News

“စကစ ၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသူများကို တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း NUG၏ ယာယီတက္ကသိုလ်ကောင်စီများမှ အသိပေး”

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသူများကို တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ယာယီတက္ကသိုလ်ကောင်စီ ရတနာပုံတက္ကသိုလ်မှ အတိအလင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကြေညာချက်(၃/၂၀၂၂)ဖြင့်ယနေ့မနက် ၈နာရီကျော်က ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီမှ ထုတ်ပြန်အသိပေးခဲ့တာဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကျွန်ပညာရေးကို ကျွန်တော်တို့လက်မခံဘူး။အခုမေးခွန်းတွေကိုပဲကြည့်။ဖြေဆိုနေတဲ့ သစ္စာဖောက်လောက်ကောင်တွေကို တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်တားမြစ်သွားမည်ဟု ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒါ့အပြင် ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီအနေနှင့် တော်လှန်ရေးကိုမျက်ကွယ်ပြုကာ အကြမ်းဖက်စစ်ကောင်စီ စစ်အုပ်စုထောက်တိုင်များအဖြစ်ပါဝင်သူ မည်သူကိုမဆို ပြင်းထန်စွာရှုတ်ချကြောင်း ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက ပြောသည်။

ရတနာပုံတက္ကသိုလ်သည် အမျိုးညီညွတ်ရေးအစိုးရနှင့်ချိတ်ဆက်ထားသည့် ယာယီတက္ကသိုလ်ကောင်စီထဲတွင်ပါဝင်ပြီး NUGနှင့်ချိတ်ဆက်ထားသည့် ကျန်ပညာရေးဘုတ်အဖွဲ့များ နှင့် ယာယီတက္ကသိုလ်ကောင်စီများမှလည်း စစ်ကျွန်ပညာရေး တက္ကသိုလ်ဝင်စာမေးပွဲကို အလိုမရှိသဘောမကျကြောင်း အတိအလင်း ထုတ်ပြန်ထားသည်။