ဗဟုသုတ

ရှေးခေတ် မြန်မာ့ ရွေနန်းတော်မှ မိန်းမစိုးချုပ် (သို့) အနောက်နန်းဆောင်မှ နန်းတွင်းရဲမေများ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ေ႐ြနန္းေတာ္မွ မိန္းမစိုးခ်ဳပ္ (သို႔) အေနာက္နန္းေဆာင္မွ နန္းတြင္းရဲေမမ်ား

လူသိနည္းေသာ ရတနာပုံေခတ္ နန္းတြင္းကုန္းကုန္း (ကိုရီးယား နန္းတြင္းမိန္းမစိုးမ်ားကို ေခၚေသာ အေခၚအေဝၚ) မိန္းမစိုးမ်ား အေၾကာင္းကို ေလ့လာမိသေလာက္ တဆင့္ျပန္လည္ တင္ျပေပးလိုက္ပါသည္။

ေရွးေခတ္ ျမန္မာဘုရင္တို႔စံရာ ေ႐ႊနန္းေတာ္တြင္ အေဆာင္ေတာ္မ်ားစြာရွိသည္။ ေၾကးတိုက္၊ မာရဘင္ေဆာင္၊ အေနာက္ေဆာင္ စေသာ အေဆာင္မ်ား ရွိသည့္အနက္

အေနာက္ေဆာင္ ဆိုသည္မွာ ဘုရင့္မိဖုရား၊ နန္းရေဆာင္ရ မိဖုရားငယ္မ်ား၊ ကိုယ္လုပ္ေတာ္မ်ား ႏွင့္ သမီးေတာ္မ်ား ေနထိုင္ရာ အေဆာင္ေတာ္ျဖစ္သည္။

နန္းစဥ္အဆက္ဆက္ အေနာက္ေဆာင္ဆိုလွ်င္ ဘုရင္နဲ႔ ပတ္သက္ေသာ မိန္းမမ်ား စုေဝးရာ နန္းတြင္းအရပ္ဟုသာ သိၿပီးျဖစ္ၾကသည္။

ထိုအေနာက္ေဆာင္တြင္ အပ်ိဳေတာ္၊ အထိန္းေတာ္၊ အေဆာင္ကိုင္ စသည္ျဖင့္ အေႁခြအရံ အမ်ားအျပားသည္ ေန႔ညဥ့္မျပတ္ ခစားေနရေသာ မိန္းမမ်ားစုေဝးရာ ကမာၻေလးတခုလို ျဖစ္ေနေပေတာ့သည္။

အမ်ိဳးသမီး သီးသန႔္အေဆာင္ေတာ္ ျဖစ္သည့္အတြက္ ထိုအမ်ိဳးသမီးမ်ားကို အုပ္ခ်ဳပ္ရန္ အႀကီးအမႈး တစ္ဦးေတာ့ လိုအပ္သည္။

ထိုသို႔ အုပ္ခ်ဳပ္ေသာ ပုဂၢိဳလ္ကို မိန္းမစိုး(ဆိုး) ဟု ေခၚသည္။ မိန္းမစိုး၏ တာဝန္မွာ အေဆာင္ေတာ္အတြင္းရွိ မိဖုရားႏွင့္

သမီးေတာ္ မဟုတ္ေသာ ေမာင္းမငယ္၊ ကိုယ္လုပ္ေတာ္၊ သန႔္ရွင္းေရးသမမ်ား ႏွင့္ အေစအပါးေတာ္မ်ားအား အုပ္ခ်ဳပ္ရန္ျဖစ္သည္။

မိန္းမစိုးဟူသည္ကား နန္းတြင္းရဲေမမ်ားသာလွ်င္ ျဖစ္ေပသည္။ အပ်ိဳနည္းပါးၿပီး အမ်ားစုမွာ အိမ္ေထာင္သည္မ်ား ျဖစ္ၾကသည္။

မိန္းမစိုးတာဝန္ ထမ္းေဆာင္ခြင့္ရရန္ လိုအပ္သည့္ အရည္အခ်င္းမ်ားအနက္ သန္စြမ္းေသာ ကာယဗလရွိျခင္း၊ ထက္ျမက္ခက္ထန္သူ ျဖစ္ျခင္း ၊

