News

“ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပေမယ့် . .ဘုရား သားတော်ဆိုသူတွေကို တဖြည်းဖြည်း ယုံကြည်မှု ကင်းမဲ့လာတဲ့ ယနေ့ခေတ် အခြေအနေ”

Tain Htut Khaung

အခုနောက်ပိုင်း ဗုဒ္ဓကိုယုံကြည်ပေမဲ့ ဘုန်းကြီးတွေကို ယုံကြည်မှုအားနည်းလာတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။

ဘုန်းကြီးတိုင်းကို မဆိုလိုပေမဲ့ ကျနော်ကြုံဖူးတဲ့ ဘုန်းကြီးတွေကတော့ ကြည်ညိုစရာ တကွက်မှ ရှာမတွေ့ဘူး။ တခါတခါ လက်အုပ်ချီနေပေမဲ့ စိတ်ကမပါဘူး။

ပြဿနာရဲ့အစက တရွာလုံးနဲ့တယောက်အတိုက်အခံလုပ်ပြီး ရွာကိုစော်ကားခဲ့တဲ့ ဘုန်းကြီးတပါးကစခဲ့တာလို့ပြောရမယ်။

နောက်တော့ မိန်းမပွေတဲ့ ဘုန်းကြီး ၊ ဒါယကာ/ ဒါယိကာမ တွေက လှူဒါန်းတာမှန်သမျှ မိသားစုကို ထောက်ပံ့တဲ့ ဘုန်းကြီး ၊ ဒါယကာ/ဒါယိကာ

မတွေဆီက ရသမျှအလှူခံပြီး တခမ်းတနားနေတတ်တဲ့ဘုန်းကြီး ၊ လူပျိုတွေ ရှုံးလောက်အောင် နေထိုင်တတ်တဲ့ ဘုန်းကြီးသူဌေး ၊ အရက်သေ

စာသောက်စားမူးယစ်တဲ့ ဘုန်းကြီး စတဲ့ စတဲ့ ဘုန်းကြီးတွေကို မြင်နေတွေ့နေရတော့ ကြည်ညိုစိတ်က ဖမ်းလို့ကိုမရဘူး။

ဘုရားဟောတဲ့ တရားထူး၊တရားမြတ်တွေကို ဟောကြားရမဲ့အစား လောကီအရှုပ်တွေထဲ ဝင်ရောက်တဲ့ဘုန်းကြီးတွေကြောင့် ဘုန်းကြီးေ

ကျာင်းတွေဟာ ကျနော်တို့နဲ့ ဝေးလာကြတယ်။ လူမြင်တာနဲ့ ဓားပြတိုက်သလို အလှူခံတတ်တဲ့ ဘုန်းကြီးတွေက ကျောင်းတိုက်ကြီး တစ်တိုက်ပြီး တစ်တို

က်ဆောက်ချင်သတဲ့။

လက်ရှိစီးနေတဲ့ကားက ရိုးလာလို့ ကားအသစ်ပြောင်းစီးချင်သတဲ့ ။ မနှစ်ကဆောက်ထားတဲ့ တံတိုင်းတွေက မကောင်းလို့ နောက်ထပ်တံတိုင်းတွေ ဆောက်ချင်သတဲ့

။ ဘုရားတစ်ဆူကနေ နောက်တစ်ဆူတည်ချင်သတဲ့ ။ နဂါးရုံဘုရားကြီးလည်း ဆောက်ချင်သတဲ့။ တစ်ပါးတည်းသီးသန့်နေချင်လို့ ကျောင်းဆောင်အလှူခံသတဲ့ ။

သြော်…လူကြားကောင်းအောင် ပဌာန်းရွတ်ပြီး ပဌာန်းရွတ်မှ ပဌာန်းငါးကျမ်း သူများကျောင်းဆီက သွားငှားကြသတဲ့ ။

သာရေး၊နာရေးရှိလို့ ဝတ္ထုငါးထောင်ကပ်ရင် ဆီခရှုံးသတဲ့။ သင်္ကန်းတောင် အနည်းဆုံး ခုနစ်သောင်းတန်မှ ရုံချင်သတဲ့ ။ တရားမဟောတတ်တဲ့ ဘုန်းကြီးက

