ဗဟုသုတ

“ခဏတာ ဖြစ်ဖြစ် တစ်သက်တာ ဖြစ်ဖြစ် သီလရှင် ဝတ်တော့မယ် ဆိုရင် ကြိုတင်သိရှိထားသင့်သည့် အချက်များ”

သီလရှင်ဝတ်လိုသူများသိရှိရန် ဗဟုသုတ

#သီလရှင်ဝတ်မည့်အမျိုးသမီးတွေ

သီလရှင် မဝတ်ခင်မှာ သီလရှင်ဝတ်တဲ့ အ ခါ ဘယ်လိုစိတ် ထားရမယ် … ဘာတွေကို ရှောင် ကြဉ်ရမယ် … ဘာတွေဆောင်ရွက်ရမယ် … ဆိုတာ တွေကို အရင်ဦးဆုံး လေ့ လာ သိရှိထားကြရပါမယ်။

ဒီ Albumမှာ သီလရှင်အကြောင်း သိကောင်း စရာ အဖြာဖြာကို လေ့လာမိသမျှ စုဆောင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတယောက်_သီလရှင်ဝတ်ချင်တယ်ဆိုရင် –

~ မိဘထံမှ ခွင့်ပန် ရပါတယ် ။

~ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက် ကတော့ မိဘ ခွင့်ပြုချက် သာမက ကိုယ်ဝန် မရှိသူ ၊နို့စို့ ကလေးငယ် မရှိသူ ဖြစ်ရ ပါမယ်။
~ သီလရှင် ဝတ်ခွင့် ရပြီး အမျိုးသမီးကို

သီလရှင် ကျောင်းကို ပို့ပြီး သီလရှင် အ တွက် လိုအပ်ရာရာ အသုံးအဆောင်များ စီမံပေးခြင်း သီလရှင် ကျင့်ဝတ် သင် ကြားပေးခြင်း ဥပုသ် သီလ ဆောက်တည် စေခြင်း အမှုတို့ကို ပြုရပါတယ် ။

သီလရှင်တစ်ပါးအတွက်လိုအပ်တဲ့_ပစ္စည်းတွေကတော့ –

၁။ ခေါင်းရိတ်ရန်ဂျုပ် နှင့် ဓါး ၊

၁။ သီလရှင်ဝတ်စုံ ၊

၂။ ပခုံးတင် ၊

၃။ ထိုင်ခင်း ၊

၄။ မျက်နှာသုပ်ပုဝါ ၊

၅။ မောင်းတောင်ချိုင့် ၊

၆။ ဆွမ်းချက်ရန် အိုး ခွက် ၊

၇။ ဆွမ်းစားရန် ဇလုံ ဇွန်း ၊

၈။ သောက်ရေခွက် ၊

၉။ ဖျာ နှင့် ခြင်ထောင် စောင် ခေါင်းအုံး ၊

၁၀။ ထီး ၊

၁၁။ ဖိနပ် ၊

၁၂။ စိပ်ပုတီး ၊

၁၃။ စာအုပ် ၊

၁၄။ စာရေးကရိယာ ၊

၁၅။ သေတ္တာတွေပါ။

အဲဒီ အသုံးအဆောင်တွေကို အလှအပ မပါဝင်စေဘဲ ရိုးရိုးရှင်းရှင်း သာရုပ္ပ ဖြစ်ရန်သာ သီလရှင်နှင့် အပ်စပ်အောင် စီမံရပါမယ်။သီလရှင်လောင်းဆောက်တည်ရမည့် သီလ တွေကို တခုချင်း နားလည်အောင် ပြောပြသွားပါမယ်။

ပါတိမောက္ခသံဝရသီလ ကို အရင် ပြောပြမှာပါ။

၁။ သက်ရှိ သတ္တဝါ ရဲ့ အသက်ကို သတ်ခြင်း မှ ရှောင်ရမယ်။

ဘာကောင်ကိုမှ မသတ်ပဲ နေနိုင်မှ သီလ ရှင် ဖြစ်မှာနော်။ နေနိုင်ပါ့မလား❗ခြင်လာ ကိုက်ရင် ဘယ်လိုလုပ်မလဲ။ မသတ်ရဘူးနော် ။ လေနဲ့မှုတ်လိုက်ပေါ့။

ဒီလိုဘဲ ဘာကောင်ကိုမှ ဘယ်သူ့ကိုမှ သေစေလိုတဲ့ ဒေါသစိတ် နဲ့ မသတ်ရဘူး။

ကိုယ်တိုင် မသတ်ရုံမက သူများတွေကိုလည်း မသတ်ခိုင်းရဘူး ❗။ ကိုယ့်ကို ကိုက်နေတဲ့ ခြင်ကို ရိုက်ပေးပါလို့ မပြောရဘူးနော်။

သူ့ကို ကိုက်နေတဲ့ခြင်ကိုလည်း ရိုက် သတ် လိုက်လေလို့ မပြောရဘူး။

တစ်ယောက်ယောက်က တစ်ကောင်ကောင်ကို သတ်လိုက်တယ်ဆိုရင်လည်း တော်လိုက်တာလို့ မချီးမွမ်းရဘူး❗။

ဟိုမှာ မြွေတစ်ကောင် သတ်ချင်တယ်လို့ တစ်ယောက်ယောက်က ပြောလာရင် ကိုယ်ကလည်း တစ်စိတ် တစ်ဝမ်းတည်း သတ်လိုက်တာဘဲ အေးပါတယ် လို့ စိတ်တူ ကိုယ်တူ မဖြစ်ရဘူး။