စာေရးစာဖတ္ တတ္ေျမာက္ၿပီး နန္းတြင္းသုံး အေလ့အထ အသုံးအႏႈန္း ကြၽမ္းက်င္သူ ျဖစ္ျခင္း၊ အနာေရာဂါကင္းစင္သူ ျဖစ္ျခင္း စသည္တို႔ ပါဝင္ေလသည္။

အမ်ားအားျဖင့္ မိန္းမစိုးမ်ားသည္ ၿမိဳ႕ဝန္ တံခါးမႉး စသည့္အရာရွိ အလယ္အလတ္မ်ား၏ မယားငယ္မ်ား ျဖစ္ၾကေပသည္။

ၿမိဳ႕ဝန္ဦးသာအိုး (စေလဦးပုညကို သတ္ခဲ့သူ) ၏ မယားငယ္မ်ားထဲမွပင္လွ်င္ မိန္းမစိုးအျဖစ္ ငါးေယာက္ရွိေနေလသည္။ ဦးသာအိုးကဲ့သို႔ အဆင့္ရွိသူသည္

သူ၏မယားငယ္ ႏွစ္ဆယ္ အစိတ္ခန္႔ကို လုံေလာက္ေအာင္ ေကြၽးေမြးေထာက္ပံ့ျခင္း မျပဳႏိုင္သျဖင့္ သင့္ေတာ္ရာ အလုပ္သြင္းေပးျခင္း ေစ်းဆိုင္ကနား ေနရာခ်ထားေပးျခင္းမွ်သာ ေဆာင္႐ြက္ေပးႏိုင္သည္။

ထိုမိန္းမစိုးမ်ားမွာ မိန္းမအစစ္မ်ားသာ ျဖစ္ပါသည္။ အခ်ိဳ႕ထင္ျမင္ေရးသားသလို သင္းကြပ္ထားေသာ ေယ်ာက္်ားမ်ား ဆိုသည္မွာ မဟုတ္ပါ။

မိန္းမစိုးမ်ားကို ဘုရင္က လစာရိကၡာ အဆင့္လိုက္ ေပးသနားခ်ီးျမႇင့္ေလသည္။

မိန္းမစိုးမ်ားတြင္ သာမန္မိန္းမစိုး ႏွင့္ မိန္းမစိုးခ်ဳပ္တို႔ ရွိၿပီး မိန္းမစိုးတို႔ႏွင့္ မိန္းမစိုးခ်ဳပ္ကို ဝတ္ဆင္ထားေသာ အေဆာင္အေယာင္၊ အဝတ္အစားတို႔ကို ၾကည့္ၿပီး ခြဲျခားႏိုင္သည္။

မိန္းမစိုးတို႔သည္ကား မိန္းမစိုးခ်ဳပ္က တာဝန္ ခ်ထားသည့္အတိုင္း ဆိုင္ရာအေဆာင္တြင္ ထမ္း႐ြက္ၾကပ္မတ္ၾကရျခင္း ျဖစ္ေပသည္။

မိန္းမစိုးတို႔ ဝတ္ပုံစားပုံမွာ သာမန္ ပိတ္ျဖဴအဝတ္၊ ေခါင္းေပါင္းျဖစ္ၿပီး လက္ထဲတြင္ သစ္ေစးသုတ္ႀကိမ္လုံး (ထားဝယ္ႀကိမ္)ကို ကိုင္ေဆာင္သည္။

မိန္းမစိုးခ်ဳပ္မွာ ပိတ္ျဖဴအဝတ္တြင္ ေ႐ႊစလြယ္၊ ရင္စီးအနီ ဝတ္ဆင္ၿပီး ေ႐ႊနားေတာင္းကို ပန္ဆင္သည္။ လက္ထဲတြင္ ငါးလိပ္ေက်ာက္ (manta-ray) အၿမီးကို ကိုင္ေဆာင္သည္။

