News

“ရုရှားစစ်သားလေး မသေခင် သူ့အမေဆီနောက်ဆုံးပို့ခဲ့တဲ့ စာ”

ခေတ်သစ် “စစ်နဲ့ငြိမ်းချမ်းရေး” War and Peace” ဇာတ်လမ်း

ရုရှားစစ်သားလေးမသေခင် သူ့အမေဆီနောက်ဆုံးပို့ခဲ့တဲ့မက်ဆေ့ကိုဖတ်ကြည့်ကြပါ။

“သား – LESHA, မင်းဘာလို့ အချိန်အကြာကြီးမက်ဆေ့မပြန်တာလဲ မင်းစစ်လေ့ကျင့်ခန်းတွေဆင်းနေရလို့လား?

‘Mama, I’m no longer in Crimea,’ ‘I’m not in training sessions.’

“အမေ … ကျနော်ခရိုင်းမီးယားမှာမဟုတ်တော့ဘူးအမေ။ ကျနော်စစ်လေ့ကျင့်ခန်းတွေ မဆင်းရတော့ဘူး။”

‘Where are you then? Papa is asking whether I can send you a parcel.’

“ဒါဆိုသားအခုဘယ်မှာလဲ? သားအဖေကမေးနေတယ် … သားဆီပါဆယ်ထုပ်ပို့ပေးလို့ရမလားတဲ့။”

‘What parcel mama ? I want to die now,’

“ဘာပါဆယ်လဲအမေ? ကျနော်တေတော့မှာဗျ။”

‘What are you talking about? What happened?’

“သား … မင်းဘာတွေပြောနေတာလဲ? ဘာဖြစ်နေတာလဲ?”

‘Mama, I’m in Ukraine,’

“အမေ … ကျနော်ယူကရိန်းရောက်နေတာဗျ”

‘There is a real war raging here. I’m afraid. We are bombing all of the cities together, even targeting civilians.

“ဒီမှာတကယ်စစ်ဖြစ်နေတာဗျ။ ကျနော်ကြောက်တယ်အမေ။ ကျနော်တို့ မြို့ပြတွေကိုဗုံးတွေကြဲချနေတယ်။ အရပ်သားတွေကိုတောင်ပစ်မှတ်ထားနေတယ် အမေ။”

‘We were told that they would welcome us and they are falling under our armored vehicles, throwing themselves under the wheels and not allowing us to pass.”

“ကျနော်တို့ကိုပြောတုန်းက ကျနော်တို့ကိုကြိုဆိုကြမှာတဲ့။ အခုတော့သူတို့တွေကသံချပ်ကာကားအောက်စတေးခံပြီးပစ်ဝင်ကြတယ်။ ဘီးအောက်ပစ်ဝင်ပြီး ကျနော်တို့ကိုပေးမသွားကြဘူး။”

‘They call us fascists. Mama. This is so hard.’

“သူတို့က ကျနော်တို့ကို ဖက်ဆစ်တွေလို့ခေါ်ကြတယ် မာမား။ ရေလည်ခံစားရတယ်ဗျာ။”

ဤစစ်သားလေးသည် ဖက်ဆစ်တစ်ကောင်အဖြစ်အခေါ်ခံရရင်း တိုက်ပွဲမှာသေဆုံးသွားပါတယ်။

အခုအချိန်အထိ ယူကရိန်းကိုအရှေ့ဘက်ရုရှားနယ်မြေတွေကရော၊ မြောက်ဘက် ဘီလာရုစ်ဘက်ကရော၊ တောင်ဘက်ပင်လယ်နက်နဲ့ခရိုင်းမီးယားဘက်ကရော၊

အနောက်ဘက်မော်တိုဗာဘက်ကရော အဖက်ဖက်ကနေ လက်နက်အင်အားလူအင်အားအလုံးအရင်းနဲ့ ညှပ်ချနေပေမဲ့ ယူကရိန်းရဲ့အစိတ်အပိုင်းအနည်းငယ်သာသိမ်းပိုက်နိုင်သေးပါတယ်။

အခုထိရုရှားစစ်သားတွေသေဆုံးမှု အနည်းဆုံး (၅၀၀၀) ကျော်ရှိသွားပြီလို့ဆိုပါတယ်။

“War and Peace” စာအုပ်ကိုရေးခဲ့တဲ့ လီယိုတော်စတွိုင်းသာရှိရင် ဘာပြောလိမ့်မလဲလို့ တွေးမိပါကြောင်း။

Richard Myo Thant

1-March-2022