အဲဒီလို လေးချက်စလုံးကို ရှောင်နိုင်ရမယ်။

မွေးပြီး အသက်ရှင်နေတဲ့ သတ္တဝါတင် မက မမွေးသေးတဲ့ ပဋိသန္ဓေ ယူနေဆဲ မိခင်ဝမ်း တည်းက သန္ဓေသားကိုလည်း သေကျေ ပျက်စီးအောင် ဆေး အစာ ကျွေးတာတို့ ဖျက်ချပေးတာတို့ မလုပ်ရဘူးနော် ။

သူများလုပ်တာကိုလည်း တိုက်တွန်းတာ ချီးမွမ်းတာ စိတ်တူကိုယ်တူ ဖြစ်နေတာတွေ မလုပ်ရပါဘူး။

ဥ ကနေ ပေါက်တဲ့ သတ္တဝါတွေရဲ့ ဥကိုလည်း မခွဲရဘူး။

အဲဒီလို စောင့်စည်းနိုင်မှ သီလရှင် ဖြစ်ပါမယ်။

❗၂။ သီလရှင်ဟာ ပိုင်ရှင်က ယူလိုက်ပါလို့ မပြောတဲ့ သူတပါးပစ္စည်းကို မယူရဘူး။ကိုယ်က လိုချင်လို့ တောင်းတဲ့အခါ ပိုင်ရှင်က ကိုယ်ထိလက်ရောက် ဖြစ်စေ နှုတ်နဲ့ ဖြစ်စေ ပေးတော့မှသာ ယူရပါမယ်။ အဲဒီလို သူတပါး မပေးတဲ့ ပစ္စည်းကို လိုချင်လို့ ယူမယ်ဆိုရင်တော့ သီလရှင် မဖြစ်တော့ဘဲ သူခိုး ဖြစ်သွားပါလိမ့်မယ်။

ဒီနေရာမှာလည်း ကိုယ်တိုင် မယူရုံမကဘဲ သူများကိုလည်း မယူခိုင်းရဘူး။ သူများခိုးတာကိုလည်း မချီးမွမ်းရဘူး။ စိတ်တူကိုယ်တူလည်း မဖြစ်ရပါဘူး။

❗၃။ နောက်တခုကတော့ မမြတ်သော မေထုံအကျင့်ကနေ ရှောင်ရပါမယ်။

မေထုံငယ်_၇မျိုး ကိုလည်း ရှောင်ရမယ်။

!! ၃ – ၁ သီလရှင်ရဲ့ ဝိသဘာဂဖြစ်တဲ့ အမျိုး သား ဖြစ်တဲ့ လူယောက်ျားကိုဖြစ်စေ ရဟန်းကိုဖြစ်စေ ကိုရင်ကိုဖြစ်စေ ထိတွေ့ကိုင်တွယ် သာယာခြင်း မပြုရပါဘူး။

!! ၃ -၂ ဝိသဘာဂ နှင့် မထိသော်လည်း ကာမ ဂုဏ်နှင့်စပ်သော စကားကို ပြောဆိုရယ်မောသာယာခြင်း မပြုရပါဘူး။

!! ၃ – ၃ ဝိသဘာဂနှင့် မထိ စကားမပြောသော်လည်း တစိမ့်စိမ့်ကြည့်ကာ သာယာ၍ မနေရပါဘူး။

!! ၃ – ၄ နောက်တခုကတော့ မမြင်ရပေမဲ့ ဝိသဘာဂရဲ့ အသံကို ကြားရတဲ့အခါ နား ထောင်ပြီး နှစ်သက်တပ်မက်သာယာခြင်း မဖြစ်ရပါဘူး။

!! ၃ – ၅ မိမိ သီလရှင် မဝတ်ခင်က အမျိုး သားနှင့် ချစ်သူခင်ပွန်းအဖြစ် နေထိုင်ခဲ့တာကို ပြန်တွေးပြီး သာယာခြင်းမျိုးကိုလည်း မဖြစ်အောင် စောင့်စည်းရပါမယ်။

!! ၃ — ၆ အခြားသော ဇနီးမောင်နှံတို့ ကြည် နူးစွာ သွားလာနေထိုင်ကြတာကိုလည်း ကြည့်ရှုသာယာခြင်း မပြုဘဲ ရှောင်ရှားရပါမယ်။

!! ၃ – ၇ နောက်ဆုံးတခုကတော့ ငါအခုမေထုံဆိုင်ရာအမှုတို့ကို ရှောင်တယ်။ ဒီကောင်းမှုဟာ နတ်ဘဝကို အကျိုးပေးတဲ့အခါမှ နတ်ကာမချမ်းသာကို ပျော်ပျော်ပါးပါး ခံစားတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း မထား ရပါဘူး။

👉 ကဲ စောင့်ထိန်းနိုင်ကြပါ့မလား။ သီလရှင် ဝတ်ချင်ရင်တော့ စောင့်ကိုစောင့်ထိန်းရမယ်နော်။

🚫 အထူးသတိထားဖို့က ကိုယ့်သားလေး ရဟန်းဝတ်နေတယ် ကိုယ်က သီလရှင် ဆိုလည်း ငါ့သားလေးဘဲဆိုတဲ့ အမှတ်နဲ့ မကိုင်မိပါစေနဲ့။

အနားမှာ အဖေါ်မရှိဘဲ သီလရှင်နဲ့ အမျိုး သား နှစ်ယောက်ထည်း မနေတာ အကောင်းဆုံးပါဘဲ။

အမျိုးသားနဲ့ သီလရှင် နှစ်ယောက်တွဲဓါတ်ပုံ မရိုက်မိဘို့ သတိထားပါ။

ကိုယ့်သား ကိုယ့် အဖေက ရဟန်းဝတ်နေတယ် အမှတ်တရ ဓါတ်ပုံရိုက်ချင်တယ်ဆိုရင် နှစ်ပါးတည်း ပခုံးချင်းယှဉ်ပြီး ဓါတ်ပုံ မရိုက်စေချင်ပါဘူး။ သီလရှင်က ရဟန်းကို လက်အုပ်ချီလျက်သာ ရိုက်ပါ။ 🔰

