ဗဟုသုတ

ဘိလပ်မြေဖျော်စက်ကို အဝတ်လျှော်စက်အနေနဲ့ အမြဲအသုံးပြုလေ့ရှိတဲ့ ဆောက်လုပ်ရေးလုပ်သားများ

ဘိလပ်မြေဖျော်စက်ကို အဝတ်လျှော်စက်အနေနဲ့ အမြဲအသုံးပြုလေ့ရှိတဲ့ ဆောက်လုပ်ရေးလုပ်သားများ (ရုပ်သံ)

ဒီတစ်ခေါက်ဖော်ပြမဲ့ဖိလစ်ပိုင်နိုင်ငံက ဆောက်လုပ်ရေးဝန်ထမ်းတွေကတော့ ဘိလပ်မြေဖျော်စက်ကို အခြားနေရာမှာ ပါအသုံးဝင်အောင်ပြုလုပ်ခဲ့ကြပါတယ် ။ဆောက် လုပ်ရေးလုပ်သားများအနေနဲ့ တစ်နေကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရပြီးညနေခင်းအချိန်တွေမှာကိုယ့်ရဲ့အဝတ်အစားတွေကိုပါပင်ပင်ပန်းပန်းလျှော်ဖွတ်နေကြရတာပါ ။ဒါကြောင့်အလုပ်သမားတွေဟာမပင်ပန်စေမဲ့နည်းလမ်းကိုရှာဖွေကြရင်း နောက်ဆုံးဘိလပ်မြေဖျော်စက်ကို အဝတ်လျှော်စက်အနေနဲ့ အသုံးပြုဖို့ အကြံရလာခဲ့ပါတယ် ။

ဘိလပ်မြေဖျော်စက်ထဲ အဝတ်တွေပစ်ထည့်ပြီး ဆပ်ပြာမှုန့်ဖောက်ထည့်ကာ ရေပိုက်လေးနဲ့ရေတွေကိုလောင်းထည့်ပေးနေခဲ့တာပါ ။ပင်ပန်းမှုတွေ အနည်းငယ်သက်သာလို့ ပျော်ရွှင်စွာ အဝတ်လျှော်နေကြတဲ့ အလုပ်သမားတွေရဲ့ပုံစံကို video ထဲမှာ တွေ့ရှိကြရမှာပါ ။

#3

#4

crd