ဗဟုသုတ

ငယ်ငယ်က သတ်မထားမိခဲ့တဲ့ “Tom & Jerry” ထဲက စိတ်မကောင်းစရာ ဇာတ်၀င်ခန်းလေးတစ်ခု

ငယ်ငယ်က သတ်မထားမိခဲ့တဲ့ “Tom & Jerry” ထဲက ဇာတ်၀င်ခန်းလေးတခု။

ဒီဇာတ်၀င်ခန်းလေးရဲ့ နာမည်ကိုတော့ “လူသားတွေရဲ့ ရက်စက်မှု” လို့ နာမည်တပ်ချင်တယ်။

ဘာလို့လဲဆိုတာကို ရှင်းပြပါမယ်။

Tom & Jerry ရဲ့ “Heavenly Express” Episode မှာ Tom ကြီးတယောက် Heaven ( နတ်ပြည် ) ကို ရောက်သွားတဲ့အချိန်မှာလေ , နတ်ပြည်ရဲ့ဂိတ်အပေါက်၀မှာ တာ၀န်ကျတဲ့ ကြောင်ကြီး Tuts ကနေ လူ့‌လောကမှာသေဆုံးလို့ နတ်ပြည်ကို၀င်ရမဲ့ ကြောင်လေးတွေကို တဦးချင်းစီ စိစစ်ပေးတယ် ။

အဲ့ဒီမှာ နတ်ပြည်ကို ပထမဆုံး၀င်လာတဲ့ကြောင်က Butch ဆိုတဲ့ကြောင်မဲလေး , သူက ခွေးဘီလူးတစ်ကောင်နဲ့ ပြိုင်ကိုက်ရင်း သေသွားတာ။
သူ့ကို ဂိတ်စောင့်ကြောင်ကြီး Tuts က ၀င်ခွင့်ပေးလိုက်တယ်။

နောက်တဦးက Frankie :

သူကတော့ လူသား‌တယောက်ရဲ့အိမ်နောက်ဖေးမှာ သီချင်းလေးညည်းနေတုန်း အိမ်ရှင်က နားငြီးလိုက်တာဆိုပီး မီးပူနဲ့ကောက်အပေါက်ခံရလို့ သေသွားရတာပါတဲ့။

သူလဲ ၀င်ခွင့်ရသွားပါတယ်။

နောက်ကြောင်လေးကတော့ Aloysius ပေါ့။

သူက ကားလမ်းမပေါ်မှာ ပြေးလွှားဆော့နေတုန်း လမ်းကြိတ်စက်နဲ့ တက်ကြိတ်ခံလိုက်ရပီး နတ်ပြည်ကို ခန္တာကိုယ်ပြားလျှက်သားလေးနဲ့ ရောက်လာတာ။

သူလဲပဲ နတ်ပြည်ကို၀င်သွားတယ်။

ဒါပေမဲ့ , နောက်ဆုံး၀င်လာတဲ့ Fluff , Puff , Muff ဆိုတဲ့ ကြောင်သေးသေးလေး “3” ကောင်ကကျ‌လေ အလုံပိတ်ချည်ထားတဲ့ အိတ်လေးတလုံးကို ပြိုင်တူရွှေ့ပီး နတ်ပြည်ကိုရောက်လာကြတာ။

နတ်ပြည်ထိရောက်မှပဲ သူတို့လေးတွေ အဲ့ဒီအိတ်ထဲကနေ ထွက်လာနိုင်တော့တယ်။

အဲ့ Scene က်ိုကျွန်တော် အခုချိန်ထိပဲ မှတ်မိနေတုန်း။

ဒါပေမဲ့ ငယ်ငယ်ကကြည့်တုန်းကတော့ ဟာသလေးတစ်ခုပါကွာလို့ အထင်မှားခဲ့မိတာပေါ့။

တကယ်တမ်း အသက်ကြီးလာမှ , အဲ့ဒီ ကြောင်သေးသေးလေး “3” ကောင်က ဘယ်ပုံဘယ်နည်းနဲ့ သေဆုံးခဲ့ကြလဲဆိုတာ စိတ်၀င်စားလာတယ်။

စိတ်၀င်စားလာတော့မှလဲ သွားရှာကြည့်မိတာပေါ့။

အဲ့မှာသိလိုက်ရတာက , ဒီကြောင်လေး 3 ကောင်ကိုလေ သူတို့ကိုမွေးထားတဲ့ ပိုင်ရှင်ကိုယ်တိုင်ကိုက အိတ်ထဲထည့်ပိတ် အဲ့အိတ်ကိုအလုံချည်ပီး မြစ်ထဲပစ်ချပစ်ခဲ့တာပါတဲ့။

What kind of Cruel mind did he have to murder these poor cats !

သူတို့လေးတွေမသေခင်မှာ ဘယ်လောက်ထိ မွန်းကြပ်ပီး သေရခက်ခဲ့မှန်းက တွေးကြည့်တာနဲ့တင် ကြက်သီးထစရာကြီးပါ။

ကြောင်လေးတစ်ကောင်ကို သတ်ဖို့နည်းလမ်းတွေထဲမှာမှ ဒီနည်းလမ်းက အလွယ်ကူဆုံးနဲ့ အဆိုးရွားဆုံးနည်းလမ်းပဲ။

Cartoon လို့ပဲဆိုဆို , ဒီ Scene လေးဟာ လူသားတွေအကုန်လုံး ( အထူးသဖြင့် Cat or Dog Owner ) လေးတွေအတွက် သင်ခန်းစာအကြီးကြီး ပေးထားတယ်လို့ပဲ မြင်မိတယ်။

အဲ့ Scene လေးရဲ့အပိတ်မှာ , ဂိတ်စောင့်ကြီး Tuts ဟာ ကြောင်အမြွှာလေး 3 ကောင် နတ်ပြည်ဂိတ်ထဲ၀င်သွားတာကို လှမ်းကြည့်နေရင်း သက်ပြင်းတချက်ချကာ ညီးတွားမိရှာတယ်။

“ဘယ်လိုလူတွေကများ လုပ်ရက်ရတာလဲကွာ” တဲ့။

𝗬𝗼𝘂𝗿 𝗣𝗲𝘁 𝗶𝘀 𝗽𝗿𝗲𝗰𝗶𝗼𝘂𝘀 , 𝗟𝗼𝘃𝗲 𝘆𝗼𝘂𝗿 𝗣𝗲𝘁 🤍

Credit

#kookie