ဗဟုသုတ

တစ္ဆေလင်းနို့တွေလို အစွမ်းရှိတဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေး ဒရုန်းသစ် MQ-28A Ghost Bat

တေစၦလင္းႏို႔ေတြလို အစြမ္းရွိတဲ့ ေနာက္ဆုံးေပၚ တိုက္ခိုက္ေရး ဒ႐ုန္းသစ္ MQ-28A Ghost Bat ( ဉာဏ္ရည္တုနည္းပညာကို အသုံးျပဳထားၿပီး တိုက္ေလယာဥ္မႉးေတြကို ေဝဟင္မွာ ကူညီေပးမယ့္ ေမာင္းသူမဲ့တိုက္ခိုက္ေရးဒ႐ုန္းသစ္ MQ-28A Ghost Bat )

ဘိုးရင္းကုမၸဏီရဲ႕ ဩစေၾတးလ် အေျခစိုက္ကုမၸဏီခြဲက ထုတ္လုပ္ထားတဲ့ ေနာက္ဆုံးေပၚ တိုက္ခိုက္ေရးဒ႐ုန္း အမ်ိဳးအစားသစ္ကို MQ-28A Ghost Bat(တေစၦလင္းႏို႔)လို႔ တရားဝင္ အမည္ေပးခဲ့ပါတယ္။ ဒီဒ႐ုန္းဟာ ဉာဏ္ရည္တုနည္းပညာကို အသုံးျပဳထားၿပီး တိုက္ေလယာဥ္မႉးေတြကို ေဝဟင္မွာ ကူညီေပးမယ့္ ေမာင္းသူမဲ့ Loyal Wingman စီမံကိန္းရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ဩစေၾတးလ်ႏိုင္ငံမွာ

ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ တေစၦလင္းႏို႔ (Ghost Bat)ဆိုတာ ဩစေၾတးလ်ႏိုင္ငံတြင္သာ ေတြ႕ရွိရတဲ့ အသားစားလင္းႏို႔ မ်ိဳးစိတ္တစ္ခုရဲ႕ အမည္ျဖစ္ပါတယ္။ အဲဒီအမည္ကို အစြဲျပဳၿပီး ထိုကဲ့သို႔ မွည့္ေခၚခဲ့ျခင္း ျဖစ္ပါတယ္။ Ghost Bat ဒ႐ုန္းဟာ တေစၦလင္းႏို႔ကဲ့သို႔ပင္ အာ႐ုံခံကိရိယာမ်ားကို အသုံးျပဳထားကာ ပစ္မွတ္သားေကာင္ရဲ႕ တည္ေနရာကို ေထာက္လွမ္းရွာေဖြႏိုင္ပါတယ္။ ေျမျပင္ႏွင့္ ေဝဟင္ပစ္မွတ္မ်ားကို တိုက္ခိုက္ရာမွာ

လူလိုက္ပါေသာ တိုက္ေလယာဥ္မ်ားႏွင့္ လက္တြဲပူးေပါင္းေဆာင္႐ြက္ႏိုင္စြမ္း ရွိပါတယ္။ “တေစၦလင္းႏို႔ေတြဟာ အုပ္စုဖြဲ႕ၿပီး အမဲလိုက္ၾကသလို Ghost Bat ဒ႐ုန္းကလည္း အုပ္စုဖြဲ႕ ပူးေပါင္းေဆာင္႐ြက္ႏိုင္ စြမ္းရွိပါတယ္”လို႔ ဩစေၾတးလ်အေျခစိုက္ ဘိုးရင္း ကုမၸဏီခြဲ၏ ၫႊန္ၾကားေရးမႉး ဆိုထားပါတယ္။ Ghost Bat ဒ႐ုန္းရဲ႕ စစ္ဘက္သုံးအမည္မွာ MQ-28A ျဖစ္ပါတယ္။ အေမရိကန္စစ္တပ္ရဲ႕ သတ္မွတ္ခ်က္ အစဥ္အလာမ်ားအရ M သည္

