News

“အိမ်ရာမဲ့ တစ်ယောက်က ပြုလုပ်ပေးတဲ့ လေလွင့်ခွေးလေး (၂) ကောင်ရဲ့ မွေးနေ့ပွဲ(ရုပ်သံ)”

လောကကြီးမှာ အိမ်မရှိ ယာမရှိ ဘာပိုင်ဆိုင်မှုမှ မရှိတဲ့ သူတွေအတွက် အပေါင်းအသင်းမိတ်ဆွေဆိုတာ ရှားပါးလွန်းလှပါတယ်

ဒီလိုလူတွေအတွက် အဖော်ပြုပေးနေတဲ့ အကောင်းဆုံး မိတ်ဆွေတွေကတော့ လေလွင့်ခွေးလေးတွေပဲဖြစ်ပါတယ်

ရှာလို့ဖွေလို့ ရသမျှ စားစရာလေးတွေကို အတူမျှဝေစားသောက်ကြရင်း လမ်းဘေးခွေလေးတွေနဲ့ အိမ်ရာမဲ့သူတွေဟာ မိသားစု တစ်ခုလိုမျိုး ဖြစ်လာပါတယ်

ခုဖော်ပြပေးမယ့် Video လေးကတော့ အိမ်ရာမဲ့ တစ်ယောက်က သူနဲ့အတူ အဖော်ပြုနေပေးတဲ့ လေလွင့်ခွေးလေး (၂) ကောင်ကို မွေးနေ့ပွဲ လုပ်ပေးနေတဲ့ Video လေးပဲဖြစ်ပါတယ်

သူ့ခွေးလေး (၂) ကောင်ကို မွေးနေ့ပွဲ လုပ်ပေးနေတာကို အဝေးက လှမ်းမြင်ရသူတစ်ယောက်က Video ရိုက်ကူးထားတာဖြစ်ပါတယ်

ရုပ်သံကြည့်ရန်

ဒီ Video လေးကို ကြည့်ပြီး စိတ်ထဲမှာ ဝမ်းနည်းတာရော သနားတာရော ကြည်နူးမိတာရော ခံစားမိမယ်ဆိုရင် သင်ဟာ စိတ်ထားနုညံ့ပြီး ကိုယ်ချင်းစာတတ်သူ တစ်ယောက်ဖြစ်ပါတယ်. .

Video Credit : Smita Dahal