News

“စကစ ကပေးတဲ့ လူမှုထူးချွန်ဆု ရရှိတဲ့ အနုပညာရှင် (၄၈) ဦး စာရင်း “

မတ် ၂၇၊ ၂၀၂၂

ဒီနေ့(မတ် ၂၇) ကျရောက်တဲ့ တပ်မတော်နေ့(တော်လှန်ရေးနေ့)အထိမ်းအမှတ်အဖြစ် စစ်ကောင်စီကို ထောက်ခံနေတဲ့ အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ယုန်လေး၊ ခန့်စည်သူ၊ ကျော်ရဲအောင်၊ ရဲအောင်၊ နေအောင်၊ ထွန်းအိန္ဒြာဗိုလ် အပါအဝင် အနုပညာရှင် (၄၈)ဦးကို လူမှုထူးချွန်တံဆိပ် ပထမ၊ ဒုတိယ နှင့် တတိယအဆင့်များ ပေးအပ်ချီးမြှင့်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာကနေ ဖော်ပြပါတယ်။

လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ဆုရ ဒါရိုက်တာ၊ အနုပညာရှင်၊ ဆိုင်းပညာရှင်၊ ဂီတပညာရှင် ၊အတတ်ပညာရှင်များမှာ-

၁။ ဒေါ်နွဲ့ယဉ်ဝင်း ၂။ ဦးသန်းညွန့်(ပန်းသာ) ၃။ ဦးဇော်မင်း (ဟံသာမြေ) ၄။ ဦးရန်အောင် ၅။ မောင်တင်ဦး ၆။ ဦးကျော်ဟိန်း ၇။ ဒေါ်မို့မို့မြင့်အောင် ၈။ ဦးကိုကိုဌေး (ထိပ်တန်း) ၉။ ဒေါ်ချိုပြုံး ၁၀။ ဦးချစ်မင်းလူ၁၁။ ဦးကျောက်ဖြူ (ပဒေသာ) ဓာတ်ပုံပညာရှင် ၁၂။ ဦးထွန်းဝေ

၁၃။ ဦးကျောက်လုံး ၁၄။ ဒေါ်ဝါဝါဝင်းရွှေ ၁၅။ ဒေါ်ခင်သန်းနု ၁၆။ ဦးစံအေး ၁၇။ ဦးစန်းမောင်၁၈။ ဒေါ်ခင်သီတာထွန်း ၁၉။ ဦးနေအောင် ၂၀။ ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)၊၂၁။ ဦးဇော်မျိုးထွဋ်၊

၂၂။ ဦးလွင်မိုး ၊၂၃။ ဒေါ်ထွန်းအိန္ဒြာဗိုလ်၊၂၄။ဦးခင်မောင်ဦး/ စိုးသိန်းထွဋ်၊ ၂၅။ ဦးငြိမ်းမင်း၊ ၂၆။ ဦးခင်မောင်ကြီး၊ ၂၇။ ဦးနေတိုး ၊၂၈။ ဝါးခယ်မရဲမောင် ၊ ၂၉။ ဒေါ်ရီရီသန့်၊ ၃၀။ ဦးတင်ဦးလေး။

လူမှုထူးချွန်(ဒုတိယအဆင့်)ရ ဒါရိုက်တာ၊ အနုပညာရှင်၊ ဆိုင်းပညာရှင်၊ ဂီတပညာရှင် ၊အတတ်ပညာရှင်များမှာ-

၁။ မောင်ဝဏ္ဏ ၂။ ဒေါ်မြင့်မြင့်ခိုင် ၃။ ဦးရဲအောင် ၄။ ဦးဇော်လင်း ၅။ ဦးကျော်ရဲအောင် ၆။ ဒေါ်မြတ်ကေသီအောင် ၇။ ဒေါ်မေသဉ္စာဦး ၈။ ဦးစိန်မွတ်တား ၉။ ဒေါ်ခိုင်သင်းကြည် ၁၀။ စန္ဒရားတင်ဝင်းလှိုင် ၁၁။ ဦးကြည်မင်းသိန်း

လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ရ ဒါရိုက်တာ၊ အနုပညာရှင်၊အဆိုတော်များမှာ-

၁။ ဦးတင်အောင်စိုး(ပန်းမြို့တော်) ၊၂။ ဦးခန့်စည်သူ၊၃။ဦးဖိုးသောကြာ၊၄။ ဒေါ်စိုးမြတ်သူဇာ၊၅၊ ဒေါ်စိုးမြတ်နန္ဒာ၊၆။ယဉ်လတ်၊၇။ ယုန်လေး တို့ဖြစ်ကြသည်။

မြန်မာ့ရုပ်ရှင်ကြည့်ပရိတ်သတ်တစ်ဦကတော့ “ သူတို့ဘာသာ ဘာဆုတွေပဲ ပေးပေး ပြည်သူ့ဘက်ကို မရပ်တည်ခဲ့ တဲ့ အနုပညာရှင်ကို အားမပေးတော့ဘူး။

အဲဒီလူတွေ အနုပညာသေသွားတာပေါ့။ သူတို့လောက်မပြောနဲ့ အရမ်း အရှိန်အဝါကြီးခဲ့တဲ့ စိုင်းထီးဆိုင်တောင် ပြည်သူက ဖယ်ကျင်လိုက်ရင် သွားတာပဲ” လို့ပြောပါတယ်။

ဆုချီးမြှင့်ခံရသူတွေထဲမှာတော့ မင်းသားဦးထွန်းဝေလို၊ ဆရာမောင်ဝဏ္ဏလို့ ကွယ်လွန်သွားကြတဲ့ သူတွေလည်း ပါဝင်ပြီး စစ်ကောင်စီကို ဆန္ဒဖော်ထုတ်ခဲ့တဲ့ အနုပညာရှင်တွေတော့ မပါဝင်ပါဘူး။