News

“Power Bank တစ်လုံး​ကြောင့် ကားတစ်စီးလုံး မီးလောင်ခဲ့ရတဲ့ အဖြစ်”

လူ တော်တော် များများက ပစ္စည်း အသေး တော်တော် များများကို ကား ဒက်ရှ်ဘုတ်ပေါ် တင်ကြတယ် ။ ကား ဒက်ရှ်ဘုတ်က နေရာင် တိုက်ရိုက် ထိတွေ့တဲ့ နေရာမျိုးပါ ။

ဖုန်းလိုမျိုး ဘတ်ထရီ ပါတဲ့ လျှပ်စစ် ပစ္စည်းတွေကို ကား ဒက်ရှ်ဘုတ်ပေါ်မှာ တင်ထားတယ် ဆိုရင် အပူလွန်ပြီး မီးလောင် ကျွမ်းနိုင်ပါတယ် ။

ဖြစ်နိုင်ရင် ကားပေါ်မှာ ပူနိုင်တဲ့ နေရာတွေမှာ လျှပ်စစ် ပစ္စည်းတွေကို အချိန် ကြာမြင့်စွာ မထားခဲ့ဖို့ လိုပါတယ် ။ မလေးရှားနိုင်ငံ အာဝမ် တက္ကသိုလ်က ကျောင်းသားရဲ့ အဖြစ်က နမှုနာပါပဲ ။

အဲ့ဒိ ကျောင်းသားက ကျောင်းက ပြန်လာပြီး အိမ်ရှေ့မှာ ကားရပ် ထားကာ အိမ်ထဲကို ဝင်သွားတယ် ။ သူက နောက်ထပ် အတန်းတစ်ခုကို သွားဖို့ အိမ်ဝင်ပြီး ယူစရာ ရှိတာကို ဝင်ယူတာပါ ။ အဲ့ဒိ နောက်မှာ ရေအိမ်ထဲ ဝင်နေတာနဲ့ ကြာသွားတယ် ။

သူက သူ့ ကား ဒက်ရှ်ဘုတ် ပေါ်မှာ ဖုန်းအားသွင်းတဲ့ ပါဝါဘန့်ကို ထားခဲ့ပါတယ် ။ အချိန်ကလည်း နေ့လည် ၁ နာရီခွဲ ဖြစ်နေတော့ တော်တော်ကို ပူတဲ့ အချိန်ပါ ။

ကံကောင်း ချင်လို့ပဲလား မသိ ကျောင်းသား အိမ်ထဲက ထွက်လာ ချိန်မှာ ကားရှေ့ခန်း ထဲမှာ ဝုန်းကနဲ ပေါက်ကွဲသံနဲ့ အတူ မီးလောင် ပါလေရောလား ။

လူကားထဲ ရောက်မှ ဖြစ်ရင်တော့ လူပါ ပါသွားနိုင်ပါတယ် ။ မီးလောင်တာ အရှိန်ပြင်းလို့ အရေးပေါ်ကို ဖုန်းဆက်ခေါ်ပြီး မီးငြိမ်းလိုက် ရပါတယ် ။

ပါဝါဘန့်ကြောင့် မီးလောင်သွားတဲ့ ကား1

လူတွေ အန္တရာယ် မဖြစ်ပေမဲ့ ကားကတော့ လုံးလုံး ပျက်စီး သွားပါတယ် ။ ဒါကြောင့် အီလက်ထောနစ် ပစ္စည်းတွေကို ကားပေါ်မှာ ထားမယ် ဆိုရင် အထူး သတိထားပြီး သိမ်းဆည်းထားဖို့ လိုတယ်လို့ ပြောပါရစေ ။

မောင်ယဿ Ref: WORLD OF BUZZ

Zawgyi

ပါဝါဘန႔္ သုံးတဲ့သူေတြ သတိထားၾကရမယ့္ အခ်က္ “ပါဝါဘန႔္ေၾကာင့္ မီးေလာင္သြားတဲ့ ကား”