လက်ထဲကိုင်နေတာ သိန်းအစိတ်တန်ဖုန်းတဲ့ ။

ဒီလိုဒီလိုတွေ မြင်နေ၊ကြားနေရတော့ ဘုန်းကြီးကျောင်းဟာ ကျနော်တို့နဲ့ဝေးလာတယ်။ အချို့တွေက ဘုန်းကြီးဆွမ်းမကပ်ချင်လို့ ညနေဘက်မှာ

ထမင်းကျွေး၊ကြာဇံတိုက်၊မုန့်ဟင်းခါးတိုက်ကြသတဲ့ ။ အချို့က ဘုန်းကြီးကျောင်းကို မလှူရဘူးတဲ့ ။ ဒီလိုနဲ့ ဥပုသ်နေ့မှာ ဥပုသ်စောင့်သူမ

ရှိတော့တာ ဒါယကာ/ဒါယိကာမတွေရဲ့ အပြစ်လို့တော့ မဆိုသာဘူး။

ဘုန်းကြီးကျောင်းက လုပ်အားပေးခေါ်ရင် လူမရှိတော့တာ ဒါယကာ၊ဒါယိကာမတွေရဲ့ အပြစ်တော့မဟုတ်လောက်ဘူး။ ဟိုအရင်က ဘုန်းကြီးတွေ အိမ်ကြွလာရင် တအိမ်လုံးလာကြပြီး နေရာခင်းကျင်း၊ ဝတ်ကြီးဝတ်ငယ်ပြု ၊ အအေးကပ်ကြတာ။ အခုနောက်ပိုင်း အိမ်မှာ မိန်းမပျိုလေးတွေရှိရင် ဘုန်းကြီးအိမ်လာရင် မကြိုက်တော့ဘူး။ ထပ်ခါထပ်ခါကြွလာနေရင်တော့လည်း ဘီလူးဆိုင်းတီးပစ်ချင်တော့တာပဲ။

အခုနောက်ပိုင်း ခံယူချက်တွေပြောင်းလာတယ်။ ပိုနေတဲ့ ဘုန်းကြီးကျောင်းတွေ ကို လှူမဲ့အစား စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတွေကို ထောက်ပံ့မယ်။ တတ်နိုင်ရင် တစ်ရွာလုံးကို အာဟာရတိုက်မယ်။(ဒါက သာမန်မိသားစုတွေရဲ့ ထမင်းတနှပ်ကိုတာဝန်ယူပေးတာနဲ့ အတူတူပဲ။) ရွာထဲမှာ လမ်းတွေပြင်စရာရှိရင်ပြင်မယ်။ ကျေးရွာ လူငယ်တွေအတွက် စာဖတ်ရှိန်မြှင့်တင်ရေးတွေလုပ်မယ်။ အကျိုးရှိမဲ့အရာမှန်သမျှ လုပ်မယ်။

ဘာသာရေးအတွက် အစွန်းမရောက်တဲ့ ခံယူချက်နဲ့ ဓမ္မနည်းလမ်းကျတဲ့ ဗုဒ္ဓရဲ့ အကျင့်အကြံတွေကို ဘုန်းကြီးတွေက လမ်းပြမပေးနိုင်ရင် ပါချုပ်ဆရာတော်ကြီးရဲ့ တရားတွေနာမယ်။ တရားစာအုပ်တွေဖတ်မယ်။လေ့လာမယ်။ အနည်းဆုံးတော့ အရေခြုံဘုန်းကြီးတွေရဲ့ အလိမ်အညာ၊ အလှည့်အပတ်ကို မခံရတော့ဘူးပေါ့လေ။

တရားတွေနာတယ်၊ တရားစာတွေဖတ်တယ် ၊ လူမြင်ကောင်းအောင်ဥပုသ်မစောင့်ဘူး ။ လောဘ၊ဒေါသ၊မောဟတွေကင်းအောင်နေပြီး အနည်းဆုံးတော့ ငါးပါးသီလ လုံခြုံအောင်နေမယ်။ နိဗ္ဗာန်မရခင်စပ်ကြားတော့ လူကောင်းတယောက်လို နေထိုင်ချင်တယ်။ ။

၁ ၊ ၃ ၊ ၂၀၂၂