News

“အမေရိကန်ပြည်ထောင်စု အလစကာပြည်နယ်မှာ ထူးဆန်းတဲ့တိမ်တိုက်ကြီး ပေါ်လာလို့ ရဲက စုံစမ်းနေ(ရုပ်သံ)”

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ အလစကာပြည်နယ်မှ လေးဇီးတောင်(Lazy Mountain)အနီးတွင် ပိုးကောင်ပုံသဏ္ဍာန်ထူးဆန်းသောတိမ်တိုက်တစ်ခုကိုတွေ့ရှိရသဖြင့် ဒေသခံရဲများ အကြောင်းရင်းကိုစုံစမ်းလျှက်ရှိကြောင်းသိရသည်။

ယင်းတိမ်တိုက်၏ ဓာတ်ပုံများကို ဒေသခံများက ကြာသပတေးနေ့တွင် facebook နှင့် အခြားလူမှုကွန်ရက်များ၌ တင်ကြရာမှ သတင်းပျံ့နှံ့ရခြင်းဖြစ်သည်။

ယင်းပုံများသည် ဥက္ကာခဲကျဆင်းခြင်း၊ ဂြိုဟ်တုပျက်ကျခြင်း (သို့) မီးတောင်တစ်ခုခုပေါက်ကွဲခြင်း(သို့) လက်နက်တစ်စုံတစ်ခု စမ်းသပ်ခြင်းကြောင့်လောဟု လူအများသိလိုစိတ်ပြင်းပြနေကြသည်။

ထို့ကြောင့် အလစကာပြည်နယ်ရဲတပ်ဖွဲ့နှင့် အလစကာကယ်ဆယ်ရေးပူးပေါင်းဗဟိုဌာနတို့သည် မတော်တဆဖြစ်မှုများကို စုံစမ်းစစ်ဆေးခဲ့ကြသည်။

သို့ရာတွင် လေယာဉ်ပျက်ကျမှုနှင့် အလားတူ မတော်တဆမှုသတင်းပေးပို့ချက်များကို မတွေ့ရှိခဲ့ကြချေ။ အာကာသမှ အမျိုးအမည်မသိယာဉ်ပျံ(UFO)တစ်ခုခုနှင့်ပတ်သက်သည့် သတင်းပေးပို့ချက်များလည်း မတွေ့ရှိရချေ။

ထို့အပြင် ကယ်ဆယ်ရေးအဖွဲ့မှ ရဟတ်ယာဉ်များဖြင့်လည်း လေးဇီးတောင်တန်းများတဝိုက် လှည့်လည်ရှာဖွေခဲ့ရာ လေယာဉ်ပျက်ကျသည့် အရိပ်အယောင်မတွေ့ခဲ့ကြချေ။

ရုပ်သံကြည့်ရန်

ယင်းတိမ်တိုက်ဖြစ်ပေါ်ရခြင်းအကြောင်းရင်းကို ယခုအချိန်အထိ တိတိကျကျမသိရသေးချေ။ မိုးလေဝသဌာနများကလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

Ref: Worm-shaped cloud over Alaska mountain prompts police investigation amid fears it could be UFO or plane crash(The Independent)