News

“ဇွဲကပင်တောင် မှာ ပျောက်ဆုံးနေတဲ့ ဒုတိယနှစ် ကျောင်းသူလေးကို တွေ့ပါပြီ. .သစ်ရွက်တွေနဲ့ ဖုံးထားတယ်ဗျာ. . “

1-4-2022

🚨ဇွဲကပင်တောင်၌ရှာဖွေကယ်ဆယ်ရေးနောက်ဆုံးရသတင်းများ🚨

ဇွဲကပင်တောင် ရှာဖွေကယ်ဆယ်ရေး ဒုတိယနေ့အဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဘားအံခရိုင်) ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

(ကရင်ပြည်နယ်အသင်းခွဲများ) ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ရှာ/ကယ် Mission အား နံနက် ၇:၃၀ မိနစ်တွင် စတင်လုပ်ဆောင်ခဲ့ရာ နံနက် ၈:၃၀ မိနစ်အချိန်တွင်ပျောက်ဆုံးသူအမျိုးသမီးအား အထက်ရေတံခွန်ဘုရားလေးအနီး မရမ်းပင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။

ရှာဖွေတွေ့ရှိချိန်တွင် သစ်ရွက်သစ်ခက်များဖြင့် ဖုံးအုပ်ထားကြောင်းနှင့် ပျောက်ဆုံးသူအမျိုးသမီးမှာဦးခေါင်းထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သိရှိရပြီးDead Body အဖြစ် အတည်ပြုခဲ့ပါသည်။

ဇွဲကပင်တောင်မှ ပျောက်ဆုံးနေသည့် ဒုတိယနှစ်-သင်္ချာ ကျောင်းသူလေး၏ သတင်းအနှစ်ချုပ်

ပျောက်ဆုံး အမျိုးသမီးအမည် – မဇာခြည်လှိုင်

အသက် – (၂၂) နှစ်

ပညာအရည်အချင်း – ဒုတိယနှစ်-သင်္ချာ

နေရပ် – ဘားကပ် တောကြီးကုန်းကျေးရွာ

ဖြစ်စဉ်အကျဉ်း

(30.3.2022)မွန်းလွဲ(၁)နာရီခန့်က ယခုဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသည့် ဒုတိယနှစ်ကျောင်းသူမှာ အမျိုးသားတဦးနဲ့ တောင်ပေါ် တက်သွားပြီး ညနေဘက် တွင် အမျိုးသားတစ်ဦးသာ တောင်ခြေ ပြန်ဆင်းလာခဲ့ပြီး အမျိုးသမီးမှာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။

အမျိုးသမီးငယ်စီးလာတဲ့ ဆိုင်ကယ်ဟာ တောင်ခြေမှာ ကျန်နေခဲ့ပြီး ယနေ့(31.3.2022)ရက်နေ့ နံနက်ပိုင်းတွင်သတင်းရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့
အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

လိုအပ်သည့် စစ်ဆေးမှုများကိုတော့ သက်ဆိုင်ရာမှဆက်လက်ဆောင်ရွက်နေကြောင်း သိရပါသည်။

ဓါတ်ပုံမှတ်တမ်း

ပျောက်ဆုံးအမျိုးသမီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံ RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ တောင်တက် တောနင်းရှာဖွေစဉ် နှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား နောက်တန်းတွင် ကျန်ခဲ့သည့် လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များမှရေ/စားနပ်ရိက္ခာများ တောင်ပေါ်ထိလိုက်ပို့ပေးခဲ့ကြသည့်မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါသည်။

ဇင်မိုး

31.3.2022

( Photo-Saw Kyi Win / MR – ဘားအံ)

credit:သတင်းနှင့်ပြန်ကြားရေး

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)