ရွှေဖီမြေ၊ မတ်လ ၁၀ ရက်၊ ကရင်နီ
တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်ထဲ ကူညီကယ်ဆယ်ရေး လုပ်နေသူ Free Burma Ranger (FBR)တပ်ဖွဲ့ဝင် အဲလစ္စဘတ် (၂၅ နှစ်)ဟာ မနေ့ မတ်လ ၉ ရက်မှာ ကျဆုံးသွားပါတယ်။
မတ်လ ၈ ရက်မှာ ဆောင်ဒူလာရွာထဲကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲရာ ကျန်ရှိနေတဲ့ အရပ်သားတွေကို ခေါ်ထုတ်ရင်း စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူရာကနေ မနေ့က ကျဆုံးသွားတာပဲ ဖြစ်ပါတယ်။
FBR တပ်ဖွဲ့ဝင် အဲလစ္စဘတ်ဟာ ပဲခူးသားဖွားသင်တန်းကျောင်းမှ ဒုတိယနှစ်သင်တန်းသူဖြစ်ပြီး သူမ ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်း သူနာပြု၊ သားဖွားသင်တန်းကျောင်း ကျောင်းသားသမဂ္ဂတွေကလည်း ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်မှာ FBR အဖွဲ့က တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ လူထုတွေကို ကူညီကယ်ထုတ်ရင်း တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း ဒေသအခြေစိုက် ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာ ဖော်ပြထားပါတယ်။
#အရပ်သား #ကယ်ထုတ်သူ #ဒဏ်ရာရ #ကျဆုံး #အမျိုးသမီး #ကရင်နီ
#ဓာတ်ပုံ- Local