News

သူသိပ်ချစ်တဲ့ ဝက်ဝံ (၂)ကောင်က ကိုက်လိုက်လို့ ဒီမနက်မှာပဲ သေဆုံးခဲ့ရတဲ့ တိချစ်သူ ၊ပရဟိတသမား ကိုအောင်

သိပ်ချစ်ရ​သောဝက်ဝံကပင် စိတ်ရိုင်းဝင်ပြီး သခင်ကို သတ်သည့်ဖြစ်ရပ်​ကြောင့် #အနှိုင်းမဲ့အကြင်နာပရဟိတသမား ​ကိုအောင်(မြင့်မိုရ်နန်း) ကွယ်လွန်

တောင်ငူက တိချစ်သူအဖြစ်ထင်ရှား​သော ချစ်ရင်သုံးခါနမ်းကိုအောင်(မြင့်မိုရ်နန်း) ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူခံစားရပါသည်။

ကိုအောင်(မြင့်မိုရ်နန်း) ကွယ်လွန်ခြင်းမှာ ၄င်းသိပ်ချစ်ရ​သော ဝက်ဝံကပင် စိတ်ရိုင်းဝင်ပြီး ကိုက်သတ်သည့်ဖြစ်ရပ်​ကြောင့် ​ဟု ​တောင်ငူက မျက်မြင်​တွေ့ရှိ​ရေးသားသူတို့ထံကသိရပါသည်။

” ကျနော့်ရုံးဖုံးကို ကိုအောင်ကြီးဇနီးသည် မနက် ၃ နာရီ ၄၀ဖုံးခေါ်လာတယ်….ကိုအောင်ဝက်ဝံကိုက်ခံရလို့ နာရေးကားနဲ့ လူအငိအားကူညီပေးပါတဲ့….

ကြားကြားချင်းမယုံနိုင်အောင်ဖြစ်ရတယ်…ချက်ချင်းကားစက်နိူးတန်းထွက်ရောက်တော့ အခြေအနေကမကောင်းတော့ပါဘုး…သူချစ်တဲ့ ဝက်ဝံကြီးနှစ်ကောင် ခြေရင်းမှာ ကိုယ့်လူက စန့်စန့်ကြီးသေနေပါပြီ…..

ပိုဆိုးတာကအရိုင်းစိတ်ဝင်သွားပြီဆိုတော့ သခင်မှန်းမသိတော့ဘူး….လူ့အသားကပိုချိုတယ်ထင်ပါရဲ့ ….အလောင်းဝင်ကောက်ဖို့တောင်မလွယ်တဲ့အတွက် အာဏာပိုင်အဖွဲ့အစည်းကို လှမ်းခေါ် အကူအညီတောင်း စကိုက်တဲ့ချစ်ပိုရော၊ သူအရမ်းချစ်တဲ့ အိစိကွေးရော သေနတ်နဲ့ ခေါင်းတည့်တည့် ၃ ချက်စီပစ်ရ
တယ်။

သူ့သခင်ကိုဝင်ကူတဲ့ ခွေးတွေလည်း ဝက်ဝံကိုက်လို့သေတာပါပဲ….ကိုအောင်ကြီးအရမ်းမောင်းချင်တဲ့ ရုံးကနာရေးကားနဲ့ပဲ ရင်ခွဲရုံအရောက်ပို့ဆောင်ပေးခဲ့တယ်။

ကိုအောင်ရယ် ခင်ဗျာရဲ့ အနိူင်းမဲ့အကြင်နာ ကြီးကတော့လက်လန်ပါတယ်ဗျာ……” ဟူ​သောရင်နင့်ဖွယ်အဖြစ်ကို​တောင်ငူက ပရဟိတသမားတစ်ဦးဖြစ်သူကိုလှမျိုးဝင်း မြန်မာစာ က​ရေးသားထားသည်။

“စိတ်မကောင်းလိုက်တာ အကိုကြီးကိုအောင်(မြင့်မိုရ်နန်း) အခုလိုဖြစ်မယ်လို့မထင်ထားဘူးအကိုကြီးရာ ကိုယ်သိပ်ချစ်တဲ့ဝက်ဝံက စိတ်ရိုင်းဝင်ပြီး အကိုကြီးကို သတ်ရတယ်လို့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်အကိုကြီးအကိုကြီး (တိ)တွေပေါ်မှာအရမ်းကိုကြင်နာတက်တဲ့အကိုကြီး ကောင်းရာသုဂတိလားပါစေ”ဟုလည်းတောင်ငူက ပရဟိတသမားတစ်ဦးဖြစ်သူကိုမင်းသူကက​ရေးသားထားသည်။

ကွယ်လွန်သူကို​အောင်မှာ မကွေးတိုင်း သရက်မြို့ အ.လ.က (၁)မှာ ​ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းကိုသရက်တစ်မြို့နယ်လုံးဒုတိယ နှင့်​အောင်မြင်ခဲ့သူဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်က Bsc (Industrial Chemistry )ဘွဲ့ကို Applied Maths ဘာသာ၌ ဂုဏ်ထူးဖြင့်ဘွဲ့ရခဲ့သူလည်းဖြစ်ပါသည်။ ​တောင်ငူမြို့၌ မြင့်မိုရ်နန်းတည်းခိုခန်းနှင့်​ကေတီဗွီ လုပ်ငန်းကိုကိုယ်ပိုင်လုပ်ကိုင်သူဖြစ်ပါသည်။ ဝက်ဝံလေးတွေကိုလည်း မွေးထားသည့်အတွက် တိချစ်သူ​အဖြစ်ထင်ရှားပါသည်။

အနှိုင်းမဲ့အကြင်နာပရဟိတ အမည်ဖြင့် ဝက်ဝံလေးများတိရိစ္ဆာန်​လေးများကိုယဥ်ပါး​အောင်သွန်သင်လျက်လက်ပွန်းတတီး​နေထိုင်​စေကာမွေးမြူထားခြင်းဖြစ်ကာ ယခုအခါ​မျှော်လင်ွမထား​သောဖြစ်ရပ်ဖြစ်ပြီး ယ​​နေ့ ဧပြီ ၇ရက်​နေ့၌ ၄င်းသိပ်ချစ်ရ​သော အိစိ​ကွေး နှင့်ချစ်ပိုအမည်ရှိဝက်ဝံတို့ကပင် စိတ်ရိုင်းဝင်ပြီး သခင်ကို သတ်သည့်ဖြစ်ရပ်​ကြောင့် ​တောင်ငူကကိုအောင်(မြင့်မိုရ်နန်း) ကွယ်လွန်ခဲ့ရရှာခြင်းဖြစ်​ကြောင်းသိရသည်။

သို့ပါ၍ တိရိစ္ဆာန်​လေးများအ​ပေါ်​မေတ္တာကြီးမားသူအနှိုင်းမဲ့အကြင်နာပရဟိတသမား ကိုအောင်(မြင့်မိုရ်နန်း) အတွက် ​#ကောင်းကင်သစ်ပရဟိတအနုပညာမီဒီယာ ကမိသားစုနှင့်ထပ်တူခံစားရပါ​ကြောင်းထပ်​လောင်းဆိုကာမှတ်တမ်းတင်ပါသည်။

#TheNewSkyMedia #photocrd