ဗဟုသုတ

‘ဒီအချိန် ကားဝယ်သင့်လားဆိုတဲ့ မေးခွန်းရဲ့ အဖြေနဲ့ မြန်မာပြည်အပေါ် ကမ္ဘာ့ကားဈေးကွက်ရဲ့ ရိုက်ခတ်မှု”

ကားလဲဖို့စဉ်းစားတာ coup မတိုင်မီက၊ coup လဲကောက်ထဖြစ်သွားတော့ ဘာအခြေအနေမှ မရေရာဘူးဆိုပြီး မလဲလိုက်ဘူး။

အဲ့မှာတင် နောက်ပိုင်းဒေါ်လာဈေးတွေကကောက်ထတက်၊ ကားဈေးကတက်လာ၊ အဲ့တော့လဲ တက်ဈေးဖြစ်နေပြီ ပြန်ကျမှာပဲ ဆိုပြီးမဝယ်လိုက်၊ ဒီ၂၀၂၂ နှစ်စ ပိုတက်လာတော့ စဉ်းစားရပြီလေ။

၂၀၂၂ ဧပြီလကျရင် ကားအခွန်ပြန်တက်မယ် ၆% တက်မှာလား ၁၅% တက်မှာလားဆိုတာကို အခွန်ရုံးသွားမေးတယ် သူတို့ကိုယ်တိုင်က ရေရေရာရာမသိဘူး။

နောက်တချက်က ကားတင်သွင်းခွင့် မဖြေလျော့ ပေးသရွေ့ ကားဈေးပြန်ကျစရာမရှိဘူး။ ဒေါ်လာဈေး ပြန်မကျသရွေ့က ကားဈေးပြန်မကျနိုင်ဘူး။

နောက်တနည်း ဈေးအတက်အကျက demand and supply ပေါ်မှာ မူတည်တာဖြစ်တယ်။ လူတွေက inflation / ငွေကြေးဖောင်းပွမှုကိုကြောက်လို့ လက်ထဲ ငွေမထားချင်ဘူး တခုခုဝယ်ထားမှ ဆိုတဲ့လူတွေများလာရင် ဝယ်လိုအားများရင် demand များလေ ဈေးက တက်လေပဲ။

တနည်းအားဖြင့် မအလ မဆင်းသေးသရွေ့ ကားဈေးမကျဘူး။ အဲ့တော့ ဒီလိုအနေအထားနဲ့ဆိုရင် ကားဈေးက ဘုန်းခနဲ ပြန်ကျစရာအကြောင်းမရှိတဲ့အတွက် ဝယ်မယ်ဆိုရင် ဒီအချိန်ဝယ်သင့်တယ်။

တက်ဦးမှာလားမေးရင်တော့ ကိုယ့်လူရေ ဒီခေတ် အခါမှာက စီးပွါးတိုးဖို့ထက် ရှိပြီးသားကို ပဲ့မပါသွားအောင်ကြံဖန်ရတဲ့ခေတ်ဖြစ်နေလိမ့်မယ် (စိတ်ကိုထားတတ်အောင်ပါ) (Ellis Property)

ဂျပန်မှာ တပတ်ရစ် ကားတွေ ဈေးမြင့်တက်နေတဲ့ အခြေအနေကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ်-

ကမ္ဘာတစ်၀န်းမှာ ချပ်စ်ရှားပါးပြတ်လပ်မှုကြောင့် ကားသစ်တွေထုတ်လုပ်ရောင်းချဖို့ အခက်အခဲတွေရှိနေချိန် ဂျပန်နိုင်ငံမှာ တပတ်ရစ်ကားစျေးနှုန်းတွေ မြင့်တက်နေပါတယ်။

ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့တဲ့ တပတ်ရစ်ကားစျေးနှုန်းတွေမှာ ယန်းငွေ တစ်သန်းကျော် သို့မဟုတ် ဒေါ်လာ ၈၅၀၀ ထိရှိခဲ့တယ်လို့ ဂျပန်တပတ်ရစ်ကားလေလံကုမ္ပဏီ ယူအက်စ်အက်စ်ကပြောပါတယ်။

ယူအက်စ်အက်စ်ကုမ္ပဏီရဲ့ ပျှမ်းမျှလေလံစျေး ယန်းတစ်သန်းကျော်နဲ့ ကားတွေကို ရောင်းချခဲ့ရတာဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ မော်တော်ကား၀ယ်ယူသူတွေဟာလည်း ကားအသစ်၀ယ်စီးဖို့ ခြောက်လစောင့်ရမယ့်အစား တပတ်ရစ်ကားဟောင်းတွေကိုသာ ရွေးချယ်၀ယ်ယူသူ များပြားလာနေပါတယ်။

တဘက်မှာလည်း ကားပိုင်ရှင်အများအပြားဟာ ၀ယ်ယူရရှိမှု အခက်အခဲတွေကြောင့် လက်ရှိအသုံးပြုနေတဲ့ သူတို့ရဲ့ကားတွေကို ရောင်းချခြင်းမပြုကြပါဘူး။

ဒါ့အပြင် ဂျပန်မော်ဒယ် တပတ်ရစ်ကားတွေကို အ၀ယ်လိုက်နေတဲ့ နိုင်ငံတွေကိုလည်း ကားအဟောင်းတွေကို တင်ပို့ရောင်းချမှုတွေ ပြုနေတာကြောင့် ပြည်တွင်းမှာ ကားအစီးရေလုံလောက်မှုမရှိတော့ဘူးလို့ လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ သတင်းအရဆိုရင် ဂျပန်က တခြားနိုင်ငံကို တပတ်ရစ်ကားတွေ တင်ပို့မှု ထိန်းချုပ်နိုင်ပြီး မြန်မာပြည်လို ဂျပန်တပတ်ရစ်ကားကို မှီခိုနေရတဲ့ နိုင်ငံတွေမှာ ကားဈေးတွေ ထိုးတက်သွားနိုင်မယ်လို့ သိရပါတယ်။

Post Views: 128