အဖိုး…တစ်ညလုံး အိပ်မရဘူး…သား လာခေါ်တာ ထိုင်စောင့်နေတာ
အဖိုး ဦးဇော်မင်း အသက် (၇၀)နှစ်အား… လမ်းဘေး ဂုံးကျော်တံတားမှာ…ခြင်တောထဲ အိပ်ရတဲ့ ဘဝမှလုံခြုံနွေးထွေးတဲ့ ကုတင်ပေါ်မှာအိပ်စက်ရတဲ့အမေ့အိမ် ဘိုးဘွားရိပ်သာသို့…အဖိုးကို ပို့ဆောင်ပေးခဲ့ပါတယ်
အဖိုး လိုအင်ဆန္ဒတွေလဲ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ…အဖိုးအတွက်လဲ လိုအပ်သည်များ လှူဒါန်းပေးခဲ့ပါတယ်
အဖိုးမှ…သား လာမှ လာပါ့မလား…အဖိုး တညလုံး အိပ်မရဘူး…သားကို မျှော်နေတာ…သား အဖိုးကို ကယ်ပေးပါနော်။ အဲ့စကားလေးက ရင်ထဲ အရမ်း ခံစားရတာပဲဗျာ။
အဖိုး အမရဲ့ တောင်ငူ လိပ်စာအား အတိအကျ မသိရသဖြင့်…အဖိုးမှ ရိပ်သာသို့ သွားဖို့ဆုံးဖြတ်သဖြင့်…အဖိုးအား ရိပ်သာသို့ ပို့ဆောင်ပေးခဲ့ပါသည်။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးခဲ့သော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ
ဪ…ကျနော်အား…အားကိုးတကြီး မျှော်နေသော အဖိုးကို မြင်ရတာ…ဝမ်းနည်း ဝမ်းသာ ခံစားရတယ်…ဒီထပ်မကလဲ ကူညီနိုင်သူ ဖြစ်ရပါစေ။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါကကိုပူတူးနှင့်ဘော်ဒါများ
Zawgyi
crd