လေးကေ့ကော်မှာ လေယာဥ်နဲ့ ကျဲချသွားတာ ဓာတုလက်နက်သေချာတယ် ကိုကြီးရဲမင်း ရေ…ဆိုပြီး
တောင်ပိုင်းတိုင်းစစ်တိုင်း မြေပြင်ဆေးတပ်ဖွဲ့က ဆေးတပ်သားညီလေး တစ်ဦးရေးပို့လာတဲ့ စာ…..
အဝေးကနေမြင်ရတာတော့ ကျဲချလိုက်တဲ့ဗုံးကိုမြင်ရတယ် ပေါက်ကွဲသံမကြားရဘူး
နောက်ကျ သိရတာက ဗုံးက လေထဲမှာ အစိတ်အပိုင်းတွေအများကြီး ကွဲထွက်သွားပြီး အနံ့မွှေးတဲ့ အဝါရောင်အမှုန်တွေ ထွက်လာပါတယ်
ရှူမိတဲ့လူတွေမှာ ဖြစ်တဲ့ လက္ခဏာတွေက ရှူမိမိချင်း လည်ချောင်းထဲ တစ်ဆို့ဆို့ကြီးဖြစ်လာတယ် မူးဝေ အော့အန်တယ် နှာစေးတယ် တချို့တွေမှာ မျက်လုံးစပ်တယ်
ကြွက်သားတွေ အားနည်းလာပြီး ခြေလက်မသယ်ချင်ဖြစ်တယ် muscle spasm တစ်ချက်တစ်ချက် ရတယ် သေနတ် trigger ဆွဲလိုက်တဲ့အချိန်မှာ
ကွေးလိုက်တဲ့ လက်ညှိုးက ပြန်ဆန့်မရဖြစ်သွားတာမျိုးတွေရှိတယ် မနေ့က ညတွင်းချင်း လိုက်ခဲ့ပါဆိုလို့ သွားကြည့် သေချာစမ်းသပ်ကြည့်တယ်
BP တချို့မှာ narrow pulse လေးရှိချင်ချင် အများစုကတော့ BP stable Pulse ကောင်း vital တွေအကောင်း RBS တော့ဖောက်မကြည့်နိုင် heart
and lung sign ကောင်း limbs တွေမှာ toneတွေ power တွေလဲကောင်း..
ကျန်တာလဲဘာမှ ထူးထူးခြားခြားမရှိ..Symptomatic တွေအပြင် တခြားဘာလုပ်ပေးသင့်လဲ ….
သိသူများက အကြံပေးနိုင်ကြပါတယ်။ ပုံ-ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီဘက်မှ
လေယာဥ်ဖြင့် ဗုံးများကြဲချပြီးနောက် အငွေ့ရှုမိ သော တောင်ပိုင်းတိုင်းတပ်မဟာ ၆ မှ ရဲဘော်များအား ဆေးကုသမှုခံယူနေစဥ်….
ရဲမင်း(AAC)—🚩
တောင်ပိုင်းတိုင်းစစ်ရေးနယ်မြေ….
ထောက်ပို့တာဝန်ခံ….
11/4/2022…..