❗၄။ မုသားမပါ လင်္ကာမချောတဲ့ ခေတ်ကြီးမှာ စောင့်ထိန်းရ အခက်ဆုံးကတော့ လိမ်ညာပြီး မပြောရဘူးတဲ့။ စကားပြောတဲ့နေရာမှာ အမှန်အတိုင်းသာ ပြောရမယ်နော်။

ပြောနိုင်ပါ့မလား။

❌လိမ်ပြောချင်ရင် သီလရှင် မဝတ်ပါနဲ့။❌

❌သီလရှင် ဝတ်မယ်ဆိုရင် လိမ်မပြောပါနဲ့။❌

ဒို့ရဲ့ မြတ်စွာဘုရား ပါရမီဖြည့်ခဲ့တဲ့ အ လောင်းတော်ဘဝတလျောက်မှာ ဘယ်တုန်း ကမှ လိမ်မပြောခဲ့ဖူးဘူးတဲ့။ ဘယ်လောက် အားကျစရာကောင်းလိုက်သလဲ။အတုယူပြီး စောင့်ထိန်းရမယ်နော်။

တယောက်နဲ့တယောက် အချစ်အခင် ပျက်စေမဲ့စကားလည်း မပြောရဘူး။

စကားလုံးကြမ်းကြမ်း အဓိပ္ပါယ် ကြမ်းကြမ်း စကားတွေကိုလည်း ရှောင်ရမယ်နော်။

အဓိပ္ပါယ် ကြမ်းတဲ့ စကား ဆိုတာကို ဥပမာ – ပြောရရင် သူ့ကြောပြင်ကို ကြိမ်စကြ်ာနဲ့ သီချင်းတစ်ပုဒ်စာ ဗျောတင်လိုက်ပါလို့ ချိုချိုသာသာ ပြောသော်လည်းရက်ရက် စက်စက် ရိုက်ခိုင်းတာ ဖြစ်နေတဲ့အတွက် အဓိပ္ပါယ်အားဖြင့် ကြမ်းတမ်းတဲ့ စကားလုံးဖြစ်လို့ မပြောရဘူးနော်။

နောက်တမျိုးက ကုသိုလ်လည်းမဟုတ် ပညာလည်းမရ ဥစ္စာလည်းမရတဲ့ အရည်မရ အဖတ်မရ စကားမျိုးတွေ ယုံတမ်းစကားမျိုးတွေ မပြောရဘူးနော်။

မှန်တဲ့စကားအကျိုးရှိတဲ့စကားမျိုးကို အချိန်အခါကိုသိပြီး ပြောသင့်ရာအခါမှာ ပြောဆိုခြင်းကိုသာ မြတ်စွာဘုရား ချီးမွမ်းတာမို့ မြတ်စွာဘုရားရဲ့ သမီးတော်အဖြစ် ခံယူမည့် သီလရှင်လောင်းများဟာလည်း ခုထည်းကစလို့ အဖ ဘုရားရှင် ချီးမွမ်းသူဖြစ်အောင် ကြိုးစားကြရအောင်နော်။

❗၅။ သီလရှင်တွေ နောက်ထပ် ရှောင်ရမည့် အရာက ဘီယာ အရက် နဲ့ မူးယစ်ဆေး ဝါး သုံးစွဲခြင်းပါ။

အရက်မူးသမား မြင်ဖူးမှာပေါ့။ မူးရင် အရှက်မရှိတော့ဘဲ မဖေါ်သင့်တာပေါ် မ ပြောသင့်တာပြောနဲ့။မူးယစ်ဆေးသုံးပြီးမှိန်း နေရင်တော့ ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရ မသိတဲ့ မောဟကြီးဖုံးတဲ့ အကုသိုလ် ဖြစ်တာမို့ ရှောင်ကြရမယ်နော်။

❗၆။။ သေသေချာချာမှတ်ထားရမည့် နောက်သီလတခုက နေ့လည် ၁၂ နာရီ ကစပြီး နောက်နေ့မနက် အရုဏ်တက်ချိန်အထိ အစာမစားရဘူး။ နေနိုင်ပါ့မလား။ နေနိုင်မှ သီလရှင် ဝတ်ရမှာနော်။

မနေနိုင်ရင် ဝတ်လို့မရဘူး။ အဲဒီအချိန်မှာ ရေဆာရင်တော့ ရေသောက်လို့ ရတယ်။ ရေနွေးသောက်ချင်ရင် သောက်လို့ရတယ်။ ဒါပေမဲ့ လဘက်ခြောက်တော့ခတ်မသောက် ရဘူး။

ဆေးသောက်လို့ ရတယ်။ မြတ်စွာဘုရားက ဗိုက်ဆာတာကို ရောဂါလို့ ပြောတာမို့ ဆာတဲ့ရောဂါ သက်သာအောင် စတုမဓုဆေး စားလို့ရတယ်။ ဖျော်ရည် သောက်လို့ရတယ်။

သောက်လို့ရတဲ့ဖျော်ရည်တွေကတော့သပြေ သီးဖျော်ရည် သရက်သီးဖျော်ရည်ဖက်သက် သီးဖျော်ရည် စပျစ်သီးဖျော်ရည် တောငှက် ပျောသီးဖျော်ရည် အိမ်ငှက်ပျောသီးဖျော် ရည် ကြာစွယ်ဖျော်ရည် ဆိုတဲ့ ၈ မျိုးနဲ့ သံပု ရာသီး ရှောက်သီးနွယ်ဝင် အသီးတွေ မန် ကျည်း ဆီးသီးဖျော်ရည်တွေ သောက်လို့ရတယ်။