လူ ေတာ္ေတာ္ မ်ားမ်ားက ပစၥည္း အေသး ေတာ္ေတာ္ မ်ားမ်ားကို ကား ဒက္ရွ္ဘုတ္ေပၚ တင္ၾကတယ္ ။ ကား ဒက္ရွ္ဘုတ္က ေနရာင္ တိုက္႐ိုက္ ထိေတြ႕တဲ့ ေနရာမ်ိဳးပါ ။

ဖုန္းလိုမ်ိဳး ဘတ္ထရီ ပါတဲ့ လွ်ပ္စစ္ ပစၥည္းေတြကို ကား ဒက္ရွ္ဘုတ္ေပၚမွာ တင္ထားတယ္ ဆိုရင္ အပူလြန္ၿပီး မီးေလာင္ ကြၽမ္းႏိုင္ပါတယ္ ။

ျဖစ္ႏိုင္ရင္ ကားေပၚမွာ ပူႏိုင္တဲ့ ေနရာေတြမွာ လွ်ပ္စစ္ ပစၥည္းေတြကို အခ်ိန္ ၾကာျမင့္စြာ မထားခဲ့ဖို႔ လိုပါတယ္ ။ မေလးရွားႏိုင္ငံ အာဝမ္ တကၠသိုလ္က ေက်ာင္းသားရဲ႕ အျဖစ္က နမႈနာပါပဲ ။

အဲ့ဒိ ေက်ာင္းသားက ေက်ာင္းက ျပန္လာၿပီး အိမ္ေရွ႕မွာ ကားရပ္ ထားကာ အိမ္ထဲကို ဝင္သြားတယ္ ။ သူက ေနာက္ထပ္ အတန္းတစ္ခုကို သြားဖို႔ အိမ္ဝင္ၿပီး ယူစရာ ရွိတာကို ဝင္ယူတာပါ ။ အဲ့ဒိ ေနာက္မွာ ေရအိမ္ထဲ ဝင္ေနတာနဲ႔ ၾကာသြားတယ္ ။

သူက သူ႔ ကား ဒက္ရွ္ဘုတ္ ေပၚမွာ ဖုန္းအားသြင္းတဲ့ ပါဝါဘန႔္ကို ထားခဲ့ပါတယ္ ။ အခ်ိန္ကလည္း ေန႔လည္ ၁ နာရီခြဲ ျဖစ္ေနေတာ့ ေတာ္ေတာ္ကို ပူတဲ့ အခ်ိန္ပါ ။

ကံေကာင္း ခ်င္လို႔ပဲလား မသိ ေက်ာင္းသား အိမ္ထဲက ထြက္လာ ခ်ိန္မွာ ကားေရွ႕ခန္း ထဲမွာ ဝုန္းကနဲ ေပါက္ကြဲသံနဲ႔ အတူ မီးေလာင္ ပါေလေရာလား ။

လူကားထဲ ေရာက္မွ ျဖစ္ရင္ေတာ့ လူပါ ပါသြားႏိုင္ပါတယ္ ။ မီးေလာင္တာ အရွိန္ျပင္းလို႔ အေရးေပၚကို ဖုန္းဆက္ေခၚၿပီး မီးၿငိမ္းလိုက္ ရပါတယ္ ။

လူေတြ အႏၲရာယ္ မျဖစ္ေပမဲ့ ကားကေတာ့ လုံးလုံး ပ်က္စီး သြားပါတယ္ ။ ဒါေၾကာင့္ အီလက္ေထာနစ္ ပစၥည္းေတြကို ကားေပၚမွာ ထားမယ္ ဆိုရင္ အထူး သတိထားၿပီး သိမ္းဆည္းထားဖို႔ လိုတယ္လို႔ ေျပာပါရေစ ။

ေမာင္ယႆ Ref: WORLD OF BUZZ