News

“အနှိပ်ခန်းသို့ တစ်နှစ်လုံးလုံး တစ်ရက်ကလေးမှမပျက်ဘဲ လာရောက်အားပေးတဲ့အတွက် ဆိုင်ကယ်တစ်စီး ချီးမြှင့်ခြင်းခံခဲ့ရတဲ့ အမျိုးသား”

အနှိပ်ခန်းသည်လည်း အလုပ်ထဲတွင် ပင်ပန်းညောင်းညာသူများ စိတ်ဖိစီးသူများမှ လာရောက်အနှိပ်ခံကာ သက်သာပျောက်ကင်းစေနိုင်၍ လူကြိုက်များသောနေရာအဖြစ် ရပ်တည်လျက်ရှိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တစ်နေကုန်ပင်ပင်ပန်းပန်း အလုပ်ကိုကြိုးစားလုပ်ခဲ့ပြီး ညဖက်တွေမှာ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ဆိုပြီး ဇနီးဖြစ်သူကိုလိမ်လည်၍ အနှိပ်ခန်းသို့ သွားရောက်ခဲ့သည်။

အမျိုးသားကြီးသည် တစ်နေကုန်ပင်ပန်းထားသမျှ ညောင်းညာမှုတွေကို အနှိပ်ခန်းဆီမှာသာ မိုးရွာသည်ဖြစ်စေ ချမ်းအေးလွန်းသော အချိန်ဖြစ်နေပါစေ တစ်ရက်ကလေးမှမပျက်ပဲ တစ်နှစ်လုံးလုံးသွားရောက်အားပေးခဲ့သည်။

ထို့ကြောင့်အနှိပ်ခန်းပိုင်ရှင်သူဌေးမှ အမျိုးသားကြီးအား မည်သည့်အခြေအနေမျိုးမဆို သူ့ဆိုင်သို့ မပျက်မကွက် လာရောက်အားပေးခဲ့သည့်အတွက် Wave RSX အမည်ရှိ ဆိုင်ကယ်သစ်တစ်စီးအား ချီးမြှင့်ခဲ့သည်။

အမျိုးသားမှာ ဆိုင်ကယ်သစ်တစ်စီးလုံးကို ပိုက်ဆံမပေးရပဲ အလကားလက်ဆောင်ရခဲ့၍ အတိုင်းမသိဝမ်းသာခဲ့ရသော်လည်း အိမ်ယူပြန်သည့်အခါ ဇနီးဖြစ်သူကို ဘယ်ကနေဘယ်လိုမျိုး ရရှိလာကြောင်း ရှင်းပြရမှန်းမသိ၍ အခက်တွေ့နေခဲ့သည်။

Credit