News

“သူ့အိမ်လေးဖျက်သွားတာကို သားသားကတော့လက်ခံသွားပါပြီ ကြွေပြားလေးမလာပြီး မေမေဒါလေးသယ်ဦးမလားတဲ့…😢”

27.2.2022 မနက် သံယောဇဥ်မပျက်တော့ရောက်ခဲ့ရပြီ

အကိုတွေ အမတွေအိမ်တွေပါ မကျန်တော့ ဘယ်မှမှီခိုစရာမရှိပေါ့…အကိုနဲ့အမ မိသားစု ၂ စုကတော့ကလေး ၅ ယောက်နဲ့ မနေ့ညက လမ်းဘေးမှာပဲအိပ်ခဲ့ရတယ်…😓😥 လမ်းမကြီးအဝင်ဘက်က ဦးလေးအိမ်ကတော့ ဘာမှကိုကောင်းကောင်းသယ်ချိန်မရခဲ့ဘူး ပစ္စည်းသယ်ဖို့ ၁ နာရီပဲအချိန်ရခဲ့တယ်လေ…😖

28.2.2022 မမြင်ချင်တော့တဲ့ မြင်ကွင်းစီသို့…

သူ့အိမ်လေးဖျက်သွားတာကို သားသားကတော့လက်ခံသွားပါပြီ ကြွေပြားလေးမလာပြီး မေမေဒါလေးသယ်ဦးမလားတဲ့…😢 ကျွန်တော်ငိုရပြန်ပြီလေ သားသားကိုတော့နှစ်သိမ့်ထားတယ် သားအိမ်လေးကသိပ်မကောင်းလို့ဖျက်လိုက်တာ

မေမေအိမ်သစ်လေးဝယ်ပေးမယ်ပြောထားတော့ အိမ်ငှားလိုက်ရှာတဲ့တစ်ချိန်လုံး မေမေအိမ်သစ်ဝယ်ပေးတော့မှာလားပဲမေးနေတော့ အကျိုးအကြောင်းသိတဲ့တစ်ချို့အိမ်ရှင်တွေဆို သားလေးကြည့်ပြီးမျက်ရည်တောင်ဝဲတယ် ကျွန်တော့်မျက်ဝန်းတွေကတော့ သိပ်အသားမကျသေးဘူးထင်ရဲ့

မိသားစုအိပ်ခန်းလေးထဲက အိပ်ယာလေးကိုမြင်ရနိုးနဲ့ ရှာနေမိရဲ့ နေ့စဥ်ရုံးတတ်လှုပ်ရှားသွားလာနိုင်ဖို့ချက်ပြုတ်ခဲ့တဲ့မီးဖိုးဆောင်လေးကြည့်လိုက် ရုံးမသွားခင်ဆွဲပိတ်ခဲ့ရတဲ့တံခါးလေးကိုရှာလိုက်နဲ့ လက်ရှိတော့ကျွန်တော့်စိတ်တွေအဆင်ပြေအောင်အဆင်သင့်ဖြစ်အောင်ကြိုးစားနေပါတယ် တစ်ရပ်ကွက်လုံးနဲ့ ကျွန်တော်တို့မိသားစုလေးကိုစိတ်ပူပေး သတင်းမေး တတ်နိုင်တာလေးကူညီပေးနေတဲ့သူအားလုံး ကျေးဇူးတင်ပါတယ်

ကျွန်တော့်မျက်ဝန်းကတစ်ဆင့် အိုးအိမ်မဲ့ဖြစ်သွားတဲ့မိသားစုတိုင်းရဲ့ ခံစားချက်တွေ ခဗျားတို့မြင်ပါစေဗျာ…

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရဲဘော်ကွက်သစ်ရှိနေအိမ်များကို စကစ က ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်က မိသားစုလေးရဲ့ ခံစားချက်တွေပါ

Yi Yi Win