သစ်သီးဖျော်ရည် ဖျော်တဲ့အခါ အဖတ်မပါအောင် သတိထားပါ။ ငှက်ပျောသီး ဖျော်မယ်ဆိုရင် ငှက်ပျောသီးကိုချေ ရေနဲ့မွှေ ရေ စစ်နဲ့ စိတ်ရှည်လက်ရှည် စစ်ချပါ။ ရေစစ်ကို ဇွန်းနဲ့မွှေပေးမှ အရည်အောက်ကျပြီးအဖတ် တွေ အပေါ်မှာ ကျန်နေမယ်လေ။ အဖတ်ကိုသွန် အရည်ကိုမှ သကြား၊ဆား ထည့်ဖျော်ပြီး သောက်ရပါမယ်။

တခြားအသီးတွေနဲ့ ကြာစွယ်တို့ကိုလည်း အဲဒီအတိုင်းဘဲ ဖျော်ရမယ်။ မီးနဲ့ မချက်ရဘူးတဲ့။ နို့ဆီ နို့မှုန့် နွားနို့ နဲ့ တခြားပစ္စည်း ဘာပစ္စည်းမှ ဖျော်ရည်ထည်း ထည့်မဖျော်ရဘူး။နောက် သောက်လို့ရတဲ့ အရည် တမျိုးက ချင်းနဲ့ ထန်းလျက် ပြုတ်ရည်ပါ။

ညနေဖက် ဖျော်မသောက်ရမည့် အသီးတွေကိုလည်း မှတ်ထားဦးနော်။

၁။ထန်းသီး

၂။အုန်းသီး

၃။အိမ် ပိန်နဲသီး

၄။တောင်ပိန္နဲသီး

၅။ဘူးသီး

၆။ဖရုံသီး

၇။သခွါးငဆစ်သီး

၈။သခွါးငပြုတ်သီး

၉။သခွါးငကြောင်သီး တွေပါဘဲ။

❗၇။ သီလရှင် ဝတ်ပြီဆိုရင် ကခုန်ခြင်း မပြုရပါဘူး။သီချင်းမဆိုရပါဘူး။သူများတွေ ကနေတာကိုလည် မကြည့်ရပါဘူး။

တိရစ္ဆာ န်တွေ ကနေတာကိုလည်း မကြည့်ရပါဘူး။တူရိယာတွေ မတီးမမှုတ်ရပါဘူး။ လက်နဲ့ ခုန်ကို ခေါက်ပြီး စည်းချက်လိုက်တာမျိုး လည်း မလုပ်ရပါဘူး။ လေမချွန်ရပါဘူး။သီချင်းတွေလည်း ဖွင့်ပြီး နားမထောင်ရပါဘူး။ပန်း မပန်ရပါဘူး။ ပန်းတွေနဲ့ ခန္ဓာကိုယ်ကို အလှမဆင်ရပါဘူး။

သနပ်ခါး ပေါင်ဒါ မိတ်ကပ် နှုတ်ခမ်းနီ လက်သည်းဆိုးဆေး ရေမွှေး . . . . တခြားအ လှပြင်ပစ္စည်းတွေ လိမ်းခြယ် သုံးဆောင်လို့ မရပါဘူး။ နားကပ် ဆွဲကြိုး လက်စွပ် လက် ကောက်ခြေချင်း တွေနဲ့ အလှမဆင်ရဘဲ ရိုး ရိုးသာ နေရပါမယ်။

❗၈။ တစ်တောင့်ထွာထက် မြင့်တဲ့နေရာမှာ မနေထိုင်ရ မလဲလျောင်းရ ရပ်ပြီးတော့လည်း မနေရ သွားပြီးတော့လည်း မနေရ ပါဘူး။ အရုပ်တွေ ပန်းတွေနဲ့ ခန်းခန်းနားနား ဆင်ထားတဲ့ ပလ္လင် ထိုင်ခုံတွေပေါ်မှာ မနေရပါဘူး။ လဲမှို့ သွတ်ထားတဲ့ အခင်းပေါ်မှာလည်း မနေရပါဘူး။

မြင့်မြတ်သော ခန်းနားသော နေရာတွေမှာ နေတာကို ရှောင်ရမှာပါ။ဆရာသမားတွေရဲ့ နေရာမှာလည်း တက်မထိုင်ရပါဘူး။

ဒါပေမဲ့ သီလရှင်ဖြစ်နေပြီဆိုရင် လူတွေရဲ့ အောက်ဖက်မှာတော့ မနေထိုင်ပါနဲ့။ 🔰

❗၉ ။ ခါးဝတ်ကို သပ်သပ်ယပ်ယပ် ဝတ် ဆင်ရမယ်။

❗၁၀။ ကိုက်တို အင်္ကျီ ကိုက်ရှည် ကိုယ်ရုံတွေကို သပ်သပ်ယပ်ယပ် ညီညီညာညာ ဝတ်ဆင်ရပါမယ်။

❗၁၁။ ကိစ္စရှိလို့ မြို့ထဲရွာထဲကို သွားမယ်ဆိုရင် ပခုံးတင်နှင့်တကွ ဝတ်စုံပြည့် ဝတ် ဆင်ပြီးမှ သွားရမယ်။