ကိုင္ေဆာင္ထားေသာ လက္နက္မ်ားျဖင့္ အျမင္မေတာ္သူကို ႐ိုက္ႏွက္ဆုံးမခြင့္ ရွိသည္။ ႐ိုက္ႏွက္ ဆုံးမမရသူမ်ား၊

အပ်ိဳေတာ္အခ်င္းခ်င္း၊ သမီးေတာ္အခ်င္းခ်င္း ျဖစ္ေသာ ျပႆနာမ်ား ရွိပါက ျဖန္ေျဖမရလွ်င္ သက္ဆိုင္ရာ မိဖုရားလက္သို႔ အပ္ရသည္။

မိန္းမစိုး၏ အဓိက တာဝန္တစ္ရပ္မွာ ဘုရင့္မိဖုရားမ်ား ဥယ်ာဥ္ေတာ္ဆင္းလွ်င္ မလွမ္းမကမ္းမွ ကင္းပုန္းဝပ္ကာ ေစာင့္ၾကပ္ရျခင္း ျဖစ္သည္။

မိဖုရားအား ကာကြယ္ရန္ ဓားကိုင္ေဆာင္ရေသာ အမ်ိဳးသမီး တပ္ဖြဲ႕မ်ားလည္း နန္းတြင္းတြင္ ရွိသည္ဟု ၾကားဖူးရာ မိန္းမစိုးမ်ား ျဖစ္ဟန္တူပါသည္။
မိန္းမစိုးရာထူးအား အမ်ားအားျဖင့္ ေယာက်္ားစိတ္ ေပါက္ေနေသာ အမ်ိဳးသမီးမ်ားကို ခန႔္အပ္ေလ့ရွိေသာ္လည္း အမ်ိဳးသား မိန္းမစိုးမ်ားလည္း ရွိသည္။

ခန႔္အပ္သူမ်ားမွာ ေယာက်ာ္းအဂၤါ မထင္ရွားသူ အမ်ားစု ျဖစ္သည္။ ထင္ရွားသူမွာ ရတနာပုံေခတ္၊ မင္းတုန္းမင္းႀကီး လက္ထက္က

မိန္းမစိုးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ဦးေဖခဲဆိုသူ ျဖစ္ၿပီး မင္းတရားႀကီးနတ္႐ြာမစံခင္ အခ်ိန္အထိ ခစားခဲ့သည္။

ယင္း”ေဖခဲ”မွာလည္း သင္းကြပ္ထားသူ မဟုတ္ ငယ္စဥ္ဘဝက ထိခိုက္မိ၍ ေယာက်ာ္းအဂၤါ မစုံလင္ေတာ့ေသာသူသာ ျဖစ္သည္။

ေနာက္တစ္ဦးမွာ သာစည္နယ္၊ ဆံၿမိတ္ရွည္႐ြာ ဇာတိျဖစ္သူ ဦးေ႐ႊဖီး ျဖစ္သည္။ ဦးေ႐ႊဖီးမွာ သာစည္နယ္၊ ျမင္းေခါင္းႀကီး ဦးပို၏ သားျဖစ္ၿပီး လက္ပံစင္မိဖုရား (သီရိသုသာမာေမဟ ဘြဲ႕ခံ) ၏ ေမာင္အရင္းလည္းျဖစ္သည္။

သမုံးတိုင္႐ြာကို စားရသူျဖစ္ၿပီး ေနမ်ိဳးသီဟဘြဲ႕ ခ်ီးျမႇင့္ခံရသူ ျဖစ္သည္။ မိန္းမစိုးခ်ဳပ္ ရာထူးအျပင္ ပုပၸားေတာင္ထိန္း (နတ္ကေတာ္ခ်ဳပ္) အျဖစ္ နတ္ေဗာင္းေတာ္ေဆာင္း တာဝန္ကိုပါ ပူးတြဲယူခဲ့သူ ျဖစ္သည္။

မိန္းမစိုးရာထူး ရရွိရန္ ေယာက်ာ္းစစ္စစ္မ်ားကို သင္းကြပ္ ပစ္သည္ဆိုေသာ အယူအဆမွာ မမွန္ေခ်။ ထိုရာထူးအတြက္

