News

“ယူကရိန်းမြို့တော် ကိဖ်ဆီကို ချီတက်လာတဲ့ မိုင်၄၀ ခန့် ရှည်လျားတဲ့ ရုရှ စစ်ယာဉ်တန်း နှင့် စစ်ပွဲနောက်ဆုံး အခြေအနေ”

ဂြိုလ်တုဓါတ်ပုံများအရ မိုင်၄၀ ခန့် ရှည်လျားတဲ့ ရုရှ စစ်ယာဉ်တန်းဟာ ယူကရိန်းမြို့တော် ကိဖ် အပြင်ဖက်မိုင်၂၀ အတွင်း ရောက်နေပြီးပတ်ပတ်လည် ဝိုင်းထားကြောင်း နဲ့ မြို့တော်ကို စသိမ်းပါက တရက်မှလေးရက်အတွင်း ကျဆုံးသွားနိုင်ကြောင်းသိရပါတယ်။

ယူကရိန်း-ရုရှ ဆွေးနွေးပွဲ ထပ်မံဆုံတွေ့ရန် ချိန်းဆိုပြီး ရလာဒ်မရှိပဲပြီးဆုံးသွားပါတယ်။

ယူကရိန်းဟာ ဘယ်လောက်ပဲ တောင့်ခံနိုင်နိုင် ယူကရိန်းအပြင်မှ ရှိနေသေးတဲ့ ရုရှတပ်တွေ ထပ်ဝင်လာရင်ဒုတိယလှိုင်း နဲ့ အခြေအနေဆိုးသွားနိုင်ပါတယ်။ တကယ့် အရှိတရားက ယူကရိန်း စစ်တပ်ဟာ ရုရှ နဲ့ယှဉ်ရင် အလွန်အင်အား သေးငယ်တာပဲ ဖြစ်တယ်လို့ဆိုပါတယ်။

စီးပွားပိတ်ဆို့မှု အပြင်းအထန်ခံနေရတာရယ်၊ ရုရှငွေတန်ဖိုး ပြုတ်ကျတာရယ်၊ စစ်ပွဲဟာခင်းထားသလို ဖြစ်နေတာရယ် အခြေအနေတွေပေါင်းစပ်ပြီး ပူတင်ရဲ့ စိတ်အခြေအနေ ပုံမှန်မဖြစ်ပဲ ဆုံးဖြတ်ချက် အလွဲတွေချလို့ ကမ္ဘာကြီး စစ်ဘေးဒုက္ခ ပိုနက်ရှိုင်းလာမှာလည်း စိုးရိမ်နေကြပါတယ်။

ပူတင်ဟာ ကိုဗစ်ကြောင့် လူတွေနဲ့ဆက်ဆံမှု ဖြတ်ထားတယ်၊ သူ့အကြံပေးတွေ အစိုးရအဖွဲ့တွေနဲ့ မတွေ့ဘူး၊ သူ့ဘေးမှာ သူ့ရဲ့လက်ထောက်တွေပဲ ရှိတယ်လို့ ဆိုပါတယ်။

ICC တရားရုံးက ရုရှရဲ့ ယူကရိန်းအပေါ်ကျုးကျော်မှု ကို တရားစွဲဆိုနိုင်ခြင်း ရှိ မရှိ စတင်စုံစမ်းမယ်လို့ ဆိုပါတယ်။

ရုရှဟာ ပတ်ဝန်းကျင်မှ အောက်စီဂျင်ကို ဖြတ်တောက်ပစ်တဲ့ တားမြစ်ဗုံး Vacuum bomb တွေသုံးတယ်လို့ ယူကရိန်းက စွပ်စွဲပါတယ်။

အမေရိကန်နိုင်ငံက ရုရှသံတမန် ၁၂ ယောက်ကို ပြည်နှင်ဒဏ်ပေးပါတယ်။

ရုရှ ဘီလီယံနာ သူဌေးများ၏ ကိုယ်ပိုင်လေယာဉ်များ ဘယ်နိုင်ငတွေဆီ ပျံသန်းနေတယ်ဆိုတာ တွတ်တာ လူမှုကွန်ယက် မှာ ဖေါ်ပြနေပါတယ်။

ဓါတ်ပုံ၊ internet. မြို့တောင်အပြင်ဖက်မှ ရုရှ ယာဉ်တန်း။

Credit

Ko Kyaw Swa Min