News

“သိန်းပေါင်း ၁၃၀၀၀ ရဖို့ ရည်ရွယ်ခဲ့တဲ့ ပုစဉ်းကင် စီမံချက်၊ (၁၀) ရက်ပြည့်ချိန်မှာ သိန်းပေါင်း (၄) သောင်းကျော်ရရှိ”

ကျွန်တော်တို့ရဲ့ Dragonfly project ရဲ့ စုစုပေါင်းရငွေကတော့ USD 2.2Million ဖြစ်ပါတယ်ခင်ဗျာ

အနည်းငယ်တိတိကျကျပြောရရင် USD 2,259,126 ဒေါ်လာဖြစ်ပါတယ်ခင်ဗျာ

2.2million ကို ဒေါ်လာခြောက်သောင်း(သိန်းတစ်ထောင့်နှစ်ရာ)လောက်တောင် ပိုပါသေးတယ်ခင်ဗျာ

အစွန်းထွက်တွေနဲ့ လုံးဝအတိအကျကတော့ ငွေလွှဲတဲ့ကိစ္စတွေပြီးမှပဲထပ်မံထုတ်ပြန်ပါ့မယ်ခင်ဗျာ

ဒီပရောဂျက်လေးကို နှစ်ယောက်ထဲလုပ်ခဲ့ရမယ်ထင်ခဲ့ပေမယ့် တကယ်လဲစရော နိုင်ငံအသီးသ်ိးမှာရှိတဲ့ OFP အဖွဲ့တွေ individual fundraiser အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပက fundraiser(ထောက်ပို့တာဝန်ယူထားသူတွေ) တွေ အပြင်

BTS ARMY တို့လို့ kpop fandom တွေကစ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီပေးကြတဲ့အပြင် တအိမ်တက်ဆင်းလိုက်လံကောက်ခံပေးကြတဲ့ပြည်ပရောက် အစ်ကိုအစ်မတွေ ပါ ဝိုင်းဝန်းကူညီပြီး ပြည်သူအားလုံးရဲ့ ပရောဂျက်တစ်ခုအနေနဲ့ကို အင်တိုက်အားတိုက်ပါဝင်ပေးခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ

ဒါကြောင့်လဲ ဒီ ၁၀ ရက်ဆိုတဲ့အချိန်တိုလေးအတွင်းမှာတင် သိန်းပေါင်း လေးသောင်းခွဲ ဝန်းကျင်အထိ ရရှိနိုင်ခဲ့တာဖြစ်ပါတယ်

ပြည်သူအားလုံးရဲ့အင်အားပါခင်ဗျာ

ပါဝင်အားဖြည့်ပေးကြသူတွေရော ကိုယ်သူများတွေကိုပါ လှုံ့ဆော်ပေးကြသူတွေရော

တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးအထူးတင်ပါကြောင်း ပြောကြားရင်း

ဘယ်အချိန်ကင်မလဲဆိုတာ စောင့်လိုက်ကြပါစို့လားခင်ဗျ

Click2donate