News

“CDM ဗိုလ်ကြီးသာထက်ဉာဏ်ရဲ့ ဓာတုလက်နက် နှင့် ပတ်သတ်သည့်အကြံပြုစာ”

CDM ဗိုလ်ကြီးသာထက်ဉာဏ်ရဲ့ အကြံပြုစာ

ဓာတုလက်နက်လို့ ယူဆရပြီး ရှူရှိုက်က်မိတဲ့သူတွေအနေနဲ့ သူ့မှာပါဝင်တဲ့ Chemical အမျိူးအစားပေါ်မူတည်ပြီး စစ်သည်ရဲ့ ခံနိင်ရည် Resistance ပေါ်မှာ Sign & Symptoms တွေလည်း ကွဲပြားနိင်တယ်။ အကြမ်းဖျင်းအားဖြင့် သတ်မှတ်နိုင်တာ တစ်ခုက ရှူရှိုက်မိသူတွေ အနေနဲ့ –

ပထမအဆင့်မှာ

* အသက်ရှူရတာ တမျိူးဖြစ်မယ်၊ အရေပြားစပ်တာ၊ ယားယံတာ၊ မျက်စိထဲဝင်ရင်လည်း စပ်တာ၊ မူးဝေအော့အန်တာမျိူးတွေ ဖြစ်လာမယ်။

ဒုတိယအဆင့်မှာ

* အသက်ရှူရခက်ခဲတာ၊ မျက်လုံးဝေဝါးတာ၊ ခြေလက်မသယ်ချင်တာ Muscle spasm (ခြေလက်ကြွက်သားများ ပျော့တွဲကျသွားခြင်း)၊ ချွေးထွက်များတာ ၊ အလွန်အမင်း မူးဝေအော့အန်ခြင်း။

– တတိယအဆင့်မှာ

* အသက်ရှူရပိုခက်ခဲတာ၊ Shock ရတာ၊ ခြေလက်တွေ ကွေးကောက်ပြီးတက်တာ၊ ခြေလက်တွေ ဆန့်ပြီးတက်တာ၊ နှာခေါင်းသွေးလျှံတာ၊ သတိလစ်မေ့တဲ့အဆင့်ထိရောက်တာ။

အပေါ်မှာပြောထားတဲ့ ပထမအဆင့်နှင့် ဒုတိယအဆင့်မှာကတည်းက ကျနော်တို့လုပ်လို့ရနိုင်တာက-

– BP/ Pulse rate/ Heart rate/ SpO2 (Vital signs) အားလုံး နာရီဝက်တစ်ကြိမ်ခန့် Check လုပ်သင့်တယ်။ Vital sign တစ်ကြိမ်လုပ်ပြီး ထပ်မလုပ်တာမျိူးမလုပ်ပါနဲ့၊ အဓိက က Vital sign ပါပဲ။

– လူနာကို RBS ဖောက်လို့ရရင် သွေးထဲတွင် ပါဝင်နေတဲ့ Glucose ပမာဏ အနည်းအများပေါ်ကြည့်ပြီး 25 percent or 50 percent တွေ လိုအပ်ရင် ထိုးပေးထားပါ။ အသက်ဝဝ ရှူခိုင်းပါ၊ လှဲလျောင်းအိပ်စက်တာမျိူးမလုပ်ဘဲ ခါးတည့်မတ်စွာ နောက်မှီဖြင့်ထိုင်ခိုင်းပေးပါ။

– ခန္ဓာကိုယ်ပေါ်နှင် မျက်စိတွင်း ဝင်ရောက်ထားတဲ့ အမှုန့်များကို ရေဖြင့်၊ ဆပ်ပြာများဖြင့် လျှင်မြန်အောင် ဆေးကြောသန့်စင်ပါ။ Chemical အမျိူးအစားက ပြင်းရင် ပြင်းသလောက် အရေပြား အထဲဝင် (Absorb) လုပ်သွားရင် လူနာအပေါ် ဆိုကျိူးပိုမို မြန်ဆန်စေနိင်ပါတယ်။

– ပထမအဆင့်နဲ့ ဒုတိယအဆင့် မှာကတည်းက Muscle spasm ရနေပြီဆိုရင် ပိုဂရုစိုက်ပေးပါ။ Fit (သတိလစ်ခြင်း) လည်း တန်းရသွားနိင်ပါတယ်၊ Fit ရရင်လည်း position ပြောင်းစေပါ။ ဘေးတစောင်းထားပါ။ Airway ကို ဂရုစိုက်ပါ။

– တတိယအဆင့်လိုမျိူးအနေအထိ ကြုံရပြီဆိုရင်

Symptoms တွေနဲ့ လူနာအခြေအနေပေါ်ကြည့်ပြီး Lungs sign/ Vital sign/ Airway assessment/ Peripheral limb colour/ GCS mark/ Pupil dilation/Skin colour/ Fluid loss intake & output တို့အပေါ်ကြည့်ပြီး နီးစပ်ရာဆေးခန်း၊ အရေးပေါ်ကုသမှုများ ရယူသင့်ပါတယ်။

#ပြည်သူ့ပန်းတိုင်

#PeoplesGoal

#Defectionsaveslives