News

“တိုင်းပြည်ပျက်နေပြီဆိုတာ ဒါမျိုးက သက်သေဘဲ. . .တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ မန္တလေးရဲ့ ၄၁ လမ်းစျေး”

တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ မန္တလေးရဲ့ ၄၁ လမ်းစျေး.👎👎👎

တိုင်းပြည်ပျက်နေပြီဆိုတာ ဒါမျိုးက သက်သေဘဲ….

၄၁ လမ်းစျေးဆိုတာ ညနေ ဆို လူတော်တော်စည်တဲ့နေရာမျိုးပါ…

စျေးသည်တွေရော…စျေးဝယ်တွေရော…စည်လွန်းလို့ကားကိုတောင် တစ်လှိမ့်ချင်းလှိမ့်နေရတဲ့ နေရာမျိုး….

အဲ့နားက လာသမျှကားတွေကို လူအုပ်စုလိုက် ကားထဲပါလာတဲ့ ပစ္စည်းတွေကို လုယက်နေတာ……

ဒီနေ့ မြင်းခြံကနေ အပြန် ကားနောက်မှာ ဆေးလိပ်ပိုတွေတင်ပြီး ပြန်လာတော့…၄၁ လမ်းစျေးနား ကားကို တစ်လှိမ့်ချင်းလှိမ့်နေတဲ့ အချိန်… ဘေးကနေ ဆိုင်ကယ်နဲ့ အကိုတစ်ယောက်က နောက်က ဆေးလိပ်ပိုတွေ ဆွဲချနေပြီလို့ပြောတော့ ကြောင်သွားတာ….

ကြိုးလဲ သေချာ တုတ်ခဲ့ပါတယ်ဆိုပြီး….

အဲ့နဲ့ ချက်ချင်း ကားအောက်ကို ဆင်းကြည့်လိုက်တော့..ကြိုးတွေကို ဓားနဲ့ ဖျက်ပြီး ဆေးလိပ်ပို ၃ ပို ထမ်းပြေးသွားတာ လိုက်တဲ့အချိန် တစ်ပိုက မိလိုက်တယ်….

ကျန်နှစ်ပို ကတော့ ထမ်းပြီး ပြေးသွားတာ….အဲ့နားက လူတွေကလဲ အော်လဲ မအော်ကြဘူး….😢အဲ့တာထက်ကို… ကျကျန်ခဲ့တဲ့ ဆေးလိပ်ပိုထဲကဟိုဘက်ကို လိုက်နေတုန်း အကုန်တစ်ယောက်တစ်စီးစီဝိုင်းယူကြတာကို အံ့သြလို့ မဆုံးပါဘူး….

ကူညီမဲ့သူမရှိဘဲ…. ဝိုင်းသမမဲ့ သူတွေချည်းပါပဲ…လိုက်သွားတော့လဲ… မတွေ့မိဘူးချည်း.. ဝိုင်းဖြေကြတာပါပဲ….

ထပ်လိုက်သွားရင်လဲ…အုပ်စုလိုက်ရိုက်လို့သေမှာတဲ့😣နောက်ထပ် ကားတစ်စီးကလဲ ဆီပုံးအပြည့်တင်လာတာလူအယောက် ၂၀ လောက် ကားပေါ်ပြေးတက်လာပြီးတစ်ယောက်တစ်ပုံးစီ ယူဆွဲပြီး ပြေးကြတာ…..

ကားတစ်စီး လုံး တစ်ဝက်ဘဲ ကျန်ပါတော့တယ်….ငှားလာတဲ့ကားဆို ဆီပုံးတွေ အကုန်လျော်ပေးရမှာအသေအချာပါပဲ………

နောက်ထပ်ကားတွေလဲ အာ့လို လုပ်နေကြတာပါပဲ……အဲ့လိုလုပ်နေတာ ကြာနေပြီတဲ့……..အဲ့နားက လာသမျှ ကားတွေကို အဲ့လိုလုပ်နေတာမို့…အဲ့ဘက်ကို သွားရင် သတိထားဖို့လာပြောပေးတာပါ…

ဒီနေ့ ၅သိန်း လောက် ဆုံးရှုံးခဲ့ပါတယ်…..ကိုယ်တိုင်တွေ့ကြုံခဲ့တာမို့….လူတွေ အများကြီးလဲ ရှိတယ်….

လင်းထိန်နေတဲ့ အချိန်လဲ ဟုတ်တယ်….

ဒါမဲ့….အဲ့လိုလုပ်နေကြတာ အံ့သြလို့ မဆုံးဘူး 😡😡

လူမထိခိုက်မိတာဘဲ တော်ပါသေးရဲ့…….

အားလုံး အသွားအလာ ဂရုစိုက်ကြပါ…..😢😢

Supergirl Etkk