News

“ယိုးဒယား ဝက်အူချောင်းတွေစားပြီးရင် အပိုလက်ဆောင်အဖြစ် သွေးချိုရောဂါ ရရှိနိုင်”

ဝက်အူချောင်းတွေ စားသုံးပြီးတဲ့နောက် သွေးချိုရောဂါဖြစ်ပေါ်လာတဲ့ ကလေးငယ်တွေရဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ဈေးကွက်ထဲရောင်းချနေတဲ့ ဝက်အူချောင်းတွေမှာ အန္တရာယ်ရှိတဲ့ နိုက်ထရိတ်နဲ့ Benzoic အက်ဆစ်ပမာဏတွေ ပါဝင်နေကြောင်း ထိုင်းနိုင်ငံ စားသုံးသူ ကာကွယ်စောင့် ရှောက်ရေးအသင်း FDA မှ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

FDA အဖွဲ့အစည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝက်အူချောင်းအမှတ်တံဆိပ် ၁၀၂ ခုကို နမူနာတွေ ယူခဲ့ကာ ဝက်အူချောင်း နမူနာ ၄၄ ခုအနက် ၂၂ ခုမှာ အစားအသောက်အရည်အသွေး နိမ့်ကျနေတယ် လို့လည်း သိရပါတယ်။ နမူနာ ၂၂ ခုမှာ နိုက်ထရိတ်ဓာတ် တရားဝင်ခွင့်ပြုချက်ကို ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထုတ်လုပ်ရောင်းချသူ ၂၀ ကျော်ဟာ ဝက်အူချောင်းတွေမှာ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက် ပမာဏတွေကို အသုံးပြုခြင်းအတွက် ဒဏ်ငွေနဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတစ်ဝန်းက ကလေးငယ် ၁၄ ဦးတို့မှာ ဝက်အူချောင်းတွေ စားပြီးနောက် သေဆုံးနိုင်ချေရှိတဲ့ သွေးချိုရောဂါတစ်မျိုးဖြစ်တဲ့ မက်တီမိုဂလိုဘင်မီးယား ရောဂါကို ခံစားရကြောင်း ရာမသီဘောဒီ ဆေးရုံ အဆိပ်ဗဟိုဌာနသို့ FDA က စုံစမ်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

နိုက်ထရိတ်ပမာဏမြင့်မားခြင်းက မက်တီမိုဂလိုဘင်မီးယား ရောဂါကို ဖြစ်စေတယ်လို့ သိရပါတယ်။

ရောဂါခံစားရတဲ့ ကလေးတွေဟာ ချင်းမိုင်၊ Phetchaburi Saraburi Trang ၊ Phayao ၊ Songkhla ၊ Nakhon Si Thammarat နဲ့ Kanchanaburi တို့က ဖြစ်တယ်လို့ သိရပါတယ်။

ဘန်ကောက်လမ်းညွန်ကိုစိုင်း

Post Views: 9