ဗဟုသုတ

“ရွှေအကြောင်း နားမလည်သူတွေ အလွယ်တကူ စမ်းသပ်ကြည့်နိုင်တဲ့ ရွှေအတု အစစ် ခွဲခြားနည်း (၄)မျိုး”

Unicode

ရွှေကိုအတုလားအစစ်လားဆိုတာ အမြင်နဲ့အလွယ်တကူ ဆုံးဖြတ်လို့မရပါဘူး။ ဗဟုသုတရစေရန် မျှဝေပေးလိုက်ပါတယ်။

သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း – သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါ ရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ကပ်ပါလာတာကိုကြည့်ပြီး ခွဲခြားပေးနိုင်ပါတယ်။

ရေကိုအသုံးပြုစမ်းသပ်ခြင်း – ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲသို့ ရွှေကိုနစ်ကြည့်လိုက်တဲ့ အခါစစ်မှန်တဲ့ရွှေဟာ သိပ်သည်းဆများတဲ့ သတ္တုဖြစ်တဲ့အတွက်ကြောင့်

ရေထဲသို့ချက်ခြင်း နစ်မြုပ်သွားတာတွေ့ရမှာပါ ရေပေါ်ပေါလောပေါ်နေမယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိနိုင်ပါတယ်။

တစ်ခုသတိထားရမှာကတော့ သိပ်သည်းဆများတဲ့ သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့ နစ်မြုပ်သွားနိုင်တာမို့ ရေကိုအသုံးပြုစမ်းသပ်တဲ့အခါ အထူးသတိပြုရန် လိုအပ်ပါတယ်ရှင့်။

ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း – မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမယ့်ရွှေကို ရှာလကာရည်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုး မရှိရင်တော့ ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ်။

အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။

နိုက်ထရစ်အက်စစ်ဖြင့် စမ်းသပ်ခြင်း – ရွှေကိုနိုက်ထရစ် အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ။

ရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကတော ရွှေအတုအစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်းတစ်ချို့ဖြစ်ပါတယ်ရှင့်။

ရွှေအကြောင်းကို စိတ်ဝင်စားတဲ့ လူကြီးမင်းများအားလုံး ဗဟုသုတ တိုးပွားကြနိုင်ပါစေ။ လူကြီးမင်းတို့ မိတ်ဆွေအများသိရအောင် ရှယ်ပေးကြပါနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။

Crd