ဗဟုသုတ

“အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ်”








အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ်

သည်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင်

အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လား… လူလိမ္မာ မှ စိုက်ရမည်လား … စသဖြင့် အမှတ်မထင် ဆရာကြီး စစ်ကိုင်းဦးဖိုးသင်း ၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့ သည်

ဘူးပင်ကို အိမ်ဝင်းများ အတွင်း မိုးအခါ စိုက်ပျိုး တတ်သည် ဆောင်းအခါ တော့ ကိုင်းဘူးပေါ့ မိုးတွင်း လေတိုက် ခတ်ရာ အရပ်မှာ တောင်လေ၊ အနောက်တောင် လေများ တိုက်ခတ် ပါသည် ဘူးပင်သည် နေ့အခါ နိုက်ထရို ဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါ သည်

ည အခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ထုတ်လွှတ် ပါသတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်သည် အဆိပ်ဓါတ် ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင် စိုက်မိလျှင်

ညအခါ ဘူးပင်မှ လာသော လေသည် လေဆိုး အဆိတ်ဓါတ်ပါပဲ ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ ဝင်နိုင်ပါသတဲ့ သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင် ဘူးပင်စိုက်ပျိုးပါက အိမ်၏ တောင်ဘက် အရပ်တွင် ဘူးပင် မစိုက်ပျိုး သင့်ကြောင်းကို အိမ်တောင်လူမိုက် ဘူးမစိုက်နှင့် ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း…..