ဗဟုသုတ

“မိသားစုထဲမှာ …….ဒုက္ခပေးလွန်းသူ ပါလာခဲ့တဲ့အခါ ……”

👨‍👩‍👦‍👦👨‍👩‍👧‍👦👨‍👩‍👧👪

တစ်ခါက မိသားစု တစ်စုဟာ လှေတစ်စင်းနဲ့ ခရီးထွက်လာတယ်။

အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်။

အမေက လိုရာရောက်ဘို့ နောက်ကနေ လှေကို ပဲ့ကိုင်လို့ပေါ့။

မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပဲ။

လှေပေါ်က အခြေအနေကိုပြောပြမယ်နော်။

အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်မလှည့်အားဘူး။

အမေကတော့ နောက်ဆုံးကနေ လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့။

အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။

အမေဖြစ်သူက အဖေကြီးမသိအောင် တားပေမဲ့ မရဘူး။

နောက်ဆုံး ရှေ့ရောက်အောင် အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားတယ်။

“. .မင်းဘာလုပ်တာလဲ….”လို့ …လှည့်ပြီးမေးတော့ သားက

“. လှေကို ဓားချွန်နဲ့ ဖောက်နေတာ..” လို့ပြောတယ်။

” မင်းဘာလို ဒီလို လုပ်တာလဲ…”မေးတော့

”ဘာဖြစ်လဲ…..ဘယ်သူ့ အောက်မှာမှ အပေါက်ဖောက်တာမဟုတ်ဘူး…… ကိုယ့်အောက် ကိုယ်ဖောက်တာ….” လို့ပြောပြီး အားနဲ့ ထိုးစိုက်လိုက်တယ်။

လှေထဲကိုရေတွေ အရှိန်နဲ့ဝင်လာတယ်။အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့ အသက်တွေတော့ မဆုံးရှုံးဘူးပေါ့။

ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး ခရီးကတော့ ပျက်သွားတယ်။

ဒီအဖြစ်အပျက်လိုပါပဲ။

တခါတရံ မိသားစုတခုမှာ ဘာမှလဲ မလုပ်နိူင်။ အလယ်ကနေ ထိုင်စီးပြီး ဒုက္ခပေးမဲ့သူတွေ ပါတတ်ပါတယ်။

သူတို့စိတ်ထဲမှာ လှေရဲ့ အလယ်က ထိုင်စီးနေသူလိုပါပဲ။ကိုယ့်အောက်ကိုယ်ဖေါက်တာ။

ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်လို့ တွေးတတ်ပါတယ်။

တကယ်တော့ လှေပေါ်မှာ တစ်မိသားစုလုံးထိုင်နေတာပါ။တစ်ခရီးထဲ သွားနေတဲ့ တစ်မိသားစုလုံးဒုက္ခရောက်ကုန်တာပါ။

ဒါကြောင့် မိသားစုတခုမှာ ကိုယ်ဘာသာ ကိုယ်လုပ်တာ။ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်ဆိုတာ မရှိပါဘူး။

တယောက်ယောက်က ဖောက်လာရင် ကျန်သူ အကုန်လုံး ဒုက္ခရောက် တတ်ပါတယ်။

ကိုယ့်ကြောင့် ဒုက္ခမဖြစ်ဖို့……တခြားသူများကိုလည်း တွေးပူတတ်ဖို့ လိုအပ်ပါတယ်။

* ဘဝခရီးမှာ အဖော်မွန်ကောင်းတွေ ရကြပါစေ။

မူရင်းတင်သူအား Crdပေးပါသည်။