ဗဟုသုတ

“မီးမလာလို့ ဆိုလာပြား ဝယ်သုံးတော့မယ် ဆိုရင် သိထားသင့်တဲ့ ဆိုလာ (၃) မျိုး နှင့် ဘက်ထရီအား နှင့် ဆိုလာအား တွက်ချက်နည်း”

ဒီစာက Solar ဝယ်မယ်လို့ ဆုံးဖြတ်ထားသူတွေ အတွက်ပါ။ မြန်မာနိုင်ငံကို တင်သွင်းရောင်းချနေ တဲ့ Solar ( ၃ ) မျိုးရှိပါတယ်။

(၁) ပထမတန်းစား

Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျ မဟုတ်ဘဲ ထောင့်ချိုးလေးတွေ ကွေးထားပါ တယ်။

(၂) ဒုတိယတန်းစား (အလတ်စား)

Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျ ပါ။ထောင့်ချိုးတွေ ကွေးမထားပါဘူး။

(၃) တတိယတန်းစား(အညံ့စား)

ဆဲလ်ကွက်ရှိချင်မှရှိတယ်။ပြောင်တွေ၊အစင်းတွေနဲ့ပါ။

မှတ်ချက်။ ။ဒီနိုင်ငံမှာ Solar ရဲ့ Output Watt ကို အရှိအတိုင်းပြပြီး ရောင်းချနိုင်တဲ့ဆိုင် မ‌တွေ့မိသေးပါ။

II. Solarဝယ်ရုံနဲ့ မီးလုံးထွန်းTVကြည့်၊ ကွန်ပြူတာ သုံးလို့ မရပါဘူး။

(၁) ဘက်ထရီအိုး ဝယ်ရမယ်

(၂) အင်ဗာတာ ဝယ်ရပါမယ်။

Solar ရဲ့ သဘောက နေရောင်ခြည်အသုံးပြုပြီး ဘက်ထရီအိုးကို အားသွင်း‌ပေးရုံသက်သက်ပါ။ အဓိက က ဘက်ထရီအိုးနဲ့အင်ဗာတာပါ။

III. ဘက်ထရီအိုး ရွေးပါ။

ဘက်ထရီအိုးကို သူရဲ့ Ah (Ampere hour) ကိုကြည့်ပြီး100Ah (၁၀၀အိုး)၊ 200Ah(၂၀၀အိုး)စသဖြင့် ခေါ်ပါတယ်။

ဘယ်ဘက်ထရီအိုးဖြင့်ဖြစ်စေ ရာနှုန်းပြည့် သုံးစွဲခြင်းကို ရှောင်ပါ။၈၀% လောက်ပဲ သုံးစွဲပါ။လုံးဝအားကုန် သွားသည်အထိ မသုံးပါနဲ့။

နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီအသုံးပြုမယ်ဆိုတာကို သတ်မှတ်ပါ။၃ နာရီလား။ ၄ နာရီလား။

ဘက်ထရီအိုးရွေးဖို့ ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt၊TV ရဲ့Watt၊ ကွန်ပြူတာရဲ့ Watt အားလုံးကို ပေါင်းပါ။

ဥပမာ၊ မီးလုံး-18W+18W

TV -90W ၊ ကွန်ပြူတာ-45W

အဲ့ဒါတွေအားလုံးပေါင်း(18+90+45+18)171W။

စုစုပေါင်း 171W ကို Ampere ပြန်ပြောင်းတော့171/12=14.25Aစု‌စုပေါင်းအသုံးပြုချိန်က ၄ဘနာရီဆိုပါစို့။

14.25A x 4h = 57Ahအနီးစပ်ဆုံး 60Ahလောက် စဉ်းစားထား။ Losses တွေ အတွက်က 25%လောက် ထပ်ဆောင်းပါ။အဲ့တော့ (60 x 0.25=15 Ah)

ထို့ကြောင့် ဘက်ထရီအိုးSizeက = 60+15 Ah=75 Ahအနီးစပ်ဆုံး 80Ah ဝယ်ပါ။

(171W ကို ၄နာရီကြာအောင်သုံးမယ်ဆိုရင် 80Ah အိုးကကောင်းကောင်းနိုင်ပါတယ်။)

IV. အင်ဗာတာ ရွေးပါ။

ဘယ်အင်ဗာတာက မှလည်း ရာနှုန်းပြည့် ယူသုံးလို့မရပါဘူး။ပျှမ်းမျှ ၇၀% ပါပဲ။ အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့ Total Load ကို ပျှမ်းမျှ ၇၀% နဲ့စားပါ။

ဥပမာ -171/0.7=244.3

👉 အနီးစပ်ဆုံး 300W inverterသုံးပါ။

V. Solar ရွေးပါ။

Solar က ဘက်ထရီအားသွင်းဖို့ပါ။အချိန်ဘယ်လောက်နဲ့ ပြည့်ချင်လဲဆိုတာကို ကြည့်ပြီးSolar ဆိုဒ်ကို ဝယ်ရမှာပါ။

ဥပမာ-မိမိရဲ့ 80Ah အိုးကို ၄ နာရီလောက်နဲ့ပြည့်ချင်တယ် ဆိုရင် 80Ah/4h=20A x 12V=240Wအနီးစပ်ဆုံး 300W Solar ဝယ်ပါ။

အချုပ်ပြောရရင်-

စုစုပေါင်း 171Wကို ၄ နာရီကြာအသုံးပြုဖို့အတွက်

Solar – 300W

Battery – 80Ah

Inverter – 300W လိုပါမယ်။

Crd

Ko Kyaw Some