မတ်လ ၃၀ ရက်က ပျောက်ဆုံးသွားခဲ့ပြီး ဧပြီ ၁ ရက်မှာ ဇွဲကပင်တောင် အထက်ရေတံခွန် ဘုရားလေးအနီးတွင် သေဆုံးလျက်တွေ့ရှိခဲ့ရတဲ့ မဇာခြည်လှိုင်ကို သူ့ချစ်သူ ဒယ်ကလစ်က thetဖြတ်လိုက်တာလို့ အလောင်းကို သယ်ယူခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံမြို့နယ်)က တာဝန်ရှိသူက ပြောပါတယ်။
“ သူတို့ ကြိုက်နေတာက ၃နှစ်လောက်ရှိနေပြီ၊ သူတို့စကားပြောနေတဲ့အချိန်မှာ မက်ဆေ့ဝင်လာတော့ ကောင်လေးက သူ့ကောင်မလေးဆီမှာ တခြား တစ်ယောက်ရှိနေတာကိုသိလိုက်လို့ လည်ပင်းညှစ်ပြီး thetလိုက် တာလို့သိရတယ်။ thetတဲ့နေရာက တစ်နေရာ၊ အလောင်းဖွက်တာ ကတစ်နေရာပေါ့။
thetပြီးတော့ ကောင်မလေးကို ဒရွတ်တိုက်ဆွဲသွားတဲ့ အချိန် ဖိနပ်ကျန်ခဲ့တယ်။ ခွေးကစပြီးသိတာ၊ ခွေးကဖိနပ်ကိုအရင်တွေ့တာ” လို့ပြောပါတယ်။
KNLA-PC က thayဆုံးသူရဲ့ချစ်သူကို မသင်္ကာလို့ ဖမ်းဆီးကာ ထုံးအိုင်နယ်မြေ ရဲစခန်းကို အပ်လိုက် တာဖြစ်ပြီး တရားခံကလည်း သူthetလိုက်ကြောင်း ဝန်ခံခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ အမျိုးသားဟာ ဘားအံမြို့နယ်၊နွားခြံကုန်း ကျေးရွာနေ တမီလ်လူမျိုးဖြစ်ပြီး မဇာခြည်လှိုင်ရဲ့ ချစ်သူလို့လည်းသိရပါ တယ်။ ဒယ်ကလစ်ကို လူသthetမှု၊ အလောင်းဖျောက်မှုနဲ့ ကြိုတင်ကြံစည်မှုတို့နဲ့ တရားစွဲထားတယ်လို့လည်း သိရပါတယ်။
thayဆုံးသူအမျိုးသမီးဟာ ဘားအံမြို့ နယ်၊ ဘားကပ်၊ တောကြီးကုန်းကျေးရွာ မှာနေထိုင်တဲ့ အသက် ၂၀ နှစ် အရွယ် မဇာခြည်လှိုင်ဖြစ်ပြီး၊ ဒုတိယနှစ်(သင်္ချာ) ကျောင်းသူဖြစ်ပါတယ်။
ဓါတ်ပုံ မဇာခြည်လှိုင်ရဲ့ ချစ်သူ ဒယ်ကလစ်နဲ့ thayဆုံးသူ မဇာခြည်လှိုင်