မည္သည့္ေယာက်ာ္းကိုမွ သင္းကြပ္ခဲ့ျခင္းမရွိပဲ ေယာက်ာ္းစိတ္ေပါက္ေနေသာ အမ်ိဳးသမီးမ်ား ႏွင့္ အမ်ိဳးသားအဂၤါ မထင္မရွား ရွိသူမ်ားကိုသာ ခန႔္အပ္ခဲ့ျခင္း ျဖစ္ေလသည္။

ဤမွ်ေလာက္ဆိုလွ်င္ ျမန္မာနန္းတြင္းမိန္းမစိုး (ခ) ကုန္းကုန္းမ်ားအေၾကာင္းကို ၿခဳံငုံသုံးသပ္မိၿပီ ထင္ပါသည္။

ေနာက္အလ်ဥ္းသင့္ရင္ နန္းတြင္း ထူးဆန္းေသာ အေၾကာင္းအရာေလးမ်ားကို တင္ျပေပးပါဦးမည္။ Credit

Unicode

လူသိနည်းသော ရတနာပုံခေတ် နန်းတွင်းကုန်းကုန်း (ကိုရီးယား နန်းတွင်းမိန်းမစိုးများကို ခေါ်သော အခေါ်အဝေါ်) မိန်းမစိုးများ အကြောင်းကို လေ့လာမိသလောက် တဆင့်ပြန်လည် တင်ပြပေးလိုက်ပါသည်။

ရှေးခေတ် မြန်မာဘုရင်တို့စံရာ ရွှေနန်းတော်တွင် အဆောင်တော်များစွာရှိသည်။ ကြေးတိုက်၊ မာရဘင်ဆောင်၊ အနောက်ဆောင် စသော အဆောင်များ ရှိသည့်အနက်

အနောက်ဆောင် ဆိုသည်မှာ ဘုရင့်မိဖုရား၊ နန်းရဆောင်ရ မိဖုရားငယ်များ၊ ကိုယ်လုပ်တော်များ နှင့် သမီးတော်များ နေထိုင်ရာ အဆောင်တော်ဖြစ်သည်။

နန်းစဉ်အဆက်ဆက် အနောက်ဆောင်ဆိုလျှင် ဘုရင်နဲ့ ပတ်သက်သော မိန်းမများ စုဝေးရာ နန်းတွင်းအရပ်ဟုသာ သိပြီးဖြစ်ကြသည်။

ထိုအနောက်ဆောင်တွင် အပျိုတော်၊ အထိန်းတော်၊ အဆောင်ကိုင် စသည်ဖြင့် အခြွေအရံ အများအပြားသည် နေ့ညဉ့်မပြတ် ခစားနေရသော မိန်းမများစုဝေးရာ ကမ္ဘာလေးတခုလို ဖြစ်နေပေတော့သည်။

အမျိုးသမီး သီးသန့်အဆောင်တော် ဖြစ်သည့်အတွက် ထိုအမျိုးသမီးများကို အုပ်ချုပ်ရန် အကြီးအမှုး တစ်ဦးတော့ လိုအပ်သည်။

ထိုသို့ အုပ်ချုပ်သော ပုဂ္ဂိုလ်ကို မိန်းမစိုး(ဆိုး) ဟု ခေါ်သည်။ မိန်းမစိုး၏ တာဝန်မှာ အဆောင်တော်အတွင်းရှိ မိဖုရားနှင့်

သမီးတော် မဟုတ်သော မောင်းမငယ်၊ ကိုယ်လုပ်တော်၊ သန့်ရှင်းရေးသမများ နှင့် အစေအပါးတော်များအား အုပ်ချုပ်ရန်ဖြစ်သည်။

မိန်းမစိုးဟူသည်ကား နန်းတွင်းရဲမေများသာလျှင် ဖြစ်ပေသည်။ အပျိုနည်းပါးပြီး အများစုမှာ အိမ်ထောင်သည်များ ဖြစ်ကြသည်။

