News

“သမီး (၅) ယောက် မွေးထားပေမယ့် ဝမ်းစာအတွက် အခုချိန်ထိ ကြက်သွန်ဖြူရောင်းနေရတဲ့ အဖွား”

ပျော်လိုက်တာ…ဒီနေ့တော့ ထီပေါက်ပြီ…ထီပေါက်ပြီ

အဖွားရေ…ဘာတွေ ရောင်းတုန်း၊ ကြက်သွန်ဖြူပါ သားရေ (ထိုင်ပြီ နွှာနေတယ်)၊ ဘယ်လိုရောင်းတုန်း အဖွား၊ ခွာပြီသား (၁၀)ကျပ်သား – ၈၀၀ ကျပ်၊ မခွာရသေး (၁၀)ကျပ်သား – ၅၀၀ ကျပ်

ဟုတ် အဖွား…ခွါပြီသား ယူမယ်လေ အဖွား၊ သား ဘယ်လောက်ဖိုး ယူမလဲ၊ အကုန် ယူမယ်လေ အဖွား။ ဟေ…တကယ်ကြီးလား…(ဘေးက အန်တီကြီးကို ငါတော့ ကံကောင်းပြီဟေ့..ကံထူးပြီဟေ့)

အဖွား…ပျော်လား အဖွား၊ ပျော်တာပေါ့…သားရယ် ထီပေါက်တာထက် ပျော်တယ်။ ဒါဆို မခွါရသေးတာပါ ယူမယ်ဗျာ။ ဟာ… ငါတော့ ထီပေါက်ပြီ…ထီပေါက်ပြီ (ထပြီး ကပါလေရော စျေးထဲမှာ အကုန်ဝိုင်းကြည့်)

သားလေးရေ…အရှေ့က ငရုတ်သီးမှုန့် ဆိုင်မှာ ချိန်ကြည့်ပေးပါ နော်…အဖွား အရမ်းပျော်တာပဲ သားရယ်၊ အဖွားရေ… မခွါရသေးတာက (၁ပိဿာ ၄၀ကျပ်သား) / ခွါပီသားက (၁ပိဿာ ၅၀ကျပ်သား)၊ အဖွားရေ… ရော့ ၄၀၀၀၀ ကျပ် ယူလိုက်ပါနော်… တဝက်က ကြက်သွန်ဖြူဖိုး… တဝက်က အဖွားသုံးချင်တာ သုံးဖို့ပါ နော်

ကျေးဇူးတင်လိုက်တာ သားရယ်…သားလေးသာ အဖွား သားလေး ဖြစ်ရင် ကောင်းမှာပဲ နော်။ အဖွားက သားသမီး မရှိဘူးလား။ ရှိတာပေါ့…သားမက်ကြီးပဲ (၅)ယောက်ရှိတယ်…အဖွား ဘာသာ ရှာစားရတာ…ထမင်းတလုပ် ဒုတ်တချက်လိုပါပဲ သားရယ် (ဘေးက အန်တီကြီးကလဲ ဟုတ်တယ် ပြောတယ်)

ဟုတ်…ခုလဲ သားက အဖွားသားပဲလေနော်…အိမ်ပြန်တော့နော် အဖွား။ ပြန်မှာဟေ့…ဒီနေ့ လေယာဉ်ပျံကြီး စီးပြီပြန်မယ်ကွာ…လိုင်းကားတွေ စီးတော့ဘူး (အဖွား အတော်ပျော်နေရှာတယ်)

ဪ…မိဘဆိုတာ သက်ရှိဘုရားပါ…မသေခင်ပဲ လုပ်ကျွေးခွင့်ရတာပါ…သေမှ နောင်တမရကြပါနဲ့

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