News

“မေးခွန်းရိုက်ဖို့ ပုံနှိပ်စာရွက်တွေ ပြတ်လပ်သွားတာကြောင့် ကျောင်းစာမေးပွဲတွေ ဖျက်သိမ်းလိုက်ရတဲ့ သီရိလင်္ကာ”

ကိုလံဘို၊ မတ် ၂၀

သီရိလင်္ကာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးသော ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ ယခုအခါတွင် မေးခွန်းများပုံနှိပ်ရန် စာရွက်များပြတ်လပ်သွားသဖြင့် သန်းနှင့်ချီသော ကျောင်းသားများအတွက် စာမေးပွဲများကို ဖျက်သိမ်းလိုက်ရသည်။

ကျောင်းသားများအတွက် စာမေးပွဲများကို နက်ဖြန်တနင်္လာနေ့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း စာရွက်ပြတ်လပ်မှုမြင့်မားသည့်အတွက်ကြောင့် စာမေးပွဲများကို ရက်အကန့်အသတ်ရျိ ရွှေ့ဆိုင်းလိုက်ကြောင်း ပညာရေးဆိုင်ရာတာဝန်ရှိသူတို့က ယမန်နေ့က ပြောကြားခဲ့သည်။ အစိုးရတွင် သွင်းကုန်များအတွက် ဘဏ္ဍာငွေပြတ်လပ်သွားခြင်းကြောင့်လည်းဖြစ်သည်။

ယခုဖျက်သိမ်းလိုက်ရသည့် စာမေးပွဲများမှာ အတန်းတင်စာမေးပွဲကြီးမဟုတ်သော်လည်း ကျောင်းသားများနောက်တစ်တန်းတက်ရန်အတွက် အကဲဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသည့် လုပ်ငန်းစဉ်၏ ကဏ္ဍတစ်ရပ်အဖြစ် အရေးပါသော လပတ်စာမေးပွဲများဖြစ်ကြောင်းသိရသည်။

ရုပ်သံကြည့်ရန်

Ref: Sri Lanka cancels school exams over paper shortage as financial crisis bites

Popular News