News

“ဒေါ်လာ ၇၅၁ သန်းတန် လုပ်ငန်းကို ၁၀၅ သန်းထဲနဲ့ ရောင်းခဲ့ရတဲ့ သနားစရာ တယ်လီနောရဲ့ အဖြစ်”

သနားစရာ တယ်လီနောဘဝ..

ဒေါ်လာ ၇၅၁ သန်းတန်လုပ်ငန်းကို ၁၀၅ သန်းထဲနဲ့ရောင်းဖို့ နောက်ဆုံးမှာ သဘောတူခဲ့ရပါတယ်။ ဒါပေမယ့် တဆစ်ထပ်လျှော့ကာ လက်ငင်း ဒေါ်လာသန်း ၅၀ ပဲ ရမှာဖြစ်ပြီး ကျန် ၅၅ သန်းကို ၅ နှစ်အချိုးကျ အရစ်ကျပေးသွားမှာပဲ ဖြစ်ပါသတဲ့။ တယ်လီနောပိုင်ရှင်သစ်ဟာ မြန်မာရွှေဗျိုင်းဖြူက ၈၀% နဲ့ လက်ဘနွန် M1 က ကျန်တဲ့ ၂၀% ကို မျှဝေပိုင်ဆိုင်သွားကြမှာပါ။

တယ်လီနောဟာ ပြုကျင့်ခံလိုက်ရတဲ့ သမီးပျိုလို မြန်မာကို ဘယ်လောက်စိတ်နာသွားမလဲ တွေးမိပါတယ်။ တဆက်တည်း မြန်မာပြည်ဈေးကွက်ကို တယ်လီနောလို ကျင့်ဝတ်လိုက်နာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ MNCs တွေ လာဖို့ တွန့်ဆုတ်သွားကြပါလိမ့်မည်။ တိုင်းပြည်ပုံရိပ်ထက် မိမိအတ္တတွေကို ရှေ့တန်းတင်သူလိုသူတွေကြောင့် မြန်မာပြည်ဟာ သူများတံတွေးခွက်ထဲ မျောရပါအုံးမည်။ (Francis Zin)

တယ်လီနောမြန်မာ ပိုင်ရှင်ပြောင်းလဲပြီးဖြစ်၍ Telenor Group နှင့် လုံးဝ မသက်ဆိုင်တော့..

တယ်လီနောမြန်မာ၏ ပိုင်ရှင် ပြောင်းလဲခြင်းကို ၂၀၂၂ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ပြုလုပ်ပြီး ဖြစ်၍ Telenor Group ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုံးဝသက်ဆိုင်တော့မည် မဟုတ်ဘဲ တယ်လီနောမြန်မာ အမည်၏ သက်တမ်းမှာလည်း (၄) လသာ ကျန်တော့ကြောင်း Telenor Group ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တယ်လီနောမြန်မာ ၏ ပိုင်ရှင်အသစ် ပြောင်းလဲလိုက်ပြီဖြစ်သော်လည်း ဝန်ဆောင်မှုများမှာ လက်ရှိအတိုင်း ဆက်လက်ရှိနေမည်ဖြစ်၍ အသုံးပြုနိုင်မည်ဖြစ်သည်ဟုလည်း အသိပေးထားရှိသည်။ Telenor Group ၏ ထုတ်ပြန်အသိပေးစာ၏ နောက်ဆုံး စကားလုံးမှာ “ဘေးကင်းလုံခြုံကြပါစေ” ဆိုသည့် စကားလုံးဖြင့် အဆုံးသတ်ထားသည်ကို တွေ့ရသည်။