ဗဟုသုတ

“ဆိုင်မှာ စျေးကြီးပေးဝယ်စားရတဲ့ ဝက်သား သုံးထပ်သား ကင်. . ကိုယ်တိုင်လုပ်စားနိုင်မယ့် နည်းလမ်း”

ဝက်သား သုံးထပ်သား ကင်နည်း

အသားကြိုက်သူဖြစ်ဖြစ်၊ အဆီကြိုက်သူဖြစ်ဖြစ် ၊ အခေါက်ကြိုက်သူဖြစ်ဖြစ် သုံးမျိုးလုံး အဆင်ပြေစေမယ့် ဝက်သားသုံးထပ်သားကို စားကောင်းအောင် ပြုလုပ်တဲ့ နည်းနဲ့ အားလုံးကို မိတ်ဆက်ပေးပါမယ်..

တကြွပ်ကြွပ်သံစဉ်နဲ့အတူ ဝါးလို့ကောင်းတဲ့ အသားကင်လို ဆိမ့်ဆိမ့်လေးဖြစ်နေအောင် သုံးထပ်သားကို သူတို့တွေ ဘယ်လိုလုပ်ကြသလဲ တစ်ချက်လောက် ရှိုးကြရအောင်…

(၁) အခေါက်တွေ အိသွားအောင် အရင် ဝက်သားကို အိုးထဲ ပြုတ်ရပါမယ် ။

(၂) ပြီးရင် ဆယ်ထားလိုက် အေးသွားရင် အခေါက်ကို ဓားအချွန်လေးနဲ့ ထိုးပြီး နေရာအနံ့စိတ်စိတ်ကလေး ထိုးဆွပေးရပါမယ်။

(၃) ဆား ၊ အချို မှုန့် ၊ ကြက်သားမှုန့့် ၊ ငံပြာရည် ၊ ကြာညို့ဖြင့် နယ်ပါ (ရှောင်ကော ၊ ထုံချွင့် ၊ ပါကော ၊ ဟွားကြောင်း ၊ ဆန်အရက် ရှိပါက ထည့်သုံးနိုင်ပါတယ်) ။ ပြီးရင် ကြော်လိုက်ပါ ။

(၄) တစ်ခေါက်ကြော်ပြီးရင် အဲ့ဒီ ဆီထဲမှာ ဘဲ စိမ်ပြီး မီးပိတ် ထားလိုက်ပါ ။

အဲဒီလို စိတ်ရှည် လက်ရှည် သုံးပြန်လောက် လုပ်လိုက်ပါ အခေါက်လေးက ကြွပ်ရွလာပြီး စားလို့ကောင်းပါပြီ ။ ဒါဆို ရင် အသင့်စားလို့ရနေပါပြီ။

ကဲ..ဘယ်လောက်လွယ်တယ်မှတ်လဲ..

ဒီနည်းက လွယ်လည်းလွယ်၊ စားလို့လည်းကောင်း အရောင်အသွေးကလည်း စားချင်စိတ်တွေ တစ်ရွမ်းရွမ်း တက်လာစေတော့ ဝက်သားကင်ကြိုက်သူများနဲ့ ဆို အံကိုက်ပဲပေါ့….

#Yangonlife #SocialInterest #CookingTime

Credit to – Nan Hla Hla Tin