News

“ပြည်သူတွေ ပျက်စီးရာ လမ်းကြောင်းကို တွန်းပို့နေတဲ့ တခေတ်ဆန်းလာသည့် (၅၀) ကျပ်တန် ကံစမ်းမဲ..”

ကံစမ်းမဲ ကစားနည်းတစ်မျိုး ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ရပ်ကွက်များအတွင်း တစ်ခေတ်ဆန်းလာနေသည်။ ၅ ထပ်ပြားပျဥ်ချပ်ပေါ်တွင် လူသုံးကုန်ပစ္စည်း ၁၂ မျိုးခန့် ချိတ်ဆွဲပြ၍ မက်လုံးပေး ရောင်းချခြင်းဖြစ်ပြီး မဲတစ်ပြားကို ၅၀ ကျပ် ဖြင့် ကံစမ်းကြရသည်။ သထုံမြို့နယ်ဘက်က ပြုလုပ်ပြီး ထိုကံစမ်း မဲတစ်ခုကို ကျပ်တစ်သိန်းခွဲ တန်ဘိုးသတ်မှတ် ဝယ်ယူရကြောင်း ကော်မရှင်စားတစ်ဦးထံ မေးမြန်းသိရသည်။

မဲပြားအခုရေ ၃၀၀၀ ပါကြောင်း သိရသည်။ မဲအားလုံးရောင်းလို့ကုန်ပါက ကော်မရှင် ခ ကျပ် ၃၀၀၀၀ ပေးသည်ဟု အဆိုပါ ကံစမ်း မဲကော်မရှင်စားတစ်ဦးက ရှင်းပြပြောဆိုသည်။ ကံစမ်းမဲ ပျဥ်ချပ်ပေါ်တွင် ဆပ်ပြာမှုန့်၊ အချိုရည်၊ စားအုန်းဆီ များပါဝင်သည်ကို တွေ့ရပြီး ဆုမဲတန်ဘိုးမှာ ကျပ် ၄ ထောင်မှ ကျပ် ၈ ထောင်ခန့်သာ တန်ဘိုးရှိသည့်ပစ္စည်းများကို မဲဖောက်ပေးခြင်းဖြစ်သည်။ မဲတစ်ခုကို ၅၀ ကျပ်ဖြင့် ဝယ်ယူကံစမ်းကြရခြင်း ဖြစ်သော်လည်း မဲ ပြား ၃၀၀၀ မှ ပစ္စည်း ၁၂ ခုသာ ပေါက်နိုင်သည်ဖြစ်ရာ လောဘစိတ်ကြောင့် မိမိ၏ ငွေကြေးအရှုံးကသာ ပိုများနိုင်သည့် အခြေအနေ ဖြစ်နေသည်။

အဲ့လိုလောင်းကစားဝိုင်းသေးသေးတွေနဲ့ ကြီးကြီးတွေကို တရားဝင်ခွင့်ပြုနေခြင်းက ပြည်သူတွေ ပျက်စီးရာလမ်းကြောင်းကို တွန်းပို့ခြင်းပါပဲ။ နောက်ပြီး ဖမ်းချင်သလို ဖမ်းကြဦးမယ် အဲ့အခါ ပြည်သူတွေပဲအထိနာမှာပါ ဒါကိုသိထားပါ။

ကြက်ဝိုင်း ဖဲဝိုင်း လေးကောင်ဂျင် အန်ဂလုံ စသဖြင့် အဲ့လိုတွေကို ရဲဆိုတဲ့ကောင်တွေနဲ့ ဒလန်သတင်းပေးတွေက ဘယ်နေရာမှာရှိတာအကုန်သိ ပေါင်းပြီး စားနေကြတာ နှစ်ပေါင်းကြာခဲ့ပြီ။ ပြည်သူ့မျက်နှာကိုမှမကြည့် ငွေရရင် ဘာမဆိုလိုပ်တဲ့ ဟိုဟာမ အဆင့်လောက်တောင်မရှိတော့တာ အခုမှ မဟုတ်။ ပြည်သူတွေသတိထားပါ။ နေရာတိုင်း မြို့တိုင်းမှာတွေ့နေရပါတယ်။

ဖမ်းခံထိလို့ ငွေနဲ့ဖြေရှင်းရပေါင်းလည်း များခဲ့ပြီလို့.. ပြောသူကပြောပေါ့။ ဒါတောင် အမှတ်မရှိကြတော့ဘူးလား။ လောင်းကစားဆိုတာက သေးသေးကြီးကြီး ဘယ်ဟာမှမကောင်းပါ။ ခွေးစာ သွားမကျွေးကြပါနဲ့ ပြည်သူတို့။