❗၁၂။ မြို့ထဲရွာထဲမှာ နေထိုင်ရမယ်ဆိုရင် ပခုံးတင်နှင့်တကွ ဝတ်စုံပြည့် ဝတ်ဆင်ပြီး ထိုင်ခင်း ခင်းကာ သပ်သပ်ယပ်ယပ် ကြည် ညိုဖွယ်ဖြစ်အောင် နေထိုင်ရပါမယ်။

❗၁၃ – ၁၄ သီလရှင်တွေ မြို့ထဲရွာထဲ သွားတဲ့အခါ ထိုင်နေတဲ့အခါမှာ လက်တွေ ခြေတွေကို လှပ်ရမ်းကစားခြင်း မပြုဘဲ ဣန္ဒြေရှိရှိ သွားရ ထိုင်ရပါမယ်။

❗၁၅ – ၁၆ မြို့ထဲရွာထဲသွားတဲ့အခါ ထိုင်တဲ့အခါ ကျီးကန်းတောင်းမှောက်သလို ဟိုကြည့် သည်ကြည့် လိုက်မကြည့်ဘဲမျက်လွှာချ လေးတောင်လောက်ပဲ ကြည့်ရပါမယ်။

❗၁၇ – ၁၈ မြို့ထဲရွာထဲ သွားတဲ့အခါ ခါးဝတ်ကို စွန်တောင်ဆွဲပြီး မသွားရ မထိုင်ရပါဘူး။

❗၁၉ -၂၀ မြို့ထဲရွာထဲသွားတဲ့အခါ ထိုင်နေတဲ့အခါတွေမှာ အော်ကြီးဟစ်ကြယ် မရယ်ရပါဘူး။ ရယ်စရာတွေ့ရင် ဣန္ဒြေကို စောင့်စည်းပြီး ပြုံးရုံ သွားပေါ်ရုံ အသံတိုးတိုးဖြင့်သာ ရယ်ရပါမယ်။

❗၂၁ -၂၂ မြို့ထဲရွာထဲသွားစဉ် နေထိုင်စဉ် စကားပြောစရာရှိရင် မတိုးမကျယ် ပီပီသသ ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောဆိုရပါမယ်။

❗၂၃ -၂၄ မြို့ထဲရွာထဲ သွားတဲ့အခါ ကိုယ်ကို လှုပ်ခါလှုပ်ခါ မလုပ်ဘဲ ငြိမ်သက်စွာ ဣ‌န္ဒြေစောင့်စည်းပြီး သွားရမယ်။ ထိုင်နေတုန်းမှာလဲ ကိုယ်ကို လှုပ်ရမ်း မနေရပါဘူး။

❗၂၅ -၂၆ မြို့ထဲရွာထဲသွားတဲ့အခါ ထိုင်တဲ့အခါ လက်ရုံးကို တဆတ်ဆတ် မလှုပ်ရပါဘူး။

❗၂၇-၂၈ မြို့ထဲရွာထဲ သွားတဲ့အခါ ထိုင်နေတဲ့အခါတွေမှာ ခေါင်းကို တလှုပ်လှုပ် မလုပ်ရပါဘူး။

ဒူးလှုပ်တတ်တဲ့အကျင့် ခေါင်းလှုပ်တတ်တဲ့အကျင့် ကိုယ်လှုပ်တတ်တဲ့အကျင့်တွေ ရှိနေရင် အထူးစောင့်စည်းပြီး ဖျောက်ဖျက်ကာ ဣန္ဒြေကို စောင့်စည်းကြပါ။

❗၂၉ – ၃၀ မြို့ထဲရွာထဲ သွားတဲ့အခါ ခါးထောက်ပြီး မသွားပါနဲ့။ ထိုင်နေတဲ့အခါမှာလည်း ခါးထောက်ပြီး မထိုင်ပါနဲ့။

❗၃၁ – ၃၂ မြို့ထဲရွာထဲ သွားတဲ့အခါ ထိုင်နေတဲ့အခါတွေမှာ ဦးခေါင်းကို ခြုံမထားရပါဘူး။

❗၃၃။ သီလရှင်ဖြစ်ပြီဆိုရင်တော့ လမ်းလျောက်တဲ့အခါ ချေဖျားထောက်သွားတာတို့ ခြေဖနောင့်ကိုထောက်ပြီး ခြေဖျားကော့သွားတာတို့ကို ရှေင်ရမယ်။

❗၃၄။ ထိုင်တဲ့အခါ ကြည့်မကောင်းတဲ့ အမူအရာပုံစံမျိုး ကို ရှောင်ရမယ်။ဒူးထောင်လျက် လက်နှစ်ဖက်နဲ့ပတ်ပြီး ထိုင်တာမျိုး ဒူးထောင်လျက် ခါးဝတ်နဲ့ ပတ်ဖွဲ့ပြီး ထိုင်တာမျိုး မလုပ်ရဘူး။

❗၃၅။ ဆွမ်းဆန်ခံ သွားတဲ့အခါ လောင်းလှူသူ ဒါယကာ ဒါယကာမကို လေးစားသောအားဖြင့် ရိုရိုသေသေ ခံယူရမယ်။

❗၃၆။ ဆွမ်းဆန် ခံယူရာ မောင်းတောင် ချိုင့်မှာ သာ အမှတ်သတိထားပြီး ခံယူရ မယ်။

❗၃၇။ သူဆင်းရဲတို့ထံမှ အမြောက်အများ မခံယူရဘူး။

❗၃၈။ အလှူခံယူရာမှာ မိမိ၏ ဝမ်းအတွက် မျှတလောက်ငှရုံသာ ခံယူရမယ်။ ကြီးစွာသော လောဘဖြင့် သွန်ပစ်ရလောက်အောင် မခံယူရပါဘူး။

