ဗဟုသုတ

“အိမ်ထောင်ဖက်” လိုတာလား? အိမ်ထောင်ဖက်အမည်ခံ “အိမ်ဖော်” ကိုလိုတာလား…”

ယောက်ျားတစ်ယောက် သူ့အဝတ်သူလျှော်နေတာတွေ့ရင် လူတွေက “မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ဘူးပေါ့” လို့ပြောမယ်။

ယောက်ျားတစ်ယောက် ထမင်းဟင်းချက်နေတာမြင်ရင် လူတွေက “မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မချက်ရတော့ဘူးပေါ့” လို့ပြောမယ်။

အသက် ၃၅ နှစ်အရွယ် ယောက်ျားတစ်ယောက် သူ့အတွင်းခံသူမလျှော်တတ်၊ သူ့ကော်ဖီသူဖျော်ဖို့ ရေနွေးတောင်မတည်တတ်၊ သူ့အိပ်ယာသူတောင်မပြင်တတ်၊ သူစားပြီးသားပန်းကန်တောင် သူ့ဘာသာမဆေးတတ်တဲ့အခါ သူ့အမေက “မင်း အခြေကျဖို့လိုပြီ၊ မင်းကိုဂရုစိုက်ပြုစုဖို့ မိန်းမယူတော့” လို့ပြောမယ်။

ဘယ်လိုဖြစ်တာလဲ??

ဒါတွေကို တခြားတဖက်ကနားလည်ရရင် လူတွေရဲ့စိတ်ထဲကနေ မသိမသာနဲ့ “မိန်းမယူတာ ဒီအလုပ်တွေလုပ်ဖို့ ဖြစ်တယ်” လို့ပြောသလိုဖြစ်နေတယ်။ သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့အတွက်သာမိန်းမယူကြပါလို့ ပြောနေသလိုဖြစ်နေတယ်။

(များသောအားဖြင့် မိန်းမတွေဟာ သူတို့ချစ်တဲ့ယောက်ျား၊ သူတို့ချစ်တဲ့သားသမီးအတွက် ဒါတွေကိုလုပ်ပေးချင်ပါတယ်။) ဒါပေမယ့် လူတွေက အဲဒီလိုတွေပဲမြင်နေ ပြောနေတဲ့အခါ အဲဒီလိုယောက်ျားတွေဟာ “အိမ်ထောင်ဖက်” လိုတာလား? အိမ်ထောင်ဖက်အမည်ခံ “အိမ်ဖော်” ကိုလိုတာလားလို့ ဝေခွဲမရဖြစ်လာတယ်။

မိန်းမတွေဟာ သူတို့ရှိရင်းစွဲအသက်ထက် ၃ ဆပိုပြီးရုပ်ရင့်နေကြတာဟာ စိတ်ဖိစီးမှုများပြီး ပင်ပန်းကြရလို့ပါ။ ယောက်ျားက TV ကြည့်ရင်း ဖုန်းသုံးနေတဲ့အချိန်မှာ မိန်းမက အိမ်အလုပ်တွေမနားတမ်းလုပ်နေရမယ်ဆိုရင် ဖြစ်သင့်ပါ့မလား?

ယောက်ျားတွေ ကိုယ့်ပန်းကန်ကိုယ်ဆေးတာမှားတယ်လို့ ဘယ်သူပြောလဲ?

ယောက်ျားတွေ ကိုယ့်အဝတ်ကိုယ်လျှော်တာမှားတယ်လို့ ဘယ်သူပြောလဲ?

ယောက်ျားတွေ အိပ်ယာခင်းလဲတာ၊ စောင်ခေါက်တာတွေကမှားတယ်လို့ကော ဘယ်သူပြောလဲ?

ကိုယ်လက်ထပ်ယူထားတဲ့အမျိုးသမီး၊ ကိုယ်နဲ့အတူနေနေတဲ့ချစ်သူကို ကူညီပေးဖို့အတွက် ဘာတွေများ အများကြီးစဉ်းစားဦးမှာလဲ?

ကလေးတစ်ယောက်လို အပြုစုအယုယခံချင်ရင် အိမ်ထောင်ပြုဖို့အစား သူများမွေးစားတာခံလိုက်ဖို့သာသင့်ပါတယ်။

ဒါပေမယ့် ကိုယ်ချစ်လို့၊ တန်ဖိုးထားလို့၊ အတူနေချင်လို့ ဒီအမျိုးသမီးနဲ့အိမ်ထောင်ပြုချင်တယ်ဆိုရင်တော့ သူ့ကိုချစ်ပါ၊ သူ့ကိုကူညီပါ။

အမျိုးသမီးတွေဟာ အချစ်ခံရဖို့၊ အကြင်နာခံရဖို့၊ တန်ဖိုးထားစောင့်ရှောက်ခံရဖို့ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာမှာပဲ သုံးဖို့မဟုတ်ပါဘူး။ အမျိုးသားတွေလဲ အတူတူပါပဲ။ နှစ်ဦးနှစ်ဖက် ညီညီမျှမျှ ချစ်ခင်၊ လေးစား၊ တန်ဖိုးထား၊ ကူညီပေးသင့်ပါတယ်။

#cD