News

“ကိုယ့်ကလေး ကို မြင်တိုင်း လန့်လန့်ပီး အော်ငိုငို နေတဲ့ ကလေးသာသာ မိခင်တစ်ယောက်ရဲ့ အဖြစ်ဆိုး”

ပိုးကိုက်ပန်းမို့ မလန်းစေချင် 😥

သမီးလေးရယ် ငါ့ရင်တွေကျိုးရချည်ရဲ့အေ

ကလေးအရွယ်လေးက ကလေး လာမွေးသတဲ့လား

ညည်းအသက်က ခုမှ ၁၃ နှစ်တောင်ပြည့်သေးတာမဟုတ် ညည်းက တခြားမိန်းမသားတွေလို သာမန်မှမဟုတ်တာဟယ် ညည်းကိုညည်းရော သိရဲ့လားအေ
မွေးရာပါ ဦးနှောက်ရော ခန္ဓာကိုယ် ဖွံ့ဖြိုးမှုပါ အားနည်းတဲ့ ဒေါင်းရောဂါသည်လေ (Down^s Syndrome)

ညည်းလို ဘာမှ မသိ ကိုယ့်ဟာကိုယ် ဘာတွေးလို့တွေးမှန်းတောင် မသိတဲ့ ကလေးလေးကို ခွေးစိတ်ပေါက်ပီးတစ်ခါ နှစ်ခါ အခါခါ စော်ကားတဲ့လူက ညည်းပထွေးတဲ့

ငါတို့မှာတော့ လျှာ ကျွတ်အောင် တောက်ခေါက်ပီး အံကြိတ်နေယုံ မှတစ်ပါး အခြားမတတ်ဘူးလေ

ညည်းအမေကရော် သူ့ရဲ့သမီးအရင်းကို သူ့ရဲ့နောက်လင်က အ့လို တွေ လူမဆန်အောင် ပြုမူနေတာတွေကို မမြင်မျက်စိ မကြားနား မသိစိတ် နဲ့ပဲ နေရဲသတဲ့လား

အေးပေါ့ ညည်းတို့ အယူ ညည်းတို့ဓလေ့ ညည်းတို့အာဏာ ညည်းတို့ရဲ့ လူမှုရေးအပြစ်ပေးမှုတွေက ခုထိ ဘောင်းကျဥ်းနေကြသေးသကိုးဟဲ့

သမီးရယ် ညည်းဗိုက်ကို ကြိုစားပန်းစား ခွဲမွေးပေးထားရတဲ့ ညည်းရင်ကလွယ် ကလေးလူမမယ်ကို ကိုယ့်သား ကိုယ့်သမီး ကိုယ့်သွေး ဆိုတဲ့ အတွေးလဲ ညည်းမှာ ဘယ်ရှိနိုင်ပါ့မလဲ ကိုယ့်ကလေး ကို မြင်တိုင်း လန့်လန့်ပီး အော်ငိုငို နေတဲ့ ညည်းကိုပဲ သနားရမလား ညည်းအမေကိုပဲ ဆဲရမလား ညည်းပထွေးကိုပဲ စက်တိုင် တက်ခိုင်းရမလား ပဲ

မိန်းမသားပေမယ့် ညည်းကိုတော့ ကလေးမမွေးစေချင်တာ အမှန်ပါအေ နို့တစ်ပေါက်က စ တဲ့ သားသမီးသံယောဇဥ်ဆိူတာလဲ ညည်းရဲ့ အဇ္ဇတ မှာ ဖြစ်ပေါ်လာမှာမှ မဟုတ်တာ ဟယ်

နောက်လဲ ဒီလိုတွေ မဖြစ်ဘူးပြောနိုင်ပါ့မလား

ညည်းအမေ ကွယ်ရာမှာ ညည်းပထွေးက အ့လို ထပ်မလုပ်ဘူး လို့ အာမခံ နိုင်ပါ့မလား

အကောင်းဆုံးတွေးပီး ညည်းလက်မောင်းထဲကို ၅ နှစ်ခံ ကိုယ်ဝန်တား ပစ္စည်းလေး ထည့်ပေးလိုက်ပါတယ်အေ

ညည်းရဲ့ပထွေးကောင်းစားဖို့ မဟုတ်ရပါဘူး ညည်းက လုံးဝမပွင့်သင့်တဲ့ ပိုးကိုက်ပန်း ဖြစ်နေလို့ပါအေ

မှတ်ချက် ( ကာယကံရှင်ခွင့်ပြုချက်ဖြင့်တင်သည်)

#crdDr.PhyoWin Naing