Multi-mission (ဘက္စုံသုံး)ကို ကိုယ္စားျပဳၿပီး Q သည္ Drone (ဒ႐ုန္း)ကို ကိုယ္စားျပဳပါတယ္။ ဒါ့ေၾကာင့္ MQ-28A Ghost Bat ဟာ ဘက္စုံသုံး တိုက္ခိုက္ေရးဒ႐ုန္း အမ်ိဳးအစားျဖစ္ပါတယ္။ အေမရိကန္အစိုးရဟာ ၎တို႔ရဲ႕ အဆင့္ျမင့္ တိုက္ခိုက္ေရးဒ႐ုန္းေတြကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ခြင့္ မျပဳဘဲ တားျမစ္ပိတ္ပင္ေလ့ရွိပါတယ္။ သို႔ေသာ္ Ghost Bat ဟာ ဩစေၾတးလ်မွာ တီထြင္ထုတ္လုပ္ျခင္းျဖစ္လို႔ အေမရိကန္အစိုးရရဲ႕

တားျမစ္ကန႔္သတ္မႈမ်ားႏွင့္ အက်ဳံးဝင္မႈ ရွိမရွိကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဩစေၾတးလ်ႏိုင္ငံတြင္သာေတြ႕ရွိရတဲ့ တေစၦလင္းႏို႔မ်ားဟာ အေကာင္ငယ္ေသာ ငွက္မ်ား၊ ႂကြက္မ်ား၊ အင္းဆက္ပိုးမႊားမ်ား၊ ပင့္ကူမ်ားကို ဖမ္းဆီးစားေသာက္ၾကပါတယ္။ တေစၦကဲ့သို႔ ျဖဴဆြတ္ေသာ အေရာင္ရွိၿပီး ညအခ်ိန္မွာ အမဲလိုက္ၾကပါတယ္။ Ghost Bat ဒ႐ုန္းဟာ အဆိုပါ တေစၦလင္းႏို႔မ်ားကို အတုခိုးကာ

ဖန္တီးထားျခင္းျဖစ္သည္ဟု သိရပါတယ္။ ဘိုးရင္းကုမၸဏီဟာ Ghost Bat ဒ႐ုန္းကို ဩစေၾတးလ်ေလတပ္အတြက္ တီထြင္ထုတ္လုပ္ေပးျခင္း ျဖစ္ပါတယ္။ အေမရိကန္ ေလတပ္၊ ေရတပ္ႏွင့္ မရိန္း တပ္ဖြဲ႕မ်ားကလည္း အဆိုပါ ဒ႐ုန္းကို ဝယ္ယူအသုံးျပဳလာႏိုင္သည္ဟု ေလ့လာသူမ်ားက ခန႔္မွန္း သုံးသပ္ထားေၾကာင္း တင္ျပလိုက္ပါတယ္။

crd-

ယူနီကုတ္

တစ္ဆေလင်းနို့တွေလို အစွမ်းရှိတဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေး ဒရုန်းသစ် MQ-28A Ghost Bat ( ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားပြီးတိုက်လေယာဉ်မှူးတွေကို ဝေဟင်မှာ ကူညီပေးမယ့် မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်းသစ် MQ-28A Ghost Bat )

ဘိုးရင်းကုမ္ပဏီရဲ့ ဩစတြေးလျ အခြေစိုက်ကုမ္ပဏီခွဲက ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရေးဒရုန်း အမျိုးအစားသစ်ကို MQ-28A Ghost Bat(တစ္ဆေလင်းနို့)လို့ တရားဝင် အမည်ပေးခဲ့ပါတယ်။ ဒီဒရုန်းဟာ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားပြီး တိုက်လေယာဉ်မှူးတွေကို ဝေဟင်မှာ ကူညီပေးမယ့် မောင်းသူမဲ့ Loyal Wingman စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဩစတြေးလျနိုင်ငံမှာ

ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တစ္ဆေလင်းနို့ (Ghost Bat)ဆိုတာ ဩစတြေးလျနိုင်ငံတွင်သာ တွေ့ရှိရတဲ့ အသားစားလင်းနို့ မျိုးစိတ်တစ်ခုရဲ့ အမည်ဖြစ်ပါတယ်။ အဲဒီအမည်ကို အစွဲပြုပြီး ထိုကဲ့သို့ မှည့်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ Ghost Bat ဒရုန်းဟာ တစ္ဆေလင်းနို့ကဲ့သို့ပင် အာရုံခံကိရိယာများကို အသုံးပြုထားကာ ပစ်မှတ်သားကောင်ရဲ့ တည်နေရာကို ထောက်လှမ်းရှာဖွေနိုင်ပါတယ်။ မြေပြင်နှင့် ဝေဟင်ပစ်မှတ်များကို တိုက်ခိုက်ရာမှာ

လူလိုက်ပါသော တိုက်လေယာဉ်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ “တစ္ဆေလင်းနို့တွေဟာ အုပ်စုဖွဲ့ပြီး အမဲလိုက်ကြသလို Ghost Bat ဒရုန်းကလည်း အုပ်စုဖွဲ့ ပူးပေါင်းဆောင်ရွက်နိုင် စွမ်းရှိပါတယ်”လို့ ဩစတြေးလျအခြေစိုက် ဘိုးရင်း ကုမ္ပဏီခွဲ၏ ညွှန်ကြားရေးမှူး ဆိုထားပါတယ်။ Ghost Bat ဒရုန်းရဲ့ စစ်ဘက်သုံးအမည်မှာ MQ-28A ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့ သတ်မှတ်ချက် အစဉ်အလာများအရ M သည်

Multi-mission (ဘက်စုံသုံး)ကို ကိုယ်စားပြုပြီး Q သည် Drone (ဒရုန်း)ကို ကိုယ်စားပြုပါတယ်။ ဒါ့ကြောင့် MQ-28A Ghost Bat ဟာ ဘက်စုံသုံး တိုက်ခိုက်ရေးဒရုန်း အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ၎င်းတို့ရဲ့ အဆင့်မြင့် တိုက်ခိုက်ရေးဒရုန်းတွေကို ပြည်ပသို့ တင်ပို့ရောင်းချခွင့် မပြုဘဲ တားမြစ်ပိတ်ပင်လေ့ရှိပါတယ်။ သို့သော် Ghost Bat ဟာ ဩစတြေးလျမှာ တီထွင်ထုတ်လုပ်ခြင်းဖြစ်လို့ အမေရိကန်အစိုးရရဲ့

တားမြစ်ကန့်သတ်မှုများနှင့် အကျုံးဝင်မှု ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဩစတြေးလျနိုင်ငံတွင်သာတွေ့ရှိရတဲ့ တစ္ဆေလင်းနို့များဟာ အကောင်ငယ်သော ငှက်များ၊ ကြွက်များ၊ အင်းဆက်ပိုးမွှားများ၊ ပင့်ကူများကို ဖမ်းဆီးစားသောက်ကြပါတယ်။ တစ္ဆေကဲ့သို့ ဖြူဆွတ်သော အရောင်ရှိပြီး ညအချိန်မှာ အမဲလိုက်ကြပါတယ်။ Ghost Bat ဒရုန်းဟာ အဆိုပါ တစ္ဆေလင်းနို့များကို အတုခိုးကာ

ဖန်တီးထားခြင်းဖြစ်သည်ဟု သိရပါတယ်။ ဘိုးရင်းကုမ္ပဏီဟာ Ghost Bat ဒရုန်းကို ဩစတြေးလျလေတပ်အတွက် တီထွင်ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။ အမေရိကန် လေတပ်၊ ရေတပ်နှင့် မရိန်း တပ်ဖွဲ့များကလည်း အဆိုပါ ဒရုန်းကို ဝယ်ယူအသုံးပြုလာနိုင်သည်ဟု လေ့လာသူများက ခန့်မှန်း သုံးသပ်ထားကြောင်း တင်ပြလိုက်ပါတယ်။

crd-