News

“အစားပုပ်တဲ့ ခွေးလေးမို့ ဝိတ်တက်နေလို့ ဝိတ်ကျအောင် တောင်ပေါ်ခေါ်တက်ခဲ့ပေမယ့် ကျောပိုးခေါ်ပြန်ခဲ့ရတဲ့ သခင်”

ယနေ့ခေတ်မှာ အိမ်မွေးတိရစ္ဆာန်များနဲ့ ပျော်ပွဲစားထွက်ခြင်းက လူများစွာ ရေပန်းစားတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ် ။ အခုတစ်ခါမှာ အဖြူရောင် Samoyed ခွေးကလေးဟာ စံနမူနာကောင်းဖြစ်ပြီးသူဟာ တရုတ်လူမှုကွန်ယက်ပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ် ။

ဒီကောင်လေးဟာ ငယ်စဉ်ကတည်းက အရသာရှိတဲ့ အစားအစာများကို နှစ်သက်ခဲ့ပါတယ် ။ ထို့ကြောင့်၊ သူ့ခန္ဓာကိုယ်က 25 ကီလိုဂရမ်အဆင့်သို့ လျင်မြန်စွာရောက်ရှိခဲ့ပါတယ် ။

Samoyed ခွေးလေးက အဝလွန်နေတယ်လို့ ခံစားရတဲ့အတွက် သခင်ဟာ သူ့ကို အဆီကျဖို့ နည်းလမ်းများစွာကို ရှာဖွေခဲ့ပါတယ် ။ သခင်က သူတို့အတွက်လည်း ကျန်းမာရေးကောင်းမွန်ရန်နဲ့ သဘာဝနဲ့ နီးစပ်စေရန် တောင်တက်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။

အစပိုင်းမှာ အတော်လေးချောမွေ့ပေမဲ့ လမ်းတစ်ဝက်လောက်ကို တက်လိုက်ချိန်မှာတော့ ရုတ်တရက် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။

Samoyed ခွေးလေးက ပင်ပန်းလွန်းလို့ လမ်းလျှောက်ဖို့ ငြင်းဆန်ပြီး ထိုင်နေခဲ့ပါတယ် ။ Samoyed ‌ခွေးလေးက ဘယ်သူက ဘာပြောပြော သစ်ပင်အောက်မှာ မြဲမြံစွာ “ကုပ်” လို့ ထိုင်နေပါတယ် ။ ဒီလိုနဲ့ နောက်ဆုံးသခင်ဖြစ်သူက အိမ်ပြန်ရန်အတွက် 25 ကီလိုဂရမ်အလေးချိန်ရှိတဲ့ Samoyed ခွေးလေးကို ကျောပိုးခေါ်ပြန်ခဲ့ရပါတယ် ။

JRose (KB Chimmy one)

Reference : yan

Zawgyi




JRose (KB Chimmy one)