News

“၁၀ ရက်အတွင်း သိန်းပေါင်း ၁၃,၀၀၀ စုရမယ့် ငှက်ကင် စီမံချက် . .ပထမရက်မှာပင် ကျပ်သိန်း၂,၀၀၀ကျော်ရရှိ”

၁၀ ရက်အတွင်း သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း၂,၀၀၀ကျော်ရရှိ

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ခတ်မှုကို တုံ့ပြန်ရန် ၁၀ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း ၂,၀၀၀ ကျော်ရရှိကြောင်း Click2donate က ကြေညာသည်။

လေယာဥ်ပစ် လက်နက်ဝယ်ယူနိုင်ရန် နိုင်ငံအသီးသီးတွင် နေထိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

“ပြည်သူတွေဟာ ဘယ်လောက်တောင် ငှက်ကင်ချင်နေလဲဆိုရင် ပထမတစ်ရက်မှာတင် ၂၀ရာခိုင်နှုန်း သိန်း ၂,၀၀၀ ကျော် ရရှိထားပါတယ်ခင်ဗျာ။ စင်ကာပူကလည်း ကြမ်းနေဆဲ ကြမ်းနေမြဲပါခင်ဗျာ။

US ကလည်း အိပ်ယာနိုးကတည်း​က ရှယ်ကြမ်းကြတာ သိန်း ၁,၀၀၀ နားကပ်နေပါပြီခင်ဗျာ” ဟု Click2donate က ရေးသားထားသည်။

Project Dragonfly ပရောဂျက်အတွက် Click2donate နှင့် ပန်ဆယ်လိုတို့က ဦးဆောင်ကာ အလှူငွေကောက်ခံနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဥ်ပစ် လက်နက်ဝယ်ယူရန် စီစဥ်နေခြင်းဖြစ်ရာ အမေရိကန်၊ စင်ကာပူ၊ မလေးရှား၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ နှင့် သြစတြေးလျ အစရှိသည့်နိုင်ငံများတွင် နေထိုင်လုပ်ကိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

#Mizzima

#ProjectDragonfly

#လေကြောင်းပစ်ခတ်မှု

#Click2donate