ကြေကွဲ မှတ်တမ်း

“လမ်းခွဲတော့မယ့် အချိန်မှာ အတတ်နိုင်ဆုံး ရိုးသားပေးပါ. . .”

ကိုယ့်ကို အစကတည်းက မချစ်ခဲ့ခြင်းတွေဟာ ပြဿနာမဟုတ်ဘူး ကိုယ်ညံ့လို့ ကိုယ်ခံခဲ့ရတာပါ …

ဘာကြောင့်လဲ မေးရင် ကိုယ်က အယုံလွယ်လွန်းတာကိုး ..ဒါပေမယ့် လမ်းခွဲချိန်မှာတော့ …မချစ်ခဲ့ရင် မချစ်ခဲ့ဘူးပေါ့

အတတ်နိုင်ဆုံးရိုးသားပေးပါ …တချို့စိတ်တွေက ခန့်မန်းရသိပ်ခက်တယ်…ကိုယ့်ကို တကယ်လဲမချစ်ပါပဲနဲ့ ပြီးတော့ ထားရစ်ခဲ့တော့မယ့် အရေးကိုဒရမ်မာတွေခင်းပြီး မျှော်နေအောင်လုပ်ကြသေးတယ် …

သူပြန်လာရင် အရန်သင့် ပြန်လာရအောင် ကိုယ့်ကို စောင့်နေစေချင်တဲ့အချိုးတွေလေ …

မဖြစ်နိုင်လို့ပါ …ဆိုတဲ့စကားတွေ သုံးကြတယ် ဘာကြောင့်မဖြစ်နိုင်တာလဲအဖြေကိုရှာတဲ့အခါ သူကိုယ်တိုင်ကြောင့်ဆိုတဲ့ အဖြေကိုကျသိပ်လက်သင့်မခံချင်ကြဘူးလေ …

ပြီးတော့ ခဏလေးစောင့်ပေးပါ တဲ့ ယုံမိတဲ့ တချို့လူတွေက စောင့်နေတတ်ကြတယ် ..

နောက်ကွယ်ကို လှမ်းကြည့်မိတော့ တခြားတစ်ယောက်နဲ့ ဇာတ်လမ်းတွေဆက်ဖြစ်နေကြရုံပါ

သူပြောခဲ့သလို ကိုယ်နဲ့နီးဖို့ ကြိုးစားနေခဲ့တာမဟုတ်ပဲ ကိုယ့်ဆီအဆင်မပြေမှ ပြန်လာမှလမ်းကိုခင်းခဲ့ရုံပါ …

သိပ်ချစ်ခဲ့မိတုန်းကတော့ မြင်နိုင်တဲ့မျက်လုံးတွေ ကန်းခဲ့ဖူးတယ် အခုချိန်ပြန်တွေးရင် ငါဘာကြောင့် တုံးခဲ့လဲဆိုပြီး ကိုယ့်ကိုယ်ကိုပဲအပြစ်တင်မိပါတယ်…

လမ်းခွဲတော့မယ်အချိန်ထိကို စိတ်ဒုက္ခတွေမပေးပါနဲ့တော့ မရေရာတဲ့အကြောင်းပြချက်တွေနဲ့နေနေခဲ့ရမယ့်လူကို စာနာပါ …

ဒဏ်ရာတွေဒီလောက်ပေးခဲ့ပြီးပြီပဲ..ကျေနပ်တော့ပေါ့ …

တစ်နေ့ပြန်လာခဲ့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မထားခဲ့ပဲ..မချစ်ခဲ့လို့ လမ်းခွဲရအောင်ဆိုတဲ့ အမှန်တရားကို အနည်းဆုံးတော့ ချပြခဲ့ပေးပါ …။ ။

Credit _ သျှင်ယွန်း