မိန်းမစိုးတာဝန် ထမ်းဆောင်ခွင့်ရရန် လိုအပ်သည့် အရည်အချင်းများအနက် သန်စွမ်းသော ကာယဗလရှိခြင်း၊ ထက်မြက်ခက်ထန်သူ ဖြစ်ခြင်း ၊

စာရေးစာဖတ် တတ်မြောက်ပြီး နန်းတွင်းသုံး အလေ့အထ အသုံးအနှုန်း ကျွမ်းကျင်သူ ဖြစ်ခြင်း၊ အနာရောဂါကင်းစင်သူ ဖြစ်ခြင်း စသည်တို့ ပါဝင်လေသည်။

အများအားဖြင့် မိန်းမစိုးများသည် မြို့ဝန် တံခါးမှူး စသည့်အရာရှိ အလယ်အလတ်များ၏ မယားငယ်များ ဖြစ်ကြပေသည်။

မြို့ဝန်ဦးသာအိုး (စလေဦးပုညကို သတ်ခဲ့သူ) ၏ မယားငယ်များထဲမှပင်လျှင် မိန်းမစိုးအဖြစ် ငါးယောက်ရှိနေလေသည်။ ဦးသာအိုးကဲ့သို့ အဆင့်ရှိသူသည်

သူ၏မယားငယ် နှစ်ဆယ် အစိတ်ခန့်ကို လုံလောက်အောင် ကျွေးမွေးထောက်ပံ့ခြင်း မပြုနိုင်သဖြင့် သင့်တော်ရာ အလုပ်သွင်းပေးခြင်း စျေးဆိုင်ကနား နေရာချထားပေးခြင်းမျှသာ ဆောင်ရွက်ပေးနိုင်သည်။

ထိုမိန်းမစိုးများမှာ မိန်းမအစစ်များသာ ဖြစ်ပါသည်။ အချို့ထင်မြင်ရေးသားသလို သင်းကွပ်ထားသော ယျောက်ျားများ ဆိုသည်မှာ မဟုတ်ပါ။

မိန်းမစိုးများကို ဘုရင်က လစာရိက္ခာ အဆင့်လိုက် ပေးသနားချီးမြှင့်လေသည်။

မိန်းမစိုးများတွင် သာမန်မိန်းမစိုး နှင့် မိန်းမစိုးချုပ်တို့ ရှိပြီး မိန်းမစိုးတို့နှင့် မိန်းမစိုးချုပ်ကို ဝတ်ဆင်ထားသော အဆောင်အယောင်၊ အဝတ်အစားတို့ကို ကြည့်ပြီး ခွဲခြားနိုင်သည်။

မိန်းမစိုးတို့သည်ကား မိန်းမစိုးချုပ်က တာဝန် ချထားသည့်အတိုင်း ဆိုင်ရာအဆောင်တွင် ထမ်းရွက်ကြပ်မတ်ကြရခြင်း ဖြစ်ပေသည်။

မိန်းမစိုးတို့ ဝတ်ပုံစားပုံမှာ သာမန် ပိတ်ဖြူအဝတ်၊ ခေါင်းပေါင်းဖြစ်ပြီး လက်ထဲတွင် သစ်စေးသုတ်ကြိမ်လုံး (ထားဝယ်ကြိမ်)ကို ကိုင်ဆောင်သည်။

မိန်းမစိုးချုပ်မှာ ပိတ်ဖြူအဝတ်တွင် ရွှေစလွယ်၊ ရင်စီးအနီ ဝတ်ဆင်ပြီး ရွှေနားတောင်းကို ပန်ဆင်သည်။ လက်ထဲတွင် ငါးလိပ်ကျောက် (manta-ray) အမြီးကို ကိုင်ဆောင်သည်။

ကိုင်ဆောင်ထားသော လက်နက်များဖြင့် အမြင်မတော်သူကို ရိုက်နှက်ဆုံးမခွင့် ရှိသည်။ ရိုက်နှက် ဆုံးမမရသူများ၊

အပျိုတော်အချင်းချင်း၊ သမီးတော်အချင်းချင်း ဖြစ်သော ပြဿနာများ ရှိပါက ဖြန်ဖြေမရလျှင် သက်ဆိုင်ရာ မိဖုရားလက်သို့ အပ်ရသည်။

မိန်းမစိုး၏ အဓိက တာဝန်တစ်ရပ်မှာ ဘုရင့်မိဖုရားများ ဥယျာဉ်တော်ဆင်းလျှင် မလှမ်းမကမ်းမှ ကင်းပုန်းဝပ်ကာ စောင့်ကြပ်ရခြင်း ဖြစ်သည်။
မိဖုရားအား ကာကွယ်ရန် ဓားကိုင်ဆောင်ရသော အမျိုးသမီး တပ်ဖွဲ့များလည်း နန်းတွင်းတွင် ရှိသည်ဟု ကြားဖူးရာ မိန်းမစိုးများ ဖြစ်ဟန်တူပါသည်။

မိန်းမစိုးရာထူးအား အများအားဖြင့် ယောကျ်ားစိတ် ပေါက်နေသော အမျိုးသမီးများကို ခန့်အပ်လေ့ရှိသော်လည်း အမျိုးသား မိန်းမစိုးများလည်း ရှိသည်။

ခန့်အပ်သူများမှာ ယောကျာ်းအင်္ဂါ မထင်ရှားသူ အများစု ဖြစ်သည်။ ထင်ရှားသူမှာ ရတနာပုံခေတ်၊ မင်းတုန်းမင်းကြီး လက်ထက်က

မိန်းမစိုးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဖေခဲဆိုသူ ဖြစ်ပြီး မင်းတရားကြီးနတ်ရွာမစံခင် အချိန်အထိ ခစားခဲ့သည်။

ယင်း”ဖေခဲ”မှာလည်း သင်းကွပ်ထားသူ မဟုတ် ငယ်စဉ်ဘဝက ထိခိုက်မိ၍ ယောကျာ်းအင်္ဂါ မစုံလင်တော့သောသူသာ ဖြစ်သည်။

နောက်တစ်ဦးမှာ သာစည်နယ်၊ ဆံမြိတ်ရှည်ရွာ ဇာတိဖြစ်သူ ဦးရွှေဖီး ဖြစ်သည်။ ဦးရွှေဖီးမှာ သာစည်နယ်၊ မြင်းခေါင်းကြီး ဦးပို၏ သားဖြစ်ပြီး လက်ပံစင်မိဖုရား (သီရိသုသာမာမေဟ ဘွဲ့ခံ) ၏ မောင်အရင်းလည်းဖြစ်သည်။

သမုံးတိုင်ရွာကို စားရသူဖြစ်ပြီး နေမျိုးသီဟဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။ မိန်းမစိုးချုပ် ရာထူးအပြင် ပုပ္ပားတောင်ထိန်း (နတ်ကတော်ချုပ်) အဖြစ် နတ်ဗောင်းတော်ဆောင်း တာဝန်ကိုပါ ပူးတွဲယူခဲ့သူ ဖြစ်သည်။

မိန်းမစိုးရာထူး ရရှိရန် ယောကျာ်းစစ်စစ်များကို သင်းကွပ် ပစ်သည်ဆိုသော အယူအဆမှာ မမှန်ချေ။ ထိုရာထူးအတွက်

မည်သည့်ယောကျာ်းကိုမှ သင်းကွပ်ခဲ့ခြင်းမရှိပဲ ယောကျာ်းစိတ်ပေါက်နေသော အမျိုးသမီးများ နှင့် အမျိုးသားအင်္ဂါ မထင်မရှား ရှိသူများကိုသာ ခန့်အပ်ခဲ့ခြင်း ဖြစ်လေသည်။

ဤမျှလောက်ဆိုလျှင် မြန်မာနန်းတွင်းမိန်းမစိုး (ခ) ကုန်းကုန်းများအကြောင်းကို ခြုံငုံသုံးသပ်မိပြီ ထင်ပါသည်။

နောက်အလျဉ်းသင့်ရင် နန်းတွင်း ထူးဆန်းသော အကြောင်းအရာလေးများကို တင်ပြပေးပါဦးမည်။ Credit