News

“အိမ်သာတက်ရင်း ခြောက်လုံးပြူး ခလုတ်ကို ညှစ်မိလို့ အလုပ်ပြုတ် ထောင်ကျ ဖြစ်သွားတဲ့ အစောင့်ရဲ”

အိမ်သာတက်ရင်းခြောက်လုံးပြူးနဲ့လက်ယားမိတဲ့အစောင့်ရဲ ထောင် (၉) ပတ်ကျ

မလေးရှားနိုင်ငံသား Goh Ze Lin (၃၇ နှစ်) ဟာ ဘဏ်လုံခြုံရေးနဲ့ငွေအသယ်အပို့အတွက်ခန့်ထားတဲ့ CISCO အရန်ရဲဖြစ်ပါတယ်။ သူတို့ကို Certis CISCO auxiliary police officer လို့ခေါ်ပါတယ်။

၂၀၂၁ ဇန်နဝါရီလ ၈ ရက်နေ့မှာ သူဟာ HarbourFront ရှော့ပင်းစန်တာရှိ OCBC ဘဏ်ခွဲမှာ တာဝန်ကျပါတယ်။

သူ့ခါးမှာ ပွိုင့် ၃၈ ကျည်ဆန် (၅) တောင့်ထည့်ထားတဲ့ aurus 85 ခြောက်လုံးပြူးချိတ်ထားပါတယ်။

နေ့လည် ၁၁:၄၅ မှာ သူဟာ ဒုတိယထပ်ကကျားအိမ်သာကိုဝင်ပါတယ်။ အိမ်သာခန်းတစ်ခန်းထဲဝင်ချိန်မှာ ကမုတ်မှာမထိုင်ခင် သေနတ်ပါတဲ့ခါးပတ်ကို အိမ်သာကမုတ်ရှေ့ကကြမ်းပြင်ပေါ်မှာချထားပါတယ်။

အိမ်သာတက်နေစဉ်မှာ လက်ကအငြိမ်မနေပဲ သေနတ်အိမ်ထဲကခြောက်လုံးပြူးကိုဆွဲထုတ်ကာ လက်ကမြင်းကျောထရင်း အိမ်သာတက်ပါတယ်။

စိတ်ထဲမှာလည်း ငွေရေးကြေးရေးကိစ္စတွေစဉ်းစားနေတယ်လို့ဆိုပါတယ်။

အိမ်သာကမုတ်မှာထိုင်ရင်း အီအီးညှစ်ရင်း လက်ကလိုက်ညှစ်မိလိုက်သလားမသိပါ ခြောက်လုံးပြူးခလုတ်ကိုဆွဲညှစ်မိလိုက်ပါတယ်။

ကျည်ဆန်က ဒိုင်းကနဲထွက်သွားပြီး သေနတ်ကအောက်စိုက်ထားတဲ့အတွက် ကြမ်းပြင်ကိုမှန်သွားပါတယ်။

ဒီ aurus 85 ခြောက်လုံးပြူးမျိုးက ပေ ၁၃၀ အတွင်းမှာ တည့်တည့်မှန်ရင် သေနိုင်ပါတယ်။

ကံကောင်းလို့အိမ်သာထဲက အခြားသူတွေကိုသွားမမှန်တာပါ။ ရှော့ပင်းမောဖြစ်တဲ့အတွက် လူအများကြီးရှိပါတယ်။

ဒိုင်းကနဲကျည်ထွက်သွားပြီးနောက် Goh Ze Lin လည်းဝိတ်လျော့နေတာရပ်ပြီး ခါးပတ်အမြန်ပြန်ဝတ်ကာ Certis Command Centre ကို အကြောင်းကြားရပါတယ်။

အလုပ်ပြုတ်သွားတဲ့အပြင် ယနေ့မှာ တရားရုံးကထောင်ဒဏ် (၉) ပတ်ချလိုက်တာဖြစ်ပါတယ်။

💩 အီးညှစ်နေတဲ့အချိန် သေနတ်ဘာလို့ကိုင်ထားလဲဆိုတာ စဉ်းစားလို့မရပါ။

မြန်မာပြည်မှာလည်း အိမ်သာတက်ရင်းကြောက်လို့သေနတ်ကိုင်တတ်သူတွေ သတိထားကြပါ။

#RichardMyoThant

11-March-2022