❗၃၉။ သီလရှင်တွေ ဆွမ်းစားတဲ့အခါ ရိုရိုသေသေ စားရမယ်။

❗၄၀။ မိမိရဲ့ ဆွမ်းဇလုံမှာသာအမှတ်သတိ ထားပြီး ဆွမ်းကို စားသုံးရမယ်။

❗၄၁။ ဆွမ်းကို အစဉ်အတိုင်း သပ်သပ်ယပ်ယပ် ယူပြီး စားရမယ်။

❗၄၂။ ဆင်းရဲသားမှား ကပ်တဲ့ဆွမ်းကို စားရမယ်ဆိုရင် ဆွမ်းဟင်းကို ဆွမ်းရဲ့ လေးပုံတစ်ပုံလောက်သာ ယူရမယ်။

ဒါယကာက မိမိအား အလိုရှိသလို မျှတစွာ သုံးဆောင်ပါလို့ ဖိတ်မှသာ အလိုရှိသလို သုံးဆောင်နိုင်ပါတယ်။

❗၄၃။ ဆွမ်းစားရာမှာ ဆော့ကစားပြီး မစားရဘူး။ ဆွမ်းကိုစုပုံလိုက် စုပုံထားတဲ့ဆွမ်းဦးကို ဖိနှိပ်လိုက် လုပ်ပြီး မစားရပါဘူး။။

❗၄၄။ ဆွမ်းစားတဲ့အခါမှာ ဆွမ်းဟင်းများများလိုချင်စိတ်နဲ့ ဆွမ်းဟင်းလိုက်ပွဲ ခပ်ထည့်ပေးသူက ဆွမ်းဟင်းမရှိဘူးလို့ ထင်ပြီး ဟင်းခပ်ထည့်ပေးအောင် မိမိမှာရှိပြီးသား ဆွမ်းဟင်းတွေကို ဆွမ်းနဲ့ ဖုံးအုပ်မထားရပါဘူး။

❗၄၅။ မနာမဖျားဘဲ ဆန်ခံထွက်ပျင်း ဆွမ်းချက်ပျင်းလို့ သူတပါးရဲ့ ဆွမ်းကို တောင်းပြီး မစားသုံးရပါ။ ဆန်ခံမထွက်နိုင်လောက်အောင် ဆွမ်းမချက်နိုင်လောက်အောင် နာ ဖျားနေမှသာ တောင်းရမယ်။

❗၄၆။ ကဲ့ရဲ့လိုစိတ် နှိမ်ချလိုစိတ်နဲ့ သူတပါးရဲ့ ဆွမ်း ဆွမ်းဟင်းဇလုံကို မကြည့်ရပါဘူး။ မျှဝေလှူဒါန်းလိုစိတ်နှင့်တော့ ကြည့် ကောင်းပါတယ်။

❗၄၇။ ဆွမ်းလုတ်ကို မကြီးလွန်း မငယ်လွန်းစေဘဲ ဒေါင်းဥ အရွယ်လောက် ပြုပြီး စားရပါမယ်။

❗၄၈။ ဆွမ်းလုတ်ကို သေသေသပ်သပ် ပြုရမယ်။

❗၄၉။ ဆွမ်းလုတ် ပါးစပ်နားမရောက်ခင် ပါးစပ်ကို ကြိုတင်ပြီး ဖွင့်ဟမထားရ။

❗၅၀။ လက်အားလုံးကို ပါးစပ်ထည်း မထည့်ရ။

❗၅၁။ ပါးစပ်ထဲမှာ ဆွမ်း စသော စားစရာတခုခုရှိနေတုန်း စကားမပြောရ။

❗၅၂။ ဆွမ်းလုတ်ကို မြှောက်၍ ပါးစပ်ဟခံကာ မစားရ။

❗၅၃။ ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ မစားရ။

❗၅၄။ ဆွမ်းလုတ်ကို ပါးစောင်ထဲမှာ ထည့်မထားရ။

❗၅၅။ လက်ကို ခါပြီး မစားရ။

❗၅၆။ ဆွမ်းလုံးကို ကျဲပြီး မစားရ။

❗၅၇။ လျှာကို ထုတ်၍ မစားရ။

❗၅၈။ ဆွမ်းစားရာ၍ စပ်စပ်စပ်စပ် ဟု အသံမမည်စေရ။

❗၅၉။ ဟင်းချိုသောက်ရင် ရှူး ရှူး ဟုအသံ မထွက်စေရ။

❗၆၀။ လက်ကို လျက်မစားရ။

❗၆၁။ ဇလုံကို ခြစ်၍ မစားရ။

❗၆၂။နှုတ်ခမ်းကို လျက်၍ မစားရ။

❗၆၃။ဆွမ်း ဆွမ်းဟင်းပေတဲ့ လက်တဲ့ သောက်ရေခွက်ကို မကိုင်ရ။

❗၆၄။ဆွမ်းလုံးနှင့် ပန်းကန်ဆေးရည်ကို မြို့ထဲ ရွာထဲမှာ မသွန်ရ။

သီလရှင်အနေနဲ့ တရားစကား မပြောကြားရမည့် သူတွေကတော့မနာမဖျားပါဘဲလျက် –

❗၆၅။ ထီးဆောင်းထားသူ၊

❗၆၆။ တောင်ဝှေးကိုင်ထားသူ၊

❗၆၇။ ဓါး လက်နက် ကိုင်ထားသူ၊

❗၆၈။ လေး လက်နက် ကိုင်ထားသူ

❗၆၉။ ခြေနင်းစီးသူ၊

❗၇၀။ ဖိနပ်စီးသူ

❗၇၁။ ယာဉ်တမျိုးမျိုး စီးသောသူ၊

❗၇၂။ အိပ်ယာထည်း နေသောသူ၊

❗ ၇၃။ ဒူးထောင်ကာ လက်ပတ် ပုဆိုးထမီပတ်လျက် အမြင်မတော်အောင် ထိုင်နေသူ။

❗၇၄။ ခေါင်းပေါင်း ပေါင်းထားသူ၊

❗၇၅။ ခေါင်း ခြုံထားသူ။

❗၇၆။ မိမိကမြေမှာနေစဉ် နေရာထိုင်ခင်းဖြင့်နေသူ။

❗၇၇။ မိမိထက် မြင့်သောနေရာမှာ နေသူ။

❗၇၈။ မိမိရပ်စဉ် ထိုင်နေသူ။

❗၇၉။ မိမိ၏ ရှေ့မှ သွားနေသူ

❗၈၀။ မိမိက လမ်းအောက်မှာသွားစဉ် လမ်းပေါ်မှာ သွားနေသူ တွေပါ။

ထိုသူတွေမှာ အဂါရဝမှုတွေ ရှိနေတာကြောင့် တရားအပေါ် ရိုသေမှု အားနည်းနေသည့်အတွက် တရားစကား မပြောရခြင်းပါ။

ဒီနေရာမှာ အထူးမှတ်ဖို့ကတော့ မိမိက ရဟန်းတစ်ပါးပါးနဲ့ တွေ့ဆုံပြောဆိုရတဲ့အခါဖြစ်စေ တရားပွဲမှာ တရားနာယူတဲ့အခါ ဖြစ်စေ သံဃာတော်ကို ဆွမ်းလောင်းလှူ တဲ့အခါ ဖြစ်စေ အထက်ပါ အဂါရဝမှုတွေကို ရှောင်ကြရပါမယ်။

အထူးသဖြင့် ချမ်းတဲ့ရာသီမှာ မနာမဖျားဘဲ ရဟန်းသံဃာရှေ့မှာ ခေါင်းခြုံပြီး မနေထိုင်မိစေဖို့ အထူးကရုပြုကြရပါမယ်။ 🔰

❗၈၁။ သီလရှင်သည် မနာမဖျားဘဲ မတ်တပ်ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ပါနဲ့။

❗၈၂။ မနာမဖျားတဲ့ သီလရှင်သည် စိမ်းစိုနေတဲ့ မြက်ပင် သစ်ပင်ပေါ်မှာ ကျင်ကြီး ကျင်ငယ် မစွန့်ရပါဘူး။

❗၈၃။ မနာမဖျားတဲ့ သီလရှင်သည် လူတို့ သောက်သုံးလို့ရတဲ့ ရေထဲကို ကျင်ကြီး ကျင်ငယ် တံတွေးတို့ကို မစွန့်ရပါဘူး။

သီလရှင်တွေ နောက်ထပ် ဖြည့်ကျင့်ဆောင်ရွက်ရမည့် အမှုကိစ္စတွေ ရှိပါသေးတယ်။ ”#စာရိတ္တသီလ” လို့လည်းခေါ်တယ်။

‼️ ၁။ မိမိက တခြားကျောင်းကို ဧည့်သည်အနေနဲ့ သွားရပြီဆိုရင် ကျောင်းထဲမဝင်ခင် ဖိနပ်ချွတ် ဆောင်းလာတဲ့ ထီးကိုပိတ်ပါ။ ခေါင်းခြုံထားရင် ဖယ်လိုက်ရမယ်။ ကိုယ့်ထက် ကြီးသော ဆရာဘုရားတို့ရှေ့ကို သွားပြီး ဦးခိုး ကန်တော့ရတယ်။ မိမိထက်ရဟန်း သာမဏေများ မိမိထက် ကြီးသူများရဲ့ ရှေ့မှာ ခေါင်းကို ခြုံမထားရပါဘူး။

‼️ ၂။ ကိုယ်ကျောင်းကို လာနေတဲ့ ဧည့်သည်အာဂန္တုကို မြင်ရင် ကြိုဆို လက်မှာပါလာတဲ့ ခရီးဆောင်တွေကို ကူညီသယ် ဆောင်ပေးရမယ်။ ကြီးသူများကို ရိုရိုသေသေ ရှိခိုးဦးချရမယ်။နေရာထိုင်ခင်းသောက် သုံးရေ စီမံပေးရမယ်။

‼️ ၃။ ကိုယ်က ခရီးသွားစရာရှိလျင် သီ တင်းသုံးဖေါ်များကို ခွင့်ပန်ပြီး မိမိအသုံး အဆောင် မိမိတာဝန်ယူထားရသော အများပိုင် အသုံးအဆောင်တွေကို သိမ်းဆည်း တံ ခါးပိတ် ပြီးမှ သွားရမယ်။

‼️ ၄။ ဒါယကာများ အလှူရှင်များကို တရားစကား ပြောကြားရန် တာဝန်ပေးခံရပါက ပြောကြားရမယ်။ ပြောကြားတတ်အောင်လည်း လေ့ကျင့်ထားရမယ်။

‼️ ၅။ ဆွမ်းစားဖို့ အချိန် ရောက်တဲ့အခါ ဆွမ်းစားကျောင်းကို တိုးဝှေ့ပြီး မသွားရဘူး။ တန်းစီသွားပြီး ကြီးစဉ်ငယ်လိုက် စနစ် တကျ ထိုင်ရမယ်။

‼️ ၆။ဆွမ်းဆန်ရပ် သွားတော့မယ်ဆိုရင် မသွားခင် မိမိပစ္စည်း ကျောင်းပိုင်ပစ္စည်းတွေကို ကောင်းစွာ သိမ်းဆည်းရမယ်။ ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ရမယ်။

စနစ်တကျ စီ တန်းပြီး သွားရမယ်။မနှေး မမြန် သွားရမယ် ။ ဒါယကာတို့ကို မေတ္တာပွါး၍ သွားရမယ်

။အိမ်ရှေ့မှာ မကြာလွန်း မမြန်လွန်း ရပ်လျက် မေတ္တာစိတ်ကို ဖြန့်ကျက်ထားရမယ်။ ဒါယ ကာတို့၏ သဒ္ဓါအလျောက် လှူဒါန်းလာတဲ့ အပ်စပ်ရာ လှူဖွယ်ကိုသာ လက်ခံရမယ်။ ဒီဟာမလိုချင်ဘူး ဟိုဟာလှူပါလို့ မပြောရဘူး ။

‼️ ၇။ ကျောင်းမှာ သောက်ရေ သုံးရေတို့ အမြဲ ပြည့်စုံနေစေရမယ်။

‼️ ၈။ ကျောင်းဝင်းသန့်ရှင်းရေး ကျောင်းသန့်ရှင်းရေး ပြုလုပ်ကြရမယ်။ရေချိုးခန်း ကုဋိ သန့်ရှင်းရေး ပြုရမယ်။

‼️ ၉။ ဆွမ်းချက်ဆောင် ဆွမ်းစားဆောင်တို့မှာ ချက်ပြုတ်ရာ စားသောက်ရာ နေရာတွေကို အထူးသန့်ရှင်းအောင် ထားရမယ်။ ယင် ကြွက် ခွေး မရှိအောင် စနစ်တကျ အမှို က်သိမ်းရမယ်။

‼️ ၁၀။ ကုဋီ ဝင်မယ်ဆိုရင် မဝင်ခင် အထဲမှာ လူရှိလား မရှိလား အရင် အသံပြု တံခါးခေါက်ရမယ်။ အထဲမှာ လူရှိသံ မကြားရမှ တံခါးဖွင့်ရမယ်။ ကိုယ်ရုံကို အပြင်မှာ ထား ခဲ့ရမယ်။ အဆောတလျင်မဟုတ်ဘဲ မနှေးမလျှင် ဝင်ရမယ်။ ခြေနင်းခုံပေါ်ရောက်မှ ခါးဝတ်ကို ပင့်ရမယ်။ သန့်စင်ပြီးက ခြေနင်းခုံမှ မရွေ့ခင် ခါးဝတ်ကို ကောင်းစွာ ပြန်ဝတ်ရမယ်။ စွန့်ပြီးတဲ့အခါ မိမိအညစ်အကြေးကြောင့် အခြားသူ အနှေင့်အယှက်မဖြစ်ရအောင် စင်ကြယ်အောင် ကောင်းစွာ သန့်ရှင်းရေး ပြုခဲ့ရမယ်။

နောက်ထပ်ပြုကျင့်ရမယ့်

ဝတ်တွေကတော့
#ဆရာ့ဝတ်တပည့်ဝတ် တွေပါဘဲ။
သီလရှင်ဖြစ်အောင် ဝတ်ပေးသောဥပဇ္ဈာယ် ဆရာ နှင့် မိမိက ဝတ်ထားပေးတဲ့ တပည့်စာ ပေသင်ကြားပို့ချပေးသော ဆရာနှင့် မိမိ၏ စာသင်သားတပည့် တွေအပေါ်မှာ ပြုရမည့် ကျင့်ဝတ်တွေပါ။
‼️ ၁၁ – ၁၂ မိမိရဲ့ ဥပဇ္ဈာယ် နှင့် အာစရိယ ဆရာတွေရဲ့ ဝတ္တရားကို ဆောင်ရွက်ရမယ်။

ဆရာသ မားအတွက် မျက်နှာသစ်ရန် အဆင်သင့် ပြုထားပေးပါ။နေရာထိုင်ခင်းကို သန့်ရှင်းအောင် ပြုထားပေးပါ။အခန်းသန့်ရှင်းရေး အိပ်ယာနေရာ သန့်ရှင်းရေးတို့ကို ပြု လုပ်ထားပေးရပါမယ်။ ဆွမ်း ဖျော်ရည် စသည်တို့ကို စီမံပေးရမယ်။

‼️ ၁၃ – ၁၄ မိမိသီလရှင်ဝတ်ထားပေးတဲ့ တပည့်များကိုလည်း ပြစ်မထားရပါဘူး။ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး ထောက်ပန့်ပေးရမယ်။ ကျင့်ဝတ်သိက္ခာ သင်ကြားပေးရမယ်။

ပရိယတ္တိကို တပည့် ခံယူနိုင်စွမ်းနိုင်သလောက် သင်ကြားပေးရမယ်။ မိမိက မအားလပ် မစွမ်းနိုင်ပါက စွမ်း နိုင်သူထံ ပို့ပေးရမယ်။ ပဋိပတ်ကျင့်စဉ်ကို သင်ကြား အားထုတ်စေရမယ်။ အားထုတ်လိုသူကို အားထုတ်ခွင့်ရအောင် စီစဉ်ပေးရမယ်။ မိမိဝေယျာဝစ္စ ခိုင်းဖို့လောက်သာ တပည့်မွေးခြင်းမျိုး မပြုရဘဲ တပည့်၏တရား အသိဉာဏ် တိုးတက်ရာတိုးတက်ကြောင်းကို လုံ့လပြုနေရပါမယ်။

***ဆရာကြီး Agga Parli **မှတ်တမ်း**

#ဆရာလေးဒေါ်ယုဇန တို့၏ပိုစ့်အား.

တိပိဋက (မြန်မာပြန်) မှ ပြန်လည်မျှဝေပါသည်…