ဗဟုသုတ

“အိမ်မှာအသက်(၆၀)ကျော်တဲ့ မိဘတွေရှိသေးရင် ဒီပို့စ်ကိုဖတ်ပေးပါ”

အိမ္မွာအသက္၆၀ေက်ာ္တဲ့ မိဘေတြ႐ွိေသးရင္ ဒီပို႕စ္ကိုဖတ္ေပးပါ

အိမ္မွာအသက္၆၀ေက်ာ္တဲ့မိဘေတြ႐ွိေသးရင္ဒီပိုစ့ေတြကိုဖတ္ ျပီးစာနာ နားလည္ေပးပါ ။ အသက္ ၆၀ ေက်ာ္လာတဲ့အခါ လူႀကီးေတြ ဦးေႏွာက္က စက်ံဳ႕လာၿပီလို႔သိပၸံပညာ႐ွင္ေတြက သုံးသပ္ၾကတယ္။

အသက္ ၆၀ေက်ာ္မိဘေတြ ႐ွိလာတဲ့အခါ က်မ တို႔ အမ်ားႀကီးနားလည္ေပးရမယ္ ..။စိတ္႐ွည္ေပးရမယ္.. အာ႐ုံေၾကာ အားလုံးက်ံဳ႕လာတဲ့အခါ ထိန္းခ်ဳပ္ျခင္းေတြ နည္းလာၿပီ။

စကားပြစိ ပြစိ ေျပာလာၾကမယ္ကိုယ့္ မသန္စြမ္းဘူးထင္မွာစိုးလို႔အိမ္႐ွိသမွ်အလုပ္ လိုက္လုပ္လိမ့္မယ္။ အဲ့ခါ ေနာက္ကျပန္လိုက္လုပ္တဲ့ သားသမီးေတြက ျငဴစူလာတဲ့အခါ မိဘေတြစိတ္က ကေလးလိုျပန္ျဖစ္လာၿပီး ဝမ္းနည္းလာမယ္။

အထီးက်န္ျပီး မေျပာရဲ မဆိုရဲ ျဖစ္လာၾကတယ္။ တစ္ခုခု ဝယ္ေပးတဲ့ အခါတိုင္း အေဖတို႔ အေမတို႔မွာ ႐ွိတယ္ … မလိုဘူး လို႕ အၿမဲ ျငင္းတတ္လာမယ္။

ဒါဟာ အပိုမကုန္ေစခ်င္လို႔ပါ။ တစ္ကယ္ေတာ့ ေက်နပ္ဝမ္းသာေနတာ..။ အသက္ႀကီးၿပီ ဘုရားတရားပဲ လုပ္ပါလား လို႔ တိုက္တြန္းလို႔ မရပါဘူး။ အသက္ႀကီးလာေလ ကေလးစိတ္ျပန္ျဖစ္လာတာမို႔ အေၾကာင္းအရာတစ္ခုကို ၾကာၾကာ စိတ္ဝင္စားတာမ်ိဳး မ႐ွိေတာ့ပါဘူး။

က်မတို႔ လူႀကီးမိဘေတြကို စကားေျပာေပးရမယ္။ စားခ်င္တာ ဝယ္ေကြၽးရမယ္။ သူတို႔ လုပ္ခ်င္တဲ့ အိမ္မႈကိစၥ မေသသပ္ေသာ္လည္း ေပးလုပ္ရမွာပါ။

အသစ္အသစ္ေတြ ဝယ္ေပးေသာ္လည္း အေဟာင္း ကို မစြန္႔ပဲ သိမ္းထားတတ္ၾကတာလည္း အသက္ႀကီးသူေတြက ကေလးလိုမို ႔ႏွေမ်ာလာၿပီး မစြန္႔ႏိုင္ၾကတာပါ။

အသက္ႀကီးလာတဲ့အခါ တစ္ခ်ိဳ႕ေသာမိဘေတြဆို သားသမီးက အေဝးကေန လိုေလေသးမ႐ွိ ပို႔ေပးၾကေပမယ့္ သူတို႔ လိုခ်င္တာက အဲ့ဒါမဟုတ္ပါဘူး။

ေႏြးေထြးမႈ အေလးထားမႈ ၊ သူတို႕နဲ႕ စကားေျပာေပးတာမ်ိဳး ကို လိုခ်င္ၾကတာပါ။ က်မကေတာ့ မူႀကိဳလည္းသင္၊ မူလတန္းျပ ဆရာမလည္းျဖစ္ ကေလးေတြ နဲ႔ အေနၾကာလာေတာ့ ကေလးစိတ္ကို ဖတ္ရင္း သူတို႔ေလးေတြ ေျပာသမွ် တိုင္သမွ်ကို နားေထာင္ေျဖ႐ွင္း ေပးတတ္သူတစ္ေယာက္မို႔ လူႀကီးမိဘေတာ္ေတာ္မ်ားမ်ားစိတ္ကိုလည္း ေလ့လာၿပီး နားလည္ေပးရပါမယ္။

လိုအပ္သမွ်လည္း တတ္ႏိုင္သေလာက္ ကူညီေပးရပါမယ္။

Crd.မူရင္း ေရးသားသူ

Unicode

အိမ်မှာအသက်၆၀ကျော်တဲ့ မိဘတွေရှိသေးရင် ဒီပို့စ်ကိုဖတ်ပေးပါ

အိမ်မှာအသက်၆၀ကျော်တဲ့မိဘတွေရှိသေးရင်ဒီပိုစ့တွေကိုဖတ် ပြီးစာနာ နားလည်ပေးပါ ။ အသက် ၆၀ ကျော်လာတဲ့အခါ လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ်။

အသက် ၆၀ကျော်မိဘတွေ ရှိလာတဲ့အခါ ကျမ တို့ အများကြီးနားလည်ပေးရမယ် ..။စိတ်ရှည်ပေးရမယ်.. အာရုံကြော အားလုံးကျုံ့လာတဲ့အခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီ။

စကားပွစိ ပွစိ ပြောလာကြမယ်ကိုယ့် မသန်စွမ်းဘူးထင်မှာစိုးလို့အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ်။ အဲ့ခါ နောက်ကပြန်လိုက်လုပ်တဲ့ သားသမီးတွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလိုပြန်ဖြစ်လာပြီး ဝမ်းနည်းလာမယ်။

အထီးကျန်ပြီး မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။ တစ်ခုခု ဝယ်ပေးတဲ့ အခါတိုင်း အဖေတို့ အမေတို့မှာ ရှိတယ် … မလိုဘူး လို့ အမြဲ ငြင်းတတ်လာမယ်။

ဒါဟာ အပိုမကုန်စေချင်လို့ပါ။ တစ်ကယ်တော့ ကျေနပ်ဝမ်းသာနေတာ..။ အသက်ကြီးပြီ ဘုရားတရားပဲ လုပ်ပါလား လို့ တိုက်တွန်းလို့ မရပါဘူး။ အသက်ကြီးလာလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့ အကြောင်းအရာတစ်ခုကို ကြာကြာ စိတ်ဝင်စားတာမျိုး မရှိတော့ပါဘူး။

ကျမတို့ လူကြီးမိဘတွေကို စကားပြောပေးရမယ်။ စားချင်တာ ဝယ်ကျွေးရမယ်။ သူတို့ လုပ်ချင်တဲ့ အိမ်မှုကိစ္စ မသေသပ်သော်လည်း ပေးလုပ်ရမှာပါ။

အသစ်အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်း ကို မစွန့်ပဲ သိမ်းထားတတ်ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့နှမျောလာပြီး မစွန့်နိုင်ကြတာပါ။

အသက်ကြီးလာတဲ့အခါ တစ်ချို့သောမိဘတွေဆို သားသမီးက အဝေးကနေ လိုလေသေးမရှိ ပို့ပေးကြပေမယ့် သူတို့ လိုချင်တာက အဲ့ဒါမဟုတ်ပါဘူး။

နွေးထွေးမှု အလေးထားမှု ၊ သူတို့နဲ့ စကားပြောပေးတာမျိုး ကို လိုချင်ကြတာပါ။ ကျမကတော့ မူကြိုလည်းသင်၊ မူလတန်းပြ ဆရာမလည်းဖြစ် ကလေးတွေ နဲ့ အနေကြာလာတော့ ကလေးစိတ်ကို ဖတ်ရင်း သူတို့လေးတွေ ပြောသမျှ တိုင်သမျှကို နားထောင်ဖြေရှင်း ပေးတတ်သူတစ်ယောက်မို့ လူကြီးမိဘတော်တော်များများစိတ်ကိုလည်း လေ့လာပြီး နားလည်ပေးရပါမယ်။

လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေးရပါမယ်။

Crd.မူရင်း ရေးသားသူ