ဗဟုသုတ

“ဓာတုဆေးကင်းပြီး သဘာ၀အရသာစစ်စစ်ကို ရရှိနိုင်မယ့် ခရမ်းချဉ်သီး ဆော့စ် ပြုလုပ်နည်း”

ယခုကာလ စျေးမကောင်းနေချိန် တောင်သူတွေအတွက် လုပ်သင့်တာလေးတွေပါဗျ

သူများတွေ လုပ်ရောင်းတာ ဝယ်စားရင် တကယ် ခရမ်းချဉ်သီး အစစ်နဲ့ လုပ်လား မလုပ်လား မသေချာပါဘူး..ကျန်းမာရေးနှင့် မညီညွတ်တဲ့ ဆိုးဆေးတွေ အချဉ်မှုန့် တွေလည်း ပါနိုင်ပါတယ်

ဒါကြောင်း ခရမ်းချဉ်သီး အစစ်နဲ့ ကိုယ်တိုင်ပြုလုပ်ပြီး စိတ်ချက်လက်ချ စားလို့ရမယ့် နည်းလမ်းလေး မျှဝေပေးချင်ပါတယ်

အသီးဈေးမကောင်းချိန်မှာ အထားခံတဲ့ ခရမ်းချဉ်သီးဆော့စ် လုပ်နည်း

ခရမ်းချဉ်သီးရဲရဲနီ အမှည့် ( ripe tomatoes) ကို လေးစိတ်စိတ်ပြီးရေနည်းနည်းထည့် အဖုံးအုပ်ပြီး အိ နေအောင်ပြုတ်ပါ။

ပြီးရင် blender နဲ့ ကြေအောင်ကြိတ်ပါ။

ကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ။ ( အစေ့နဲ့ အခွံ မပါစေရ)

ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့်( ငရုတ်သီးမှုန့် (အရောင်အတွက်)/ရေအနည်းငယ်ထည့်ပြီး
မီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါ

အလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ် (အရောင်ဆိုးဆေး ( food colour) ထည့်စရာ မလိုပါ )

ရေ ကျန် မကျန် သိလိုပါကအနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ (ရေစိမ့်ထွက် မလာပါက ရပါပြီ )

ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်။

မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောင်အခန်းအပူချိန်အတိုင်း အအေးခံပြီးဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ။

စားတဲ့အခါ ဇွန်း အသန့်နဲ့ယူစားပါ။

Credit- မူရင်းတင်သူကို ခရက်ဒစ်ပေးပါတယ်