ဗဟုသုတ

“သဘာဝအတိုင်း skin care ပြုလုပ်နိုင်ပြီး ဆေးဖက်လည်းဝင်တဲ့ ဥသျှစ်သီးအစွမ်း”

ဥသျှစ်သီးအစွမ်း

သဘာဝ skin care😁

အခွံ​လေး​ရေ​ဆေး ​နေလှမ်းသနပ်ခါးလိမ်းရင် အရမ်း​မွှေးသလိုအသားအရည် လှပ​စေပါတယ်

မိတ်ဖု ယားနာဖုများသက်သာ​ပျောက်ကင်း​စေပါတယ်ရှင်

ဥသျှစ်သီး

အခုလို ရာသီဥတုကြီးမှာ ဥသျှစ်သီးဖျော်ရည် ချိချိုလေး တခွက်က ရင်ထဲထိ အေးမြလို့ ချိုနေစေမှာပါ ။

သောက်ကောင်းရုံတင်မက ဆေးဖက်ကလည်း ဝင်သေးတယ်

နှလုံးအားကောင်းတယ် အချိုဆိုပေမဲ့ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတယ်

ဗီတာမင် နဲ့ သတ္တုဓါတ်များစွာကြွယ်ဝတာကြောင့်ရောဂါတော်တော်များများကို သက်သာစေနိုင်စွမ်းရှိပါတယ်။

ဥသျှစ်သီးအမှည့်လေးကို ရေနွေးလေးရယ် ပျားရယ် နည်းနည်းရယ် ရောစပ်သောက်ရင် သွေတွင်းအဆိပ်အတောက် ဖယ်ရှားပြီး သွေးသန့်ပါသတဲ့ ။

ကိုလက်စထရောကိုပါ ထိန်းညှိပေးတော့ ပိုကောင်းနေရော။

နို့တိုက်မေမေတွေက ချင်းပြုတ်ရည် နည်းနည်း နဲ့ ရောဖျော်သောက်ရင် ဘေဘီလေးများအတွက် နို့တွေပေါများလာမှာပါရှင်။

#ကျန်းမာရေးဗဟုသုတရစေရန်အတွက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်