဲ့ရတာပါ ။ ကြၽန္ေတာ့အတြက္ေတာ့ ေျမာင္းျမၿမိဳ႕ေဟာင္းရဲ႕ လက္ရွိအေျခအေနဟာ သိပ္ကိုလွ်ိဳ႕ဝွက္လြန္းပါတယ္ ။

လွ်ိဳ႕ဝွက္လြန္းတဲ့ အဲဒီၿမိဳ႕ေဟာင္းႀကီးဆီကို ေနာက္ထပ္ေရာက္ျဖစ္အုံးမွာပါ ။ အဲဒီခါက်ရင္ ေနရာအစုံ ေလ့လာဖို႔ အခြင့္သာလိမ့္မယ္လို႔ ေမ်ာ္လင့္မိပါတယ္ ။

(ရန္ေနာင္စိုး)

အကိုးအကား ။ ။ ေျမာင္းျမေဒသပတ္ဝန္းက်င္ယဥ္ေက်းမႈနယ္ေျမအားကြင္းဆင္းေလ့လာျခင္းအစီရင္ခံစာ (၂၀၁၁) ႏွင့္ ေျမာင္းျမၿမိဳ႕ေဟာင္း (ေအာက္ပုဂံယဥ္ေက်းမႈ) ဝန္းက်င္ကြင္းဆင္းေလ့လာမႈအစီရင္ခံစာ (၂၀၀၅)

Unicode

အကြေပုဂံ အောက်ပြည်အောက်ရွာကပုဂံလို့ ညွှန်းဆိုလေ့ရှိတဲ့ မြောင်းမြမြို့ဟောင်းအကြောင်းကို ရှေးဟောင်းနေရာတွေစိတ်ဝင်စားကြသူတိုင်း ကြားဖူးနားဝရှိကြပါတယ် ။
ကျွန်တော်လည်း မြောင်းမြမြို့ဟောင်းနဲ့ပက်သက်ပြီး တစ်စွန်းတစ်စကြားဖူးနားဝရှိသူမို့ အဲဒီမြို့ဟောင်းကိုအတော်ပဲ စိတ်ဝင်စားနေမိတာပါ ။

မြောင်းမြမြို့ဟောင်းမှာ ရှေးဟောင်းစေတီအပြိုအပျက်တွေနဲ့ အုတ်ကုန်းပါင်းရာချီရှိတယ်လို့ သက်ဆိုင်ရာဌာနအတွင်းက မိတ်ဆွေအရာရှိတစ်ယောက် ပြောပြဖူးကတည်းကပဲ

အတော်လေးစိတ်ဝင်စားမိနေတာပါ ။ ဒါကြောင့် အခွင့်သင့်ရင် အဲဒီမြို့ဟောင်းဆီ သွားရောက်လေ့လာဖို့ စိတ်ကူးထားပါတယ် ။

ပြီးခဲ့တဲ့တစ်လအတွင်းက အလုပ်ကိစ္စတစ်ခုကို အကြောင်းပြုလို့ မြောင်းမြမြို့ကို ရောက်ခဲ့ပါတယ် ။ အလုပ်ကိစ္စတွေပြတ်ပြီဆိုတာနဲ့ မြောင်းမြမြို့ဟောင်းဆီ ဖြစ်အောင်သွားခဲ့ပါတယ် ။

စိတ်ဝင်စားနေမိတဲ့ မြောင်းမြမြို့ဟောင်းနေရာကို ထုံးစံအတိုင်း ခရီးသွားဟန်လွဲလေ့လာဖို့ သွားရောက်ခဲ့တာပါ။ သာမန်ဝါသနာရှင်တစ်ယောက်အနေနဲ့ အချိန်ခဏအတွင်း လေ့လာပြီးပြန်ခဲ့ရမှာဆိုတော့လည်း

မြောင်းမြမြို့ဟောင်းနဲ့ပက်သက်ပြီး အသေးအစိတ်လေ့လာခွင့်ရလိမ့်မယ်လို့ မမျော်လင့်ထားပါဘူး ။ ဒါပေမယ့် အပေါ်ယံလောက်တော့ လေ့လာခွင့်ရလိမ့်မယ်လို့တော့ ထင်မိပါတယ် ။

မြောင်းမြမြို့ဟောင်းဟာ အခုလက်ရှိမြောင်းမြမြို့ရဲ့ တောင်ဘက် ၇ မိုင်အကွာက မြို့ဟောင်းချောင်းနဲ့ ငါးမြင်းချောင်းတို့ဆုံရာအနီးအနားမှာ တည်ရှိပါတယ် ။

လမ်းကအတော်အသင့်ကြမ်းနေသေးတာမို့ အဲဒီ ၇ မိုင်ခရီးကို ဆိုင်ကယ်နဲ့ တစ်နာရီလောက်အချိန်ယူပြီး သွားလိုက်ရတာပါ ။

လက်ရှိအနေထားအရ မြို့ဟောင်းဧရိယာအတွင်းမှာ ကုန်သာရွာနဲ့ မြို့ဟောင်းရွာတို့ တည်ရှိနေပါတယ် ။ မြေပုံမှတ်တမ်းအရ မြောင်းမြမြို့ဟောင်းဟာ လေးထောင့်ပုံစံဖြစ်ပေမယ့်လည်း တောင်ဘက်မျက်နှာက

တခြားမျက်နှာတွေထက် ကျဉ်းလွန်းတာမို့ တြိဂံပုံစံလိုဖြစ်နေတာပါ ။ မြို့ရိုးနဲ့ကျုံးတွေကို မြို့ဟောင်းဝန်းကျင်က တချို့နေရာတွေမှာ ထင်ထင်ရှားရှားတွေ့နိုင်သေးကြောင်း သုတေသနမှတ်တမ်းများကဆိုပါတယ် ။

ရှေးဟောင်းသုတေသနဌာနက မြောင်းမြမြို့ဟောင်းဝန်းကျင်မှာ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကို ၁၉၉၉ – ၂၀၁၀ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး

အခုချိန်မှာ မြို့ဟောင်းဝန်းကျင်ကို Ancient Site Zone နဲ့ Protected and Preserved Zone တွေအဖြစ် သတ်မှတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။

သုတေသနအစီရင်ခံစာအရ မြို့ဟောင်းအတွင်းအပြင်ဝန်းကျင်မှာ မြို့ရိုး ၊ ကျုံး ၊ မြေကုန်း ၊ အဝိုင်းပန္နက်ပုံရှိတဲ့ မြေစိုက်စေတီ ၊ ရှစ်မြှောင့်ပုံပန္နက်ရှိတဲ့ မြေစိုက်စေတီ ၊ လေးထောင့်ပုံပန္နက်ရှိတဲ့ မြေစိုက်စေတီ ၊ မဟာတံတိုင်းပါတဲ့ မြေစိုက်စေတီ ၊

စေတီစု ၊ လေးထောင့်ပုံပန္နက်ရှိတဲ့ အဆောက်အအုံ ၊ အဆောက်အအုံးအကြွင်းအကျန်နဲ့ အုတ်ရိုးများ ၊ စဉ့်ဖို ၊ အုတ်စီလမ်း ၊ ရေကန်ဟောင်း ၊ သိမ် နဲ့ ရေသိမ် စတဲ့အဆောက်အအုံအကြွင်းအကျန်တွေ တွေ့ရှိရပြီး

သာသနိကအဆောက်အအုံအကြွင်းအကျန် စုစုပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ် ။ ဒေသတွင်းသုတေသီများရဲ့ မှတ်တမ်းကတော့ မြို့ဟောင်းဝန်းကျင်မှာ ရှေးဟောင်းစေတီအကောင်း ၊ အပျက် စုစုပေါင်း ၂၇၈ ဆူ ရှိတယ်လို့ဆိုပြန်တာပါ ။

မြောင်းမြမြို့ဟောင်းမှာတွေ့ရှိရတဲ့ အဆောက်အအုံပျက်တို့ဟာ ရာသီဥတုဒါဏ်နဲ့ ရာစုနှစ်များစွာ စွန့်ပစ်ထားမှုတွေကြောင့် ပျက်စီးမှုများပြီး မြေကုန်းတွေအဖြစ်နဲ့သာ ကျန်ခဲ့တာမို့

ခိုင်မာတိကျတဲ့ ခေတ်ကာလကို ခန့်မှန်းရခက်တယ်လို့ဆိုပါတယ် ။ သို့ပေမယ့်လို့ ကွင်းဆင်းလေ့လာမှုနဲ့ တူးဖော်သုတေသနလုပ်ငန်းတို့က ရရှိတဲ့အထောက်များပေါ်အခြေခံပြီး

မြောင်းမြမြို့ဟောင်းဟာ အေဒီ ၁၅ – ၁၆ ရာစုထက် ပိုမစောတဲ့ကာလတွေမှာ ထွန်းကားခဲ့တဲ့ မြို့ဟောင်းတစ်ခုဖြစ်ကြောင်း ကောက်ချက်ချပါတယ်တဲ့ ။

မြောင်းမြမြို့ (ယခုမြို့ဟောင်း) ကို ရာဇဝင်မှာ မြောင်းမြမြို့စားလောက်ဖျားကို အကြောင်းပြုပြီး လူသိများပါတယ် ။ အားလုံးသိကြတဲ့အတိုင်း အေဒီ ၁၃၈၇ ခုနှစ်မှာ ဟံသာဝတီပြည့်ရှင် ဗညာဦးရဲ့ညီတော်ဖြစ်တဲ့

မြောင်းမြစားလောက်ဖျားဟာ ဗညာဦးရဲ့အရိုက်ရာကိုဆက်ခံတဲ့ မွန်ဘုရင်ရာဇဓိရာဇ်ကို တော်လှန်ပုန်ကုန်မှုတွေဖြစ်ခဲ့ပါတယ် ။ အဲဒီအကြောင်းတွေကိုလည်း ရာဇဝင်တွေမှာ လေ့လာဖူးပြီးသားဖြစ်ကြမှာပါ ။

မြောင်းမြမြို့ဟာ ပုသိမ် ၃၂ မြို့မှာပါဝင်ပြီး ကျိုက်ဇလံထော်မြို့နာမည်နဲ့လည်း ထင်ရှားတယ်လို့ဆိုပါတယ် ။ မြောင်းမြ ဆိုတဲ့အမည်ကိုလည်း အဓိပါယ်အမျိုးမျိုးဖွင့်ဆိုခဲ့သေးတာပါ ။

လောက်ဖျားမင်းလက်ထက်က မြောင်းမြမြို့ ကျုံးမြောင်းတူးစဉ်အခါမှာ ကျုံးမြောင်းထဲက မြသပိတ်ကြီးတစ်လုံး ထူးဆန်းစွာရခဲ့ပါတယ်တဲ့ ။ ဒါကိုအကြောင်းပြုပြီး မြောင်းမြမြို့လို့ ခေါ်တွင်ကြောင်း တချို့ရာဇဝင်တွေမှာ ဆိုထားပါတယ် ။

မွန်ဘာသာနဲ့ ရေးသားခဲ့တဲ့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာတော့ မြောင်းမြမြို့နေရာကို မင်မလ(မောင်မလဲ) ဆိုတဲ့နာမည်နဲ့ ရည်ညွှန်းပါရှိတယ်လို့ ဆိုပါတယ် ။ မင်ရဲ့အဓိပ္ပါယ်က နေရာဖြစ်ပြီး မလ ကတော့ မြတ်ရာပင်ကိုဆိုလိုတာဖြစ်လို့

မင်မလဆိုတာ မြတ်ရာပင်ကုန်း လို့ယူဆရင်ရတန်ကောင်းကြောင်း သုတေသီတွေက ကြံဆပါတယ် ။ ဒါအပြင် မြောင်းမြဆိုတဲ့နာမည်ကလည်း အဲဒီ မင်မလဆိုတဲ့စကားကနေ ပြောင်းလဲလာဟန်ရှိတယ်လို့ ယူဆကြသေးတာပါ ။

စိုက်ပျိုးမြေအနေထား ကောင်းမွန်ပြီး စီးပွားရေးတိုးတက်ထွန်းကားဖို့ အခြေခံကောင်းတွေရှိတဲ့ မြောင်းမြမြို့မှာ ခေတ်အဆက်ဆက်ကပဲ ဘုရား ကျောင်း ကန် ဇရပ်နဲ့ စေတီ ပုထိုးဘုရားတို့

တိုးတက်ထွန်းကားခဲ့မှာ အမှန်ပဲဖြစ်ပါတယ် ။ အဲဒီလိုအစဉ်အဆက်စည်ပင်ခဲ့တဲ့ မြောင်းမြမြို့ဟောင်းဟာ အေဒီ ၁၈၆၁ ခုနှစ်ရောက်မှာတော့ ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတော့တယ် ။

မီးအကြီးကျယ်လောင်ကျွမ်းခံခဲ့ရပြီး မြိူ့ပျက်ခဲ့တဲ့အထိ အဖြစ်သွားခဲ့ရတာပါ ။ အဲဒီနောက်ပိုင်း အေဒီ ၁၈၉၃ ခုနှစ်မှာ ဆိပ်ကြီးအရပ် (လက်ရှိမြောင်းမြမြို့နေရာ) ကို ပြောင်းရွှေ့ပြီး မြို့သစ်တည်ခဲ့ပါတယ် ။ အဲဒီမြို့သစ်ကို ကျိုက်အမွန်မြို့ဆိုတဲ့နာမည်နဲ့ အမည်တွင်သေးတယ်လို့ သိရပါတယ် ။

ကျွန်တော့ရဲ့ မြောင်းမြမြို့ဟောင်းအလည်အပတ်ခရီးမှာ နန်းတော်ရာကုန်းစေတီ ၊ မြစိမ်းရောင်တောင်ပေါ်က မြတိဂုံစေတီ ၊ မြို့ဟောင်းရွာထဲမှာရှိတဲ့ ရွှေစည်းခုံစေတီ နဲ့ ရှေးဟောင်း ရေတွင်း ရေကန်တွေကိုသာ

လေ့လာဖြစ်ခဲ့တာပါ ။ အဲဒီစေတီတွေဟာ ရှေးခေတ်စေတီတွေဖြစ်ကြပေမယ့်လည်း အခုခေတ် အသစ်ပြန်ပြင်ထားလိုက်ကြပြီမို့ ရှေးခေတ်ပုံစံအနေထားတွေကို မြင်တွေ့ခွင့်မရခဲ့ပါဘူး ။

အကြေပုဂံလို့ညွှန်းဆိုရလောက်အောင် ပေါများလှတဲ့မြောင်းမြို့ဟောင်းထဲက ရှေးဟောင်းစေတီတွေကျတော့ သစ်ပင်သစ်တောတွေထဲရောက်နေကြတာမို့

သာမန်လေ့လာသူတစ်ယောက်အနေနဲ့ အချိန်တခဏအတွင်း လေ့လာဖို့ အဆင်မပြေဘဲ ဖြစ်နေတော့တာပါ ။ စိတ်ထဲမှာ အတော်လေးမချင့်မရဲ ဖြစ်ရပါတယ် ။

စိုက်ထူထားတဲ့ ဘုတ်ပေါ်ကမြေပုံအရ ဘယ်နေရာတွေမှာ ကျုံး ၊ မြို့ရိုး ၊ စေတီ ၊ အုတ်ကုန်း တွေရှိနေတယ်ဆိုတာ သိရပေမယ့် တကယ့်လက်တွေမှာ အဲဒီနေရာတွေဆီကို လွယ်လွယ်ကူကူဝင်ရောက်လေ့လာဖို့

လုံးဝမလွယ်ကူလောက်အောင်ကို မြို့ဟောင်းဧရိယာအတွင်းမှာ သစ်ပင်တွေပေါက်ရောက်နေတာပါ ။ လက်ရှိအခြေအနေအရ သာမန်လေ့လာသူတစ်ယောက်အနေနဲ့ ခြုံတောထဲက ရှေးဟောင်းဘုရားတွေကို တွေ့ရဖို့ သိပ်ကိုခက်ပါတယ် ။

သူစိမ်းဧည့်သည်လေ့လာသူတစ်ယောက်က အခုမှစတွေ့ဖူးတဲ့ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်နဲ့ ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ဒေသထဲက တောတွေ ၊ ခြုံတွေထဲတိုးပြီးလေ့လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး ။ ဒီလိုနေရာတွေကို ခရီးသွားရင် အထူးသတိထားရပါတယ် ။

ဒါကြောင့် မြောင်းမြမြို့ဟောင်းရဲ့ တကယ့်အပေါ်ယံလောက်ကိုသာ လေ့လာလည်ပတ်ပြီးပြန်ခဲ့ရတာပါ ။ ကျွန်တော့အတွက်တော့ မြောင်းမြမြို့ဟောင်းရဲ့ လက်ရှိအခြေအနေဟာ သိပ်ကိုလျှို့ဝှက်လွန်းပါတယ် ။

လျှို့ဝှက်လွန်းတဲ့ အဲဒီမြို့ဟောင်းကြီးဆီကို နောက်ထပ်ရောက်ဖြစ်အုံးမှာပါ ။ အဲဒီခါကျရင် နေရာအစုံ လေ့လာဖို့ အခွင့်သာလိမ့်မယ်လို့ မျော်လင့်မိပါတယ် ။

(ရန်နောင်စိုး)

အကိုးအကား ။ ။ မြောင်းမြဒေသပတ်ဝန်းကျင်ယဉ်ကျေးမှုနယ်မြေအားကွင်းဆင်းလေ့လာခြင်းအစီရင်ခံစာ (၂၀၁၁) နှင့် မြောင်းမြမြို့ဟောင်း (အောက်ပုဂံယဉ်ကျေးမှု) ဝန်းကျင်ကွင်းဆင်းလေ့လာမှုအစီရင်ခံစာ (၂၀၀၅)