Local News

အောင်မြင်မှုကို ပြသရန် မျှော်လင့်ချက်ဖြင့် ဖခင်ရဲ့ အုတ်ဂူဆီကို ဆုဖလားကိုင်ဆောင်ပြီး လာရောက်ခဲ့တဲ့ ကလေးငယ်

ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးရတာက လက်ခံဖို့ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုကို ဆုံးရှုံးရတာက ပိုလို့တောင်ခက်ခဲပါတယ် ။ တစ်ခါတလေ ကလေးတွေက အပြစ်ကင်းစင်လွန်းပါတယ် ။ ကွယ်လွန်သွားတဲ့သူကိုအသက်ရှင်နေသေးတယ်ဆုပြီး ထင်ကြလို့ပါ ။ဒီမလေးရှားကလေးမလေးလိုပါပဲ သူမရဲ့ အပြုအမူကြောင့် အင်တာနက်သုံးစွဲသူများ မျက်ရည်ကျခဲ့ရပါတယ် ။

Tiktok အသုံးပြုသူ @ustazahnurul.K_k က မလေးရှားနိုင်ငံ Selangor မှ ကွယ်လွန်သွားတဲ့ ဖခင်ကို ဆုဖလားများ ကိုင်ဆောင်ထားတဲ့ သမီးငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို လွှင့်တင်ခဲ့တာပါ ။ ဗီဒီယိုထဲမှာ ကလေးလေးက ဆုဖလားတွေ၊ ရောင်စုံစာအုပ်တွေ၊ ခဲတံတွေ ပိုက်ထားတာကို တွေ့ပါတယ် ။ထို့နောက် ဆုဖလားကို ဖခင်ရဲ့အုတ်ဂူမှာ ထားရှိခဲ့ပါတယ် ။ ကလေးလေးရဲ့အဖေဟာ ပြီးခဲ့တဲ့နှစ် မတ်လမှာ ဆုံးပါးသွားခဲ့တာပါ ။ ကလေးလေးဟာ အဖေ့ရဲ့အုတ်ဂူဆီကို အမြဲလာရောက်ပြီး သူ့အဖေအတွက် ဆုတောင်းပေးလေ့ရှိပါတယ် ။

Reference : khaosod

Zawgyi

ကိုယ္ခ်စ္ရတဲ့သူကို ဆုံးရႈံးရတာက လက္ခံဖို႔ လြယ္တဲ့ ကိစၥေတာ့ မဟုတ္ပါဘူး ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မိသားစုကို ဆုံးရႈံးရတာက ပိုလို႔ေတာင္ခက္ခဲပါတယ္ ။ တစ္ခါတေလ ကေလးေတြက အျပစ္ကင္းစင္လြန္းပါတယ္ ။ ကြယ္လြန္သြားတဲ့သူကို အသက္ရွင္ေနေသးတယ္ဆုၿပီး ထင္ၾကလို႔ပါ ။ ဒီမေလးရွားကေလးမေလးလိုပါပဲ သူမရဲ႕ အျပဳအမူေၾကာင့္ အင္တာနက္သုံးစြဲသူမ်ား မ်က္ရည္က်ခဲ့ရပါတယ္ ။

Tiktok အသုံးျပဳသူ @ustazahnurul.K_k က မေလးရွားႏိုင္ငံ Selangor မွ ကြယ္လြန္သြားတဲ့ ဖခင္ကို ဆုဖလားမ်ား ကိုင္ေဆာင္ထားတဲ့ သမီးငယ္တစ္ဦးရဲ႕ ဗီဒီယိုဖိုင္ကို လႊင့္တင္ခဲ့တာပါ ။ ဗီဒီယိုထဲမွာ ကေလးေလးက ဆုဖလားေတြ၊ ေရာင္စုံစာအုပ္ေတြ၊ ခဲတံေတြပိုက္ထားတာကို ေတြ႕ပါတယ္ ။

ထို႔ေနာက္ ဆုဖလားကို ဖခင္ရဲ႕အုတ္ဂူမွာ ထားရွိခဲ့ပါတယ္ ။ ကေလးေလးရဲ႕အေဖဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လမွာ ဆုံးပါးသြားခဲ့တာပါ ။ ကေလးေလးဟာ အေဖ့ရဲ႕အုတ္ဂူဆီကို အၿမဲလာေရာက္ၿပီး သူ႔အေဖအတြက္ ဆုေတာင္းေပးေလ့ရွိပါတယ